ထရမ့်၊ ပူတင်နှင့် ကင်ဂျုံအန်းတို့ ရုပ်ပုံတူမျက်နှာဖုံးစွပ် အကရုပ်သံ ရေပန်းစား
အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်မှာ ကျင်းပတဲ့ ရုပ်ရှင်အထူးပြလုပ်ချက် ညီလာခံကြီးမှာ ဒေါ်နယ်လ်ထရမ့်၊ ဗလာဒီမာပူတင်နဲ့ ကင်ဂျုံအန်းတို့ရဲ့ ရုပ်ပုံတူမျက်နှာဖုံး စွပ်ထားတဲ့ လူ သုံးဦး ကပြဖျော်ဖြေနေတဲ့ ရုပ်သံဗွီဒီယိုဟာ လူမှု ကွန်ရက် စာမျက်နှာထက်မှာ ထင်ရှားပျံ့နှံ့နေပါတယ်
Credit to DVB
ဒီရုပ်သံကို ဇာတ်ကောင်အနုပညာဆိုင်ရာ ကျောင်းဖြစ်တဲ့ စတန်ဝင်စတန်ကျောင်းက ဧပြီလ ၉ ရက်နေ့မှာ လူမှုကွန်ရက် စာမျက်နှာထက် တင်ခဲ့တာဖြစ်ပြီး အခုအချိန်မှာ ကြည့်ရှုသူပေါင်း ၆၃ သန်းကျော် ရှိနေပြီလို့ သိရပါတယ်။ ပုံတူမျက်နှာ ဖုံးတွေကို လန်ဒန်မီရာ အထူးပြုလုပ်ချက် အနုပညာကျောင်းက ဖန်တီးပြုလုပ်ခဲ့တာပါ
တာမီနေတာ၊ ပရီဒေတာ နဲ့ ဂျူရစ်ဆစ်ပါ့တို့လို့ ရုပ်ရှင်တွေထဲက စိတ်ကူးထူးတဲ့ ဇာတ်ကောင်တွေရဲ့ ရုပ်လုံးတွေကို တီထွင်ဖန်တီးခဲ့တဲ့ စတန်ဝင်စတန်ကို ဂုဏ်ပြုတဲ့အနေနဲ့ စတန်ဝင်စတန် အနုပညာကျောင်းကို တည်ထောင်ခဲ့တာလို့ သိရပါတယ်။Credit to DVB
ထရမ့်၊ ပူတင်နှင့် ကင်ဂျုံအန်းတို့ ရုပ်ပုံတူမျက်နှာဖုံးစွပ် အကရုပ်သံ ရေပန်းစား
Reviewed by Unknown
on
8:20 AM
Rating:
Reviewed by Unknown
on
8:20 AM
Rating:




Post a Comment