Header AD

ကျပ် ၅၀ တန် ထီလက်မှတ် များ ထုတ်ရောင်းမည်ဟု စီမံဘဏ္ဍာဝန်ကြီး ဦးကျော်ဝင်း ပြောကြား

အခြေခံလူတန်းစားများ ထီထိုးနိုင်ရန် အစိုးရက ကျပ် ၅၀တန် ထီလက်မှတ် များကို ရောင်း ချမည်ဟု စီမံကိန်းနှင့် ဘ ဏ္ဍာရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန် ကြီး ဦးကျော်ဝင်းက ပြောသည်။
ဆုကြေးငွေ ကျပ်တစ်သိန်း သတ်မှတ်ထားပြီး တစ်ကြိမ်လျှင် ဆုမဲ နှစ်သောင်းခန့် ပါဝင်မည့် ကျပ် ၅၀ တန်ထီကို မိုဘိုင်း ဖုန်းများဖြင့် ချိတ်ဆက်ထိုးနိုင်ရန် စီစဉ်ထားသည်ဟု ပြည်ထောင်စုဝန် ကြီးက ပြောသည်။
‘‘သာမန် လူတန်းစားတွေ အတွက် စားဝတ်နေရေးကို အ ထောက်အပံ့ဖြစ်နိုင်တဲ့ ငွေပမာ ဏပါ။ ဆုမဲပေါက်ရင် တစ်လ တာ အဆင်ပြေနိုင်တာပေါ့’’ဟု ဧပြီ ၁၀ ရက်က မြန်မာနိုင်ငံ ကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင် များ အသင်းချုပ် တွင် ပြုလုပ်သောဒုတိယသမ္မတ ဦးမြင့်ဆွေနှင့် စီး ပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံ ပွဲ၌ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ပြောသည်။
ထို့အပြင် မြန်မာနိုင်ငံ တွင် ပထမဆုံးစတင်မည့် အီလက်ထ ရွန်နစ်ထီစနစ် (E-Lottery) သစ် ဖွင့်လှစ်ရန် ပြည်ပမှ ကျွမ်းကျင်ပညာရှင်များ ငှားရမ်းထား ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောသည်။
မြန်မာနိုင်ငံ ၌ ပထမဆုံး စတင်မည့် အီလက်ထရွန်နစ် ထီ စနစ်သစ်ဖွင့်လှစ်လုပ်ကိုင်မည့် ကုမ္ပဏီများကို ယခုနှစ်အတွင်း တင်ဒါခေါ်ယူ ရွေးချယ်မည်ဟု ပြည်တွင်းအခွန်များဦးစီးဌာန ညွှန် ကြားရေးမှူးချုပ် ဦးမင်းထွဋ်ကပြောကြားသည်။
ဒီချုပ်အစိုးရလက်ထက် ၂၀၁၇ ဧပြီ ၁ ရက်တွင် ပထမ ဆုံးဖွင့်လှစ်သည့် ကျပ်သိန်း တစ်သောင်းတန်အောင်ဘာလေ ထီလက်မှတ်များကို ကျပ် ၁၅ ဘီလီယံခန့်ဖြင့် စံချိန်တင်ရောင်း ချနိုင်ခဲ့သည်။
Credit : 7 Day Daily
ကျပ် ၅၀ တန် ထီလက်မှတ် များ ထုတ်ရောင်းမည်ဟု စီမံဘဏ္ဍာဝန်ကြီး ဦးကျော်ဝင်း ပြောကြား ကျပ် ၅၀ တန် ထီလက်မှတ် များ ထုတ်ရောင်းမည်ဟု စီမံဘဏ္ဍာဝန်ကြီး ဦးကျော်ဝင်း ပြောကြား Reviewed by Unknown on 2:30 AM Rating: 5

Post AD