Header AD

အပူချိန်ပုံမှန်ထက်မြင့်မားနေလို့ ဒေါက်တာထွန်းလွင်သတိပေး

ဒေသငါးခုမှာ နေ့အပူချိန် ပုံမှန်ထက် မြင့်မားနေတာကြောင့် အပူဒဏ် ကြိုတင်ကာကွယ်ဖို့ မိုးလေ၀သပညာရှင် ဒေါက် တာထွန်းလွင်က သတိပေးထားပါတယ်။
ဧပြီ ၈ ရက် တိုင်းတာချက်တွေအရ စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ ပဲခူးနဲ့ ဧရာဝတီတိုင်းဒေသကြီးတို့က မြို့အများစုမှာ ၄၀ မှ ၄၃ ဒီဂရီစင်တီဂရိတ် အထက်ကို နေရာအလိုက်မြင့်တက်နေကြောင်း ဒေါက်တာထွန်းလွင်က ပြောထားတာဖြစ်ပါ တ ယ်။ နေ့အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ်ဟာ ကျန်းမာရေးအားနည်းသူသက်ကြီးရွယ်အိုတွေနဲ့ ကလေးငယ်တွေအတွက် သ တိထားရမယ့် အပူချိန်ဖြစ်တယ်လို့လည်း သတိပေးထားပါတယ်။
ဧပြီ ၈ ရက်က မကွေးတိုင်းဒေသကြီး ချောက်မြို့မှာ ၄၄ ဒီဂရီစင်တီဂရိတ်၊ မကွေးတိုင်းဒေသကြီး မင်းဘူးမြို့၊ ပဲခူးတိုင်းဒေ သကြီး တောင်ငူမြို့နဲ့ ကယားပြည်နယ် ဘော်လခဲမြို့တို့မှာ ၄၃ ဒီဂရီစင်တီဂရိတ်စီနဲ့ နေပြည်တော် (ရေဆင်း)၊ ပျဉ်းမနား မြို့၊ မကွေးတိုင်းဒေသကြီး မကွေးမြို့နဲ့ တောင်တွင်းကြီးမြို့၊ ပဲခူးတိုင်းဒေသကြီး ပြည်မြို့တို့မှာ ၄၂ ဒီဂရီစင်တီ ဂရိတ်စီရှိ ခဲ့ကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက သတင်း ထုတ်ပြန်ထားပါတယ်။
ဖေဖော်ဝါရီက စတင်တဲ့ နွေရာသီကာလအတွင်း ဒေသအချို့မှာ အပူချိန်မြင့်တက်နေပြီး ဒေသအချို့မှာတော့ နေရာကွက် မိုးကောင်းနေတာဖြစ်ပါတယ်။ မတ်လအတွင်း ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ မိုးရေချိန် စံချိန်သစ်တင်ခဲ့ကာ မွန်ပြည် နယ် ဘီးလင်းမြို့မှာ အပူချိန်စံချိန်သစ် တင်ခဲ့ပါတယ်။ ဧပြီ ၂ ရက်က စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့မှာ မိုးရေချိန် စံချိန် သစ်တင်ခဲ့တာ ဖြစ်ပါတယ်။
Source: 7Day Daily
Credit to Duwun
အပူချိန်ပုံမှန်ထက်မြင့်မားနေလို့ ဒေါက်တာထွန်းလွင်သတိပေး အပူချိန်ပုံမှန်ထက်မြင့်မားနေလို့ ဒေါက်တာထွန်းလွင်သတိပေး Reviewed by Unknown on 3:59 AM Rating: 5

Post AD