နောက်ကျောက ဓားကို စိတ်လှုပ်ရှားနေတဲ့ ဆိုဖီယာ
သရုပ်ဆောင်အနေဖြင့် ပထမဆုံး ရိုက်ကူးထားသည့် နောက်ကျောကဓား ဇာတ်ကား နှင့် ပတ်သက်၍ ပရိသတ်များ၏ တုံ့ပြန်မှုအပေါ် စိတ်လှုပ်ရှားနေ ကြောင်း ဆိုဖီယာ (Myanmar Idol) က ပြောသည်။
‘‘ဒီကားနာမည်က နောက် ကျောကဓား။ ကိုယ်က ဓားနေရာ မှာဆိုတော့ လုပ်ကွက်တော့ ပိုရ တာပေါ့။ ပရိသတ်တွေကလည်း ဇာတ်လမ်းအနေနဲ့ပဲ ဒီကားလေး ကိုကြည့်စေချင်ပါတယ်’’ ဟု ၎င်း ကပြောသည်။
နောက်ကျောကဓား ဗီဒီယို တွင် ဆိုဖီယာက သူငယ်ချင်း၏ ချစ်သူကို တစ်ဖက်သတ်ကြိုက်နေ သူ တစ်ဦးအဖြစ် ပါဝင်သရုပ် ဆောင်ထားသည်။
ယင်းဇာတ်ကားတွင် ဆိုဖီ ယာနှင့်အတူ သူရိယ၊ မေကြည် တို့က ပါဝင်သရုပ်ဆောင်ထားပြီး ဒါရိုက်တာရာဇ၀င်ကိုက ရိုက်ကူး ထားသည်။
နောက်ကျောက ဓားဗီဒီယို ဇာတ်ကားကို ဧပြီ ၇ ရက်တွင် ဖြန့်ချိထားပြီး နမူနာဇာတ်ကားကို ကြည့်ရှု၍ ပရိသတ်များက ဆိုဖီ ယာကို သရုပ်ဆောင်ကောင်း ကြောင်း ချီးကျူးထားကြသည်။
‘‘Comment တွေမှာတော့ ကြိုက်တယ်လို့ရေးတာ တွေ့ တယ်။ စထွက်တဲ့ကားမှာ အဲဒီလို ကြားရတော့ ပိုပြီး ကျေနပ်တာ ပေါ့’’ ဟု ဆိုဖီယာက ပြောသည်။
ယင်းဇာတ်ကားရိုက်ကူးရန် အောင်သီရိထုတ်လုပ်ရေးဘက်မှ ကမ်းလှမ်းခဲ့ပြီး ၎င်းကိုယ်တိုင် လည်း စိတ်ဝင်စားသဖြင့်ရိုက်ကူးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
သရုပ်ဆောင်အနေဖြင့် ဗီဒီ ယိုနှစ်ကားရိုက်ကူးထားပြီး သူရိ ယ၊ ဆုအိမ့်စံတို့နှင့် ရိုက်ကူးထား သည့် နောင်ဘယ်တော့မှ မမုန်း ဇာတ်ကားထွက်ရှိရန် ရှိသေး ကြောင်း သိရသည်။
‘‘ဇာတ်ညွှန်းကို ကြည့်ပြီး ညီမကြိုက်တဲ့ ကားတွေဆိုရင် တော့ ရိုက်မှာပါ။ သရုပ်ဆောင် အနေနဲ့ ရုပ်ရှင်ကားကြီး တစ်ကား လည်း လက်ခံထားတာရှိပါတယ်’’ ဟု သရုပ်ဆောင်ပိုင်းနှင့်ပတ်သက် ၍ ဆိုဖီယာက ပြောသည်။
သင်္ကြန်ကာလကို Sky Net မဏ္ဍပ်၌ ဖျော်ဖြေမည်ဖြစ်ပြီး ၎င်း၏ တစ်ကိုယ်တော်ခွေ ဒီဗီဒီ ကို သင်္ကြန်အပြီးတွင် စတင် ရိုက်ကူးသွားမည်ဟု ဆိုဖီယာက ပြောသည်။

Reviewed by Unknown
on
6:11 AM
Rating:
Reviewed by Unknown
on
6:11 AM
Rating:

Post a Comment