မုဒုံမြို့နယ်၌ လူကုန်ကူးမှုဖြစ်ပွားခဲ့
မွန်ပြည်နယ် မုဒုံမြိ့နယ် ကင်းချောင်း ကျေးရွာတွင်နေထိုင်သော မမေခိုင်ဦး သည် လူကုန်ကူးခြင်းခံရသဖြင့် ပြန်လည် ရောက်ရှိလာသည့် ဧပြီ ၂၃ ရက် နံနက် ၉ နာရီတွင် မုဒုံမြို့နယ် ကင်းချောင်းကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ မိဘများထံ အပ်နှံ ခဲ့ကြောင်း သိရသည်။
မမေခိုင်ဦး ၃ဝ နှစ်သည် လွန်ခဲ့ သော ၁၃ နှစ်ခန့်က ရေးမြို့နယ် အဘွားကို ပြုစုရန် မီးရထားဖြင့် သွားရောက်ခဲ့ သည်။ ရေးမြို့မှ မီးရထားဖြင့် အပြန်တွင် ပျောက်ဆုံးသွားခဲ့ကြောင်း သိရသည်။
မမေခိုင်ဦးသည် တရုတ်နိုင်ငံ He Nan ပြည်နယ်၊Zhi Fang ခရိုင်၊Ruzhou ကျေးရွာ၊Wuxun ရွာမြောက်ပိုင်း၊ Bei Hou လမ်း၊ အိမ်အမှတ်(၁၈၈)၊Wux-um, Ruzhou, pingdingshan, Henanm china နေသူTU RU GOU (တရုတ်နိုင်ငံသား)ထံတွင် အိမ် အကူဇနီးမယားအဖြစ် ရောင်းချခြင်း ခံခဲ့ရသည်။
မမေခိုင်ဦးသည် တရုတ်နိုင်ငံတွင် နေထိုင်ခဲ့စဉ်အတွင်း ဆင်းရဲဒုက္ခအမျိုးမျိုး ရောက်ခဲ့သည့်အတွက် Wechatအွန်လိုင်းမှ တစ်ဆင့် ဆက်သွယ်မှုရရှိကာ တာဝန်သိပြည်သူများက မုဒုံမြို့နယ် ရဲတပ်ဖွဲ့နှင့် လူကုန်ကူးတားဆီးကာကွယ် ရေးအဖွဲ့နှ င့် ချိတ်ဆက်ဆောင်ရွက်ပြီး တရုတ်နိုင်ငံမှတစ်ဆင့် မြန်မာနိုင်ငံ မွန်ပြည်နယ် မုဒုံမြို့နယ် ကင်းချောင်း ကျေးရွာရှိ မိဘများ ထံ အပ်နှံနိုင်ရေး အတွက် မုဒုံမြို့နယ်ရဲမှူး မြအောင်၊ ပြည်နယ်လူမှုဝန်ထမ်း ဦးစီးဌာနမှ ဒေါ်ဝင်းဝင်းမာ၊ လူကုန်ကူးတား ဆီး ကာကွယ်ရေးရုံးမှ ဒုရဲမှူး ဆန်းဦးနှင့် တာဝန်ရှိသူများက လာရောက်အပ်နှံ ပေးခဲ့ကြသည်။
အဆိုပါ လူကုန်ကူးတားဆီး ကာကွယ်ရေး ဥပဒေအရ အမှုဖွင့်လှစ် ထားရှိပြီး အမှုမှန်ပေါ်ပေါက်ရေး အတွက် စုံစမ်းဖော် ထုတ်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မုဒုံ-မောင်မောင်
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/

Reviewed by Unknown
on
12:26 AM
Rating:
Reviewed by Unknown
on
12:26 AM
Rating:

Post a Comment