Header AD

မြောက်ဦးကို ဘုရားဖူးသွားသည့် စက်လှေမြုပ်

လူ ၆၀ ခန့်တင်ဆောင်ပြီး ကျောက်တော်နှင့် မြောက်ဦးမြို့သို့ ဘုရားဖူးထွက်ခွာလာသော စက်လှေတစ်စီးသည် ယနေ့ ဧပြီ ၁၃ ရက် နံနက် ၄ နာရီခန့်တွင် နစ်မြုပ်သွားကြောင်းသတင်းရရှိသည်။

ရခိုင်ပြည်နယ် အမ်းမြို့နယ် ကံဘွေကျေးရွာမှ ခရီးသည် များဖြစ်ပြီး မင်းပြားမြို့ မေလွမ်းကျေးရွာအနီးတွင် နစ်မြုပ်ခဲ့ခြင်းဖြစ်သည်။

လူခြောက်ဦးသေဆုံးခဲ့ပြီး နှစ်ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း အမ်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဌေး ကပြောသည်။

“ နှစ်ဦးကတော့ ပျောက်နေဆဲလို့ ပြောပါတယ်၊ အခု စက်လှေမြုပ်တဲ့နေရာကို ကျွန်တော်သွားနေပါတယ်၊ ရောက်ရင်တော့ အကြောင်းစုံကို သိရမှာဖြစ်ပါတယ်” ဟု ဦးခင်မောင်ဌေး ကဆိုသည်။

အမ်းမြို့နယ်အောက်ပိုင်း(မြေပုံမြို့နယ်နှင့် ကျောက်ဖြူမြို့နယ်ကြားရှိ)ကျေးရွာများသည် ရေလမ်းကိုသာအားထားသွားလာရသည့် ကျေးရွာများဖြစ်ပြီး ကံဘွေကျေးရွာသည်လည်း ရေလမ်းကိုသာ အဓိကအသုံးပြုသွားလာနေရသည့် ကျေးရွာဖြစ်သည်။

သတင်း-မောင်ကံ
မြောက်ဦးကို ဘုရားဖူးသွားသည့် စက်လှေမြုပ် မြောက်ဦးကို ဘုရားဖူးသွားသည့် စက်လှေမြုပ် Reviewed by Unknown on 7:38 PM Rating: 5

Post AD