Header AD

ရပ်ကွက်တွင်း ရဲအယောင်ဆောင် ငွေလိမ်တောင်းသူကို ဖမ်းဆီး

ရဲအယောင်ဆောင်ပြီး ရပ်ကွက်အတွင်း ငွေလိမ်တောင်းနေသူတဦးကို ဧပြီလ ၂၂ ရက်နေ့ ညနေပိုင်းက စစ်ကိုင်းတိုင်းဒေ သကြီး မုံရွာမြို့ မုံရွာတောင်ရပ်ကွက်မှာ ဖမ်းဆီးရမိခဲ့ပါတယ်လို့ မုံရွာမြို့မရဲစခန်းက သိရပါတယ်။
ရပ်ကွက်အတွင်း ရဲအယောင်ဆောင်ကာ ခြိမ်းခြောက်ငွေတောင်းနေတယ်လို့ ခိုင်လုံတဲ့ သတင်းတွေအရ မုံရွာမြို့မရဲစခန်း က တာဝန်ရှိသူတွေဟာ သက်သေတွေနဲ့အတူ သွားရောက်စစ်ဆေးခဲ့ရာ မုံရွာတောင်ပိတောက်ကုန်းရပ် မီးကင်းတဲ့ အနီး မှာ မန္တလေးတိုင်း ညောင်ဦးမြို့နယ် စဥ့်ကူရွာမှာ နေထိုင်သူ  အသက် ၅၅ နှစ်အရွယ် လှထွေးဆိုသူက လူတဦးထံကနေ ရဲလို့ ပြောဆိုပြီး ငွေ ၁၅၀၀၀ ကျပ် တောင်းယူနေတာကို လက်ပူးလက်ကြပ် ဖမ်းဆီးနိုင်ခဲ့တာလို့ မုံရွာမြို့မရဲစခန်း မှတ် တမ်းတွေအရ သိရပါတယ်။
လှထွေးဆိုသူထံက ဆက်လက်စစ်ဆေးရှာဖွေရာ ရဲလို့ပြောပြီး ခြိမ်းခြောက်ရယူထားတဲ့ ငွေ ၆ သောင်းကျော်၊ ဖုန်း ၂လုံး၊ ရွှေဆွဲကြိုးအတု ၁ ကုံး၊ ခလရ -၂၃၅ က တပ်ကြပ်တယောက်ရဲ့ တပ်ပြင်ထွက်လက်မှတ်တခု၊ ဦးလှထွေးအမည်ပါ ယာ ဉ်မောင်းလိုင်စင်မူရင်းတခုနဲ့ ဆိုင်ကယ် တစီးတို့ကို သိမ်းဆီးရမိခဲ့ပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး လှထွေး ဆိုသူကို (ပ) ၄၅၉/၂၀၁၇၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၈၆ အရ အမှုဖွင့်အရေးယူဆော င်ရွက်နေတယ်လို့ မုံရွာမြို့မ ရဲစခန်းက သိရပါတယ်။
ပြီးခဲ့တဲ့ နှစ်ဆန်းပိုင်းကလည်း မုံရွာနယ်မြေရဲစခန်းအပိုင်အတွင်း ရဲမေအယောင်ဆောင်ကာ ငွေတောင်းနေတဲ့ အမျိုးသမီး တဦးကို ဖမ်းဆီးရမိခဲ့ပါသေးတယ်။
သတင်း – အောင်ကိုလတ်
Credit to DVB
ရပ်ကွက်တွင်း ရဲအယောင်ဆောင် ငွေလိမ်တောင်းသူကို ဖမ်းဆီး ရပ်ကွက်တွင်း ရဲအယောင်ဆောင် ငွေလိမ်တောင်းသူကို ဖမ်းဆီး Reviewed by Unknown on 12:28 AM Rating: 5

Post AD