Header AD

နွေးထွေးစွာ ကြိုဆိုပါ၏



သင်္ကြန်ကာလ အစုလိုက် အပြုံလိုက် ထိခိုက်ဒဏ်ရာရရှိမှုများအတွက် ဆေးရုံကြီး ၅ ခုတွင် ကြိုတင်ပြင်ဆင်ထား

သင်္ကြန်ကာလအတွင်း အပျော်လွန်ကဲမှုကြောင့် အစုလိုက်၊ အပြုံလိုက် ထိခိုက်ဒဏ်ရာရရှိမှုများအတွက် သက်ဆိုင်ရာဆေးရုံကြီးများတွင် ကြိုတင်ပြင်ဆင်ထားမှုများ ပြုလုပ်ထားရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။

အစုလိုက် အပြုံလိုက် ထိခိုက်ဒဏ်ရာရရှိခဲ့ပါက ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ သင်္ဃန်းကျွန်းစံပြဆေးရုံ၊ အင်းစိန် ဆေးရုံ၊ မြောက်ဥက္ကလာပဆေးရုံနှင့် ရန်ကုန်ဆေးရုံသစ်ကြီးတို့တွင် ခွဲဝေကုသနိုင်ရန် စီမံထားသည်ဟု ရန်ကုန် တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာဝင်းလွင်က ပြောသည်။

“သင်္ကြန်ကာလအတွင်းမှာ အနည်းနဲ့အများဆိုသလို ထိခိုက်ဒဏ်ရာရရှိမှုတွေကတော့ ဖြစ်ကြမှာပါ။ ဒီိလိုဖြစ်စဉ်တွေအတွက် ဆေးရုံကြီးတွေသတ်မှတ်ပြီးပစ္စည်းအင်အား၊ လူအင်အား အပြည့်အစုံနဲ့ ခွဲဝေဆောင်ရွက်ပေးဖို့ အဆင်သင့်ပြင်ဆင်ထားပါတယ်"ဟု ဒေါက်တာ ၀င်းလွင်က ဆက်လက်ပြောကြားသည်။

အဆိုပါ ဆေးရုံကြီး ၅ ရုံတွင် ဆေးရုံစီမံခန့်ခွဲမှုကော်မတီအသီးသီး ဖွဲ့စည်းထား၍ အရေးပေါ်အခြေအနေများ
ဖြစ်ပေါ်လာပါက ကော်မတီအဆင့်ဆင့် ချိတ်ဆက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ သတ်မှတ်ထားသော ဆေးရုံကြီးများတွင် လူအင်အား၊ ပစ္စည်းအင်အား၊ ဆေးဝါး၊ သွေး အစရှိသည့် လိုအပ်ချက်များကို လုံလောက် အောင် ဖြည့်ဆည်းထားကြောင်းနှင့်
ရန်ကုန်မြို့တွင်းရှိ ဗဟိုအဆင့် ဆေးရုံကြီးများအပြင် မြို့နယ်ဆေးရုံများတွင်လည်း ယခုကဲ့သို့ ကြိုတင်ပြင်ဆင်မှု များကို ပြုလုပ်ထားသည်ဟု ရန်ကုန်တိုင်းဒေသကြီး ကုသရေးဦးစီးဌာနမှ သိရသည်။

မဟာသင်္ကြန်ကာလတွင် အရေးပေါ်အခြေအနေများဖြစ်ပွားခြင်းအတွက် ဆေးစာပြုလုပ်နိုင်ရန် ရဲတပ်ဖွဲ့အနေနှင့်လည်း သတ်မှတ်ဆေးရုံကြီး ၅ ခုအပြင် မြို့နယ်အဆင့်ဆေးရုံများတွင်လည်း အရာရှိများထား ရှိပြီး မှုခင်းနှင့် ပတ်သက်သည့် ဆေးစာအပြင် မှုခင်းနှင့် မပတ်သက်သော အရေးပေါ်ဆေးစာများကိုလည်း ထုတ်ပေးနိုင်ရန် ဆောင်ရွက်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သိရသည်။

နီနီ
နွေးထွေးစွာ ကြိုဆိုပါ၏ နွေးထွေးစွာ ကြိုဆိုပါ၏ Reviewed by Unknown on 6:53 PM Rating: 5

Post AD