လည်နေတဲ့ ပန်ကာဘလိတ်ပြားကို လျှာနဲ့ရပ်တန့်ပြီး ကမ္ဘာ့စံချိန်တင်နိုင်ခဲ့တဲ့ အမျိုးသမီး
သြစတြေးလျနိုင်ငံသူ ဆပ်ကပ်ဖျော်ဖြေရေသမားတစ်ဦး Zoe Ellis ဟာ လည်ပတ်နေတဲ့ လျှပ်စစ်ပန်ကာဘလိတ်ပြားကို လျှာနဲ့အသုံးပြုပြီး တစ်မိနစ်အတွင်း အကြိမ်သုံးဆယ်ကျော် ရပ်တန့်ပြနိုင်တာကြောင့် သူမရဲ့လက်ရှိ ကမ္ဘာ့စံချိန်ကို ချိုးဖြတ်နိုင်ခဲ့ပြီး နောက်ထပ်စံချိန်သစ်တစ်ခုကိုပါ ထပ်မံရရှိသွားနိုင်ခဲ့ပါတယ်။
Zoe L'Amore လို့ လူသိများတဲ့ Zoe Ellis ဟာ အီတလီနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ Lo Show dei Record ပြိုင်ပွဲမှာ ပါဝင်ခဲ့ရင်းနဲ့ သူမရဲ့တမူထူးခြားတဲ့စွမ်းရည်ကို ပွဲကြည့်ပရိသတ်များနဲ့ ဒိုင်လူကြီးများရှေ့မှာ ပြသသွားနိုင်ခဲ့တာဖြစ်ပါတယ်။ Zoe Ellis ဟာ ၃၅ဝပ်အားရှိပြီး အမြင့်ဆုံးအရှိန်နဲ့ လည်ပတ်နေတဲ့ လျှပ်စစ်ပန်ကာနှစ်လုံးရဲ့ ပန်ကာဘလိပ်ပြားတွေကို တစ်မိနစ်အတွင်း ၃၂ကြိမ်တိတိ ( ပန်ကာတစ်လုံးကို ၁၆ကြိမ်စီ ) လျှာနဲ့ရပ်တန့်နိုင်ခဲ့တာဖြစ်ပါတယ်။ Zoe ဟာ ယခင်ကလည်းက ဒီလိုပုံစံမျိုးနဲ့ တစ်မိနစ်အတွင်း ပန်ကာဘလိပ်ပြားကို အကြိမ်နှစ်ဆယ်လောက် ရပ်တန့်ဖူးနိုင်ခဲ့တာကြောင့် အခုအချိန်မှာ ယခင်ကစံချိန်ထက် ၁၂ကြိမ်ကျော်လွန်သွားနိုင်ခဲ့ပြီး ဂင်းနစ်ကမ္ဘာ့စံချိန်တင်သစ်တစ်ရပ်ကိုပါ ပိုင်ဆိုင်သွားနိုင်ခဲ့ပါတယ်။
ဒီလို အသည်းယားစရာကောင်းတဲ့ စွမ်းရည်ကိုပိုင်ဆိုင်ထားသူ Zoe Ellis ဟာ တခြားသောကမ္ဘာ့စံချိန်များကိုလည်းဟ တင်ထားနိုင်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ Zoe ဟာ တစ်မိနစ်အတွင်း ကြွက်ထောင်ချောက်များထဲမှ လျှာနဲ့လွတ်မြောက်အောင် ပြုလုပ်နိုင်ခဲ့သူတစ်ယောက်အဖြစ်နဲ့လည်း ဂင်းနစ်ကမ္ဘာ့စံချိန်တင်ထားနိုင်ခဲ့ပါသေးတယ်။ ဒီလိုကမ္ဘာ့စံချိန်တွေ တင်ထားနိုင်တာဟာ Zoe Ellis တစ်ယောက်တည်းမဟုတ်ပဲ သူရဲ့ခင်ပွန်းသည်ဖြစ်သူ Chayne Hultgren မှာလည်း မီးရှုးတိုင်ကို လျှာနဲ့မီးငြိမ်းသတ်နိုင်ဆုံးသူနဲ့ ရေအောက်ထဲမှာ ဓါးတွေကိုမြိုချနိုင်ဆုံးသူအဖြစ် ကမ္ဘာ့စံချိန်အသီးသီးကို တင်ထားနိုင်ခဲ့ပါတယ်ခင်ဗျာ။
VitamiN
Ref: Odd News

Reviewed by Unknown
on
9:38 PM
Rating:
Reviewed by Unknown
on
9:38 PM
Rating:

Post a Comment