Header AD

မှတ်ပုံမတင်သည့် ဆင်းမ်ကတ် ကိုးသန်းခန့် လိုင်းပိတ်သိမ်းထား

မတ်လနောက်ဆုံးပတ်အတွင်းက MPT ဆင်းမ်ကတ်မှတ်ပုံတင်နေသူများ(ဓာတ်ပုံ−ကျော်ဇင်သန်း)

မှတ်ပုံလာရောက်တင် ဆောင်ခြင်း မရှိသည့် ဆင်းမ်း ကတ်အရေအတွက် ၉ သန်းခန့်ကို လိုင်း ပိတ်သိမ်းခဲ့ရသည်ဟု ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ပြောရေး ဆိုခွင့်ရှိသူ ဦးမျိုးဆွေက ပြောသည်။

ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနသည် မိုဘိုင်းဆင်းမ် ကတ်များကို မတ်လ ၃၁ ရက် နောက်ဆုံးထား၍ မှတ်ပုံတင်ရန် ညွှန်ကြားခဲ့ပြီး လိုက်နာဆောင် ရွက်ခြင်းမရှိသည့်  ဆင်းမ်ကတ် များကို လိုင်းပိတ်သိမ်းရန် ဆက် သွယ်ရေး အော်ပရေတာများကို ညွှန်ကြားခဲ့သည်။
မန်မာ့ဆက်သွယ်ရေးက ၄ ဒသမ ၀၉ သန်း၊ တယ်လီနောက ၃ ဒသမ ၈၆ သန်းနဲ့ အူရီးဒူးက ၁ သန်းလောက်ပေါ့။ ရောင်းထား တဲ့လိုင်းတွေကတော့ နေ့တိုင်း တိုးနေတာဆိုတော့ ပိတ်လိုက်တဲ့ လိုင်းအရေအတွက်ကို ပြောတာ ပါ’’ ဟု ဦးမျိုးဆွေက ပြောသည်။

ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနသည် လိုင်းပိတ်သိမ်း ခြင်းခံရသည့် ဆင်းမ်ကတ်များကို ဧပြီမှ ဇွန်လအတွင်း အော်မရေ တာများနှင့် ပြန်လည်ဆက်သွယ် ၍ လိုင်းပြန်ဖွင့်ခွင့်ပြုခဲ့သော် လည်း သုံးလအတွင်းလာရောက် မှတ်ပုံတင်ခြင်း မရှိပါက ဆင်းမ် ကတ်နံပါတ်များကို အပြီးအပိုင် ပိတ်သိမ်းမည်ဟု သတင်းထုတ် ပြန်သည်။

မိုဘိုင်းဆင်းမ်ကတ်များကို မှတ်ပုံတင်ခြင်းသည် အသုံးပြုသူ ၏ ကိုယ်ရေးအချက်အလက်ကို အော်ပရေတာအနေဖြင့် အစိုးရ လိုအပ်ချက်အရ ထိန်းသိမ်းခြင်း ဖြစ်သော်လည်း မိုဘိုင်းဖုန်းမှ တစ်ဆင့် ဆောင်ရွက်နိုင်သည့် ငွေကြေးဝန်ဆောင်မှုများကို လုံ ခြုံစွာ ဆောင်ရွက်နိုင်ခြင်း၊ ဆင်းမ် ကတ် ပျောက်ဆုံးခြင်းနှင့် ဝန်ဆောင်မှု ကိစ္စရပ်အသီးသီး၏ ပြဿနာများကို ဖြေရှင်းပေးနိုင် ခြင်းစသည့် အကျိုးကျေးဇူးများကို အသုံးပြုသူများ ရရှိနိုင်မည်ဟု ဆိုသည်။

လက်ရှိအချိန်၌ မြန်မာ့ဆက် သွယ်ရေး၊ တယ်လီနောနှင့် အူရီးဒူးတို့သည် အွန်လိုင်း၌ အလွယ် တကူ မှတ်ပုံတင်နိုင်မည့် နည်း လမ်းများနှင့် ကိုယ်ပိုင်အမှတ် တံ ဆိပ်အရောင်းဆိုင်များတွင် မှတ် ပုံတင်နိုင်မည့် နည်းလမ်းများကို ဆက်လက်ခွင့်ပြုထားသည်။

မြန်မာ့ဆက်သွယ်ရေး လုပ် ငန်းသည် care.mpt.com.mm ကို မှတ်ပုံတင်နိုင်ရန် ခွင့်ပြုထားပြီး တယ်လီနောသည် ecaf.telenor.com.mm ကိုအသုံးပြုနိုင်ရန် ခွင့်ပြုထားသည်။ အလားတူ အူရီးဒူးသည် ooredoo.com.mm ရှိ SelfCare  SIM-Registrtion ဆင်းမ်ကတ်မှတ်ပုံတင်ရန် ခွင့်ပြုထားသည်။
မှတ်ပုံမတင်သည့် ဆင်းမ်ကတ် ကိုးသန်းခန့် လိုင်းပိတ်သိမ်းထား မှတ်ပုံမတင်သည့် ဆင်းမ်ကတ် ကိုးသန်းခန့် လိုင်းပိတ်သိမ်းထား Reviewed by Unknown on 5:11 AM Rating: 5

Post AD