Header AD

မီးလောင်မှုဖြစ်ပွား၍ ဆိုင်ခန်း ၁၂ ခန်းဆုံးရှုံး



မောင်တောမြို့နယ် ဇင်ပိုင်ညာကျေးရွာ လမ်းဆုံရှိ ဈေးဆိုင်ခန်းများ မီးလောင် နေကြောင်း ဧပြီ ၁၆ ရက် မွန်းလွဲ  ၁ နာရီခွဲခန့်က ပြင်ဖြူရဲစခန်းသို့ တယ်လီ ဖုန်းဖြင့်  အကြောင်းကြားလာသဖြင့် အုပ်ချုပ်ရေးမှူး     မာမတ်ရီယာစ်၊ ရာအိမ်မှူး ဇော်တော်ရှီယာတို့နှင့်အတူ သွားရောက် စစ်ဆေးခဲ့သည်။
ဖြစ်စဉ်မှာ   ဇင်ပိုင်ညာကျေးရွာ လမ်းဆုံရှိ ဈေးဆိုင်တန်းတွင် စက်သုံးဆီ ရောင်းချသော   ဒိုးတန်းကျေးရွာနေ ဆော်တန်ဟူဆောင်း(၂၅နှစ်)(ဘ)အီဟန်နူဆောင်း၏   ဈေးဆိုင်တွင် ဆေးလိပ်သောက်ရာ ဆေးလိပ်မီးပွားမှ တစ်ဆင့်အနီးရှိ   စက်သုံးဆီဘူးအား စတင်လောင်ကျွမ်းခဲ့ကာ ဆိုင်ခန်းထရံ နှင့်အမိုးတို့အား ဆက်လက်လောင်ကျွမ်း ခဲ့သည်။

အဆိုပါမီးလောင်မှုကြောင့် ဆိုင် ချင်းကပ်လျက်ရှိ  ၁၅ ပေ ပတ်လည်၊  အမြင့် ၁ဝပေခန့်ရှိ  ဓနိမိုး၊ ထရံကာ ဈေးဆိုင်ခန်း ၁၁ ခန်းတို့အား ကူးစက် လောင်ကျွမ်းခဲ့သည်။     အဆိုပါ မီးလောင်ရာသို့   ကျေးရွာသားများက ဝိုင်းဝန်းငြှိမ်းသတ်သော်လည်း  မီးမှာ ဆက်လက်လောင်ကျွမ်းနေသဖြင့် နယ်မြေခံ    တပ်မတော်သားများက ကျေးရွာသားများနှင့်အတူ ဝိုင်းဝန်း ငြှိမ်းသတ်ရာ   မွန်းလွဲ  ၂ နာရီ ၁ဝ မိနစ် ခန့်တွင် မီးညွန့်ကျိုးသွားခဲ့သည်။
ထို့နောက် မြို့နယ်မီးသတ်ဦးစီး  ဌာနမှ   မီးသတ်ယာဉ်ရောက်ရှိလာပြီး ဆက်လက်ငြှိမ်းသတ်ခဲ့သဖြင့် မွန်းလွဲ ၂နာရီ မိနစ် ၄ဝ တွင်လုံးဝငြှိမ်းသတ်နိုင် ခဲ့ကြောင်း သိရသည်။

မီးလောင်မှုကြောင့် ဈေးဆိုင်ခန်း  ၁၂  ခန်း   စုစုပေါင်း ဆုံးရှုံးမှုတန်ဖိုး ငွေကျပ် ၂၄ဝဝဝဝ ခန့် ဆုံးရှုံးခဲ့သဖြင့် ဆေးလိပ်မီးအား ပေါ့ဆစွာ သုံးစွဲသူ ဆော်တန်ဟူဆောင်း  (ဘ)အီဟန် နူဆောင်း  ဒိုးတန်းကျေးရွာနေသူအား ပြင်ဖြူရဲစခန်းက   အမှုဖွင့်အရေးယူ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြန်မာ့အလင်း
မီးလောင်မှုဖြစ်ပွား၍ ဆိုင်ခန်း ၁၂ ခန်းဆုံးရှုံး မီးလောင်မှုဖြစ်ပွား၍ ဆိုင်ခန်း ၁၂ ခန်းဆုံးရှုံး Reviewed by Unknown on 10:52 PM Rating: 5

Post AD