မန္တလေးတောင်ခြေအဆင်း လုယက်မှု ကျူးလွန်သူကို စစ်ဆေးစဉ် လူသတ်မှုနှင့် မုဒိမ်းမှုများ ထပ်မံပေါ်ပေါက်
မန္တလေးတောင်ခြေ အဆင်းလမ်း ပတ္တမြားတောင်စေတီအနီးတွင် စကားရပ်ပြောနေသည့် သမီးရည်းစားစုံတွဲကို ဓားဖြင့် ခြိမ်းခြောက်၍ ပစ္စည်းလုယူသူ သည် လူသတ်မှု၊ မုဒိမ်းမှုနှင့် အခြားလုယက်မှုများ ကျူးလွန်ထားကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။
အောင်မြေသာစံမြို့နယ် မန္တလေးတောင်ခြေအဆင်းလမ်း ပတ္တမြားတောင်စေတီအနီးတွင် ဧပြီ ၆ ရက် နေ့လယ်က အသက် (၂၁)နှစ်အရွယ် အမျိုးသားနှင့် အမျိုးသမီးတို့ စကားပြောနေစဉ်ပြစ်မှုကျူးလွန်သူသည် ဓားကိုင် ခြိမ်းခြောက်၍ ရွှေထည်ပစ္စည်းများ လုယူသွားခြင်းဖြစ်သည်။ ၎င်းကို ဖမ်းဆီးရမိ၍ စစ်ဆေးရာမှ အခြားကျူးလွန်မှုများ ပေါ်ပေါက်ခဲ့ကြောင်း အမှတ်(၂) နယ်မြေရဲစခန်းမှ ရဲအုပ်ကံအောင်မြင့်က ပြောသည်။
ပြစ်မှုကျူးလွန်သူ (၂၄) နှစ်အရွယ် အမျိုးသားသည် ပြီးခဲ့သည့် ဇန်န၀ါရီက ပုသိမ်ကြီးမြို့နယ် GTC နည်းပညာတက္ကသိုလ်အရှေ့ဘက် လယ်ကွင်းတွင် ညအချိန် ချိန်းတွေ့နေသည့် သမီး ရည်းစားအတွဲမှ အမျိုးသားကို ဓားဖြင့်ခုတ်သတ်ပြီး အမျိုးသမီး အား မုဒိမ်းပြုကျင့်၍ ဖုန်း၊ ရွှေဆွဲ ကြိုးနှင့် SCOPY ဆိုင်ကယ်ကို လုယူထွက်ပြေးခဲ့ကြောင်း ၎င်းက ဆိုသည်။
‘‘ကျူးလွန်သူက တော်တော် လေးကို မိုက်ရိုင်းတယ်။ ကောင် လေးကို သတ်လိုက်ပြီး ကောင်မ လေးကို တခြားနေရာခေါ်သွားပြီး မုဒိမ်းကျင့်တယ်။ အမှုကလည်း ပုသိမ်ကြီးမှာ ဖွင့်ထားတယ်။ တောင်ခြေမှာမိတဲ့အကြောင်းကို အွန်လိုင်းမှာတင်လိုက်တော့ ပု သိမ်ကြီးမှာ အမှုဖွင့်ထားတဲ့ ကောင်မလေးက ဒါဟုတ်တယ်။ သူပဲဆိုပြီး ထပ်စစ်လိုက်တဲ့အချိန် သူကျူးလွန်ထားတဲ့အမှုတွေ ထပ် ပေါ်တာပါ’’ ဟု ရဲအုပ်ကံအောင် မြင့်က ဆိုသည်။
၎င်းသည် နည်းပညာတက္က သိုလ်ရှေ့ရှိ ခြောက်လမ်းသွားပေါ် မှ သမီးရည်းစားအတွဲထံမှ ဖုန်း နှစ်လုံးကို လုယူခဲ့မှုကို စစ်ဆေး ပေါ်ပေါက်ခဲ့သည်။အဓမ္မပြုကျင့်ခံရသူ အမျိုးသမီးကို စစ်ဆေးခဲ့ရာ ကျူးလွန်ခံရကြောင်း သက်သေနှင့်တကွ ပေါ်ပေါက်ခဲ့မှုကြောင့် လတ်တလောတွင် လူသတ်မှု ၃၀၂၊ မုဒိမ်းမှု ၃၇၆၊ ခြိမ်းခြောက်ပစ္စည်းလုယူမှု ပုဒ်မ ၃၉၂တို့ဖြင့် အမှုဖွင့်ပြီး ကျန်နေရာများတွင် ကျူးလွန်ထားမှု ရှိ၊မရှိနှင့်ပတ်သက်၍စစ်ဆေးပြီး ထပ်မံအမှုဖွင့်မည်ဖြစ်ကြောင်းအမှတ် (၂) နယ်မြေရဲတပ်ဖွဲ့စခန်းမှစုံစမ်းသိ ရသည်။
ပြစ်မှုကျူးလွန်သူသည် ရွှေ ကျင်ဂိတ်အရှေ့ဘက်ကျုံးတဲတွင် နေထိုင်ကာ ယခင်က လုယက်မှုဖြင့် ထောင်သုံးလကျခံပြီး ပြန်လည်လွတ်မြောက်လာသူဖြစ်သည်။ အခင်းဖြစ်ပွားသည့် နေရာသည် ညအချိန်သမီး ရည်းစား များ လာရောက်ချိန်းတွေ့လေ့ရှိပြီး လုယက်မည့်သူများအတွက် အခွင့်အရေး သဖွယ်ဖြစ်နေကြောင်း ရွှေကျင်ဂိတ်တွင် နေထိုင်သူ အမျိုးသားတစ်ဦးက ပြောသည်။

Reviewed by Unknown
on
4:07 AM
Rating:
Reviewed by Unknown
on
4:07 AM
Rating:

Post a Comment