Header AD

မကွေး - နေပြည်တော် ကားလမ်းပေါ်ရှိ ယင်းချောင်းကိုကူးသည့် ယာယီကားလမ်း ရေတိုက်စားခံရမှုကြောင့် ကားများဖြတ်သန်းမရ





ဓာတ်ပုံ - လင်းပို
မုန်တိုင်း မာရသာကြောင့် မိုးရွာသွန်း၍ ချောင်းရေတိုက်စားမှုကြောင့် မကွေးတိုင်း မြို့သစ်မြို့အနီး မကွေး-နေပြည်တော် ကားလမ်းပေါ်ရှိ ယင်းချောင်းကိုကူးသည့် ယာယီကားလမ်း ပျက်စီးခဲ့ပြီး ကားများ ဖြတ်သန်းမရကြောင်း တိုင်းလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်းထံမှ သတင်းရရှိသည်။

"ယင်းချောင်းကိုဖြတ်တဲ့ ကွန်ကရစ်တံတားကြီးကို ပြုပြင်နေတုန်းမလို့ ဘေးကလမ်းလွှဲထားတဲ့ ယာယီမြေတံတားလမ်း ပျက်စီးခဲ့တာပါ။ ခုအချိန်အထိတော့ ကားတွေဖြတ်သန်း မရသေးပါဘူး။ ရေကျသွားတာနဲ့ ယာယီတံတားကို ချက်ချင်းပြုပြင်ဖို့ စီစဉ်ဆောင်ရွက်နေပါတယ်" ဟု ဦးဇော်မျိုးဝင်းက Eleven Media Group သို့ ယနေ့နံနက် ၁၀ နာရီက ပြောကြားသည်။

မကွေး-ကံပြား-နေပြည်တော် ကားလမ်းသည် မကွေးမှ နေပြည်တော်သို့သွားသည့် ကားလမ်းများအနက် အနီးဆုံးလမ်းဖြစ်ကြောင်း ယင်းလမ်းအပြင် မကွေးမှ နေပြည်တော်သို့ မကွေး နတ်မောက် နေပြည်တော် မကွေး မိတ္ထီလာ နေပြည်တော် မကွေး တောင်တွင်းကြီး ချောင်းနက် နေပြည်တော် ကားလမ်းများမှ သွားရောက်နိုင်ကြောင်း မကွေး နတ်မောက် နေပြည်တော် ကားလမ်းတွင် ချောင်းနှင့် ရိုးများကို ဖြတ်သန်းသည့် ရေကျော်များ များပြားကြောင်း ဒေသခံများထံမှ သိရသည်။
Writer: 
အောင်သူငြိမ်း
မကွေး - နေပြည်တော် ကားလမ်းပေါ်ရှိ ယင်းချောင်းကိုကူးသည့် ယာယီကားလမ်း ရေတိုက်စားခံရမှုကြောင့် ကားများဖြတ်သန်းမရ မကွေး - နေပြည်တော် ကားလမ်းပေါ်ရှိ ယင်းချောင်းကိုကူးသည့် ယာယီကားလမ်း ရေတိုက်စားခံရမှုကြောင့် ကားများဖြတ်သန်းမရ Reviewed by Unknown on 10:44 PM Rating: 5

Post AD