Header AD

သင်္ကြန်ကာလအတွင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိသည့် လူနာဦးရေ ၇၀၀ ကျော်ရှိ

ရန်ကုန်၊ ဧပြီ ၁၇

မဟာသင်္ကြန်ကာလအတွင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိလာသည့် လူနာဦးရေ ၇၀၀ ကျော်ခန့် ရှိကြောင်း ယင်းဆေးရုံကြီး၏ သတင်းစာမျက်နှာတွင် ဖော်ပြထားချက်အရ သိရသည်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီး ပြင်ပလူနာဌာနသို့ ရောက်ရှိသည့် လူနာဦးရေမှာ ၃၇၃ ဦး၊ အတွင်းလူနာဌာနသို့ ရောက်ရှိသည့် လူနာဦးရေ အမျိုးသား ၃၀၀ နှင့် အမျိုးသမီး ၇၀၊ သေဆုံးလူနာ အနေဖြင့် အမျိုးသား ၆လ ဦးနှင့် အမျိုးသမီး ၂ ဦး ရှိကြောင်း အဆိုပါ ဖော်ပြထားချက်များအရ သိရသည်။

သင်္ကြန်ကာလအတွင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ အရေးပေါ်ဆေးကုသမှုဌာန အနေဖြင့် နှစ်စဉ် ဆရာဝန်၊ သူနာပြုနှင့် အခြားသော ဝန်ထမ်းများကို နှစ်ဆနီးပါး တိုးမြှင့်ချထားပေးခဲ့ပြီး ဆေးဝါးများကိုလည်း မတ်လလယ်မှစ၍ စာရင်းပြုစုကာ ကြိုတင်ပြင်ဆင်သိုလှောင်မှုများ ပြုလုပ်ခဲ့ကြောင်း ယင်းဌာနမှ သိရသည်။

ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် မဟာသင်္ကြန်ကာလအတွင်း အရေးပေါ်ဆေးကုသမှုဌာနသို့ တစ်ရက်လျှင် ပျှမ်းမျှလူနာ ၁၅၀ ခန့်ရောက်ရှိပြီး ယာဉ်တိုက်မှု၊ အချင်းချင်းခိုက်ရန်ဖြစ်၍ ထိခိုက်ဒဏ်ာရာ ရရှိမှု၊ မတော်မဆ ထိခိုက်မှုများနှင့် အခြားထိခိုက်မှုများကြောင့် ဖြစ်ပြီး ယင်းတို့တွင် ယာဉ်တိုက်မှုသည် အများဆုံးဖြစ်ကာ တစ်ရက်လျှင် လူနာ ၄၅-၅၀ ဦးခန့် ရောက်ရှိကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ အရေးပေါ်ဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
သင်္ကြန်ကာလအတွင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိသည့် လူနာဦးရေ ၇၀၀ ကျော်ရှိ သင်္ကြန်ကာလအတွင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိသည့် လူနာဦးရေ ၇၀၀ ကျော်ရှိ Reviewed by Unknown on 11:40 PM Rating: 5

Post AD