Header AD

နွားများကို နေ့စဉ်ဘီယာတိုက်တဲ့ မွေးမြူရေးသမားတစ်ဦး

Hugues Derzelle အမည်ရတဲ့ ဘယ်ဂျီယံနိုင်ငံသား မွေးမြူရေးသမားတစ်ဦးဟာ သူရဲ့ခြံကနေ ထူးခြားတဲ့အရသာနဲ့ အမဲသားတွေ ထွက်ရှိလာဖို့အတွက် လျှို့ဝှက်နည်းလမ်းတစ်ခုကို ပြုကျင့်နေတယ်လို့ သိရှိရပါတယ်။ သူအသုံးပြုနေတဲ့ နည်းလမ်းကတော့ သူရဲ့နွားများကို နေ့စဉ်ဘီယာတိုက်တဲ့ နည်းလမ်းအဆန်းလေးပဲဖြစ်ပါတယ်။

 ဒီလိုထူးခြားတဲ့နည်းလမ်းကို ဂျပန် Kobe အမဲသားထုတ်လုပ်သူရဲ့အကြောင်း ရေးသားထားတဲ့စာအုပ်ကနေ ရရှိခဲ့တာဖြစ်ပါတယ်။ ဂျပန် Kobe အမဲသားများ ထုတ်လုပ်သူဟာ သူတို့မွေးမြူထားတဲ့နွားတွေကို နှိပ်နယ်ပေးခြင်း ၊ ဂီတသံများ ဖွင့်လှစ်ပေးထားခြင်းနဲ့ ဘီယာများတိုက်ခြင်းတို့လို ထူးထူးခြားခြားတွေ ပြုလုပ်ပေးတတ်ပါတယ်။ ဒါနဲ့ Hugues ဟာ အွန်လိုင်းကနေ နွားတွေကိုဘီယာတိုက်ခြင်းနဲ့ပတ်သက်တဲ့ အကြောင်းအရာများကို ရှာဖွေ့ကြည့်ရှုရင်းနဲ့ ဒီနည်းလမ်းကို အသုံးပြုချင်စိတ်တွေ ပေါက်လာခဲ့ပါတယ်။ နောက်ဆုံးမှာတော့ Hugues ဟာ သူရဲ့နွားများကို ဒေသတွင်းမှာထုတ်လုပ်တဲ့ Sara de Silenrieux အမည်ရှိ အနက်ရောင်ဘီယာများကို နေ့စဉ်လေးလီတာအထိ တိုက်ကျွေးပါတော့တယ်။

 Sara de Silenrieux ဘီယာဟာ ဆွတ်ဇာလန်နိုင်ငံ ဒေသတွင်းမှာထုတ်လုပ်ထားတဲ့ အလွန်ပြင်းရှလွန်းပြီး အယ်ကိုဟောပမာဏ ငါးရာခိုင်နှုန်းပါဝင်တဲ့ အနက်ရောင်ဘီယာတစ်မျိုးဖြစ်ပါတယ်။ ဒါပေမယ့် Hugues ကတော့ ဒီလိုဘီယာတွေကို သူရဲ့နွားတွေအတွက် နေ့စဉ်တိုက်နေလို့ နွားတွေမှာ အန္တရာယ်လုံးဝမရှိဘူးလို့ ရှင်းလင်းပြောဆိုထားပါတယ်။ ၂၀၁၆ခုနှစ် နိုဝင်ဘာကနေ စတင်ပြီး နွားများကို ဘီယာတိုက်ကျွေးပြီး မွေးမြူလာခဲ့တဲ့ Hugues ဟာ အခုဆိုရင် သူရဲ့ခြံထဲက ဘီယာအရသာလေးပါ ပါဝင်နေတဲ့ အမဲသားများကို ထုတ်လုပ်နိုင်ခဲ့ပြီဖြစ်ပါတယ်။ Hugues အနေနဲ့ သူရဲ့ စပယ်ရှယ်အမဲသားများကို တစ်နှစ်အတွင်း ငါးရာကီလိုဂရမ်လောက်အထိ ထုတ်လုပ်သွားဖို့ မျှော်လင့်ထားပါတယ်ခင်ဗျာ။

VitamiN

#knowledge.thithtoolwin.com

Ref: Oddity Centeral
နွားများကို နေ့စဉ်ဘီယာတိုက်တဲ့ မွေးမြူရေးသမားတစ်ဦး နွားများကို နေ့စဉ်ဘီယာတိုက်တဲ့ မွေးမြူရေးသမားတစ်ဦး Reviewed by Unknown on 9:27 PM Rating: 5

Post AD