Header AD

မာရသာမုန်တိုင်းတိုက်ခတ်မှုကြောင့် ရခိုင်တွင် နေအိမ် ၁၄၆ လုံးပြိုပျက်

ဧပြီ ၁၇

မာရသာဆိုင်ကလုန်းမုန်တိုင်းသည် ဧပြီလ ၁၆ ရက်နေ့က ရခိုင်ပြည်နယ်တွင် ဝင်ရောက် တိုက်ခတ်ခဲ့ပြီး ယင်းမုန်တိုင်းတိုက်ခတ်မှုကြောင့် နေအိမ် ၁၄၆ လုံး ပြိုပျက်ဆုံးရှုံးခဲ့ရကြောင်း သိရသည်။

အဆိုပါ မုန်တိုင်းဝင်ရောက်ခဲ့သည့် ကျောက်ဖြူ၊ ရမ်းဗြဲ၊ သံတွဲ၊ မာန်အောင်၊ တောင်ကုတ် စသည့် မြို့နယ်များမှ ကျေးရွာတစ်ချို့တွင် နေအိမ်၊ အဆောက်အဦးများ ပျက်စီးဆုံးခဲ့ခြင်းဖြစ်ပြီး လူများထိခိုက်ဒဏ်ရာရရှိမှုမရှိဟု သိရသည်။
ယင်းသို့ မာရသာမုန်တိုင်းကြောင့် ကျောက်ဖြူမြို့နယ်တွင် ဂုံးချွိန်ကျေးရွာအုပ်စု
IDP စခန်းမှ အဆောက်အဦတစ်လုံးပျက်စီး၊ ရမ်းဗြဲမြို့နယ်တွင် ကျေးရွာတစ်ချို့မှ ပိုက်ဆိပ်တဲ (၇၀)လုံးနှင့် အဆောက်အဦးတစ်ချို့ပျက်စီး၊ သံတွဲမြို့နယ်တွင် နေအိမ်အလုံး (၆၀)ခန့် အမိုးများပျက်စီး၊ မာန်အောင်မြို့နယ်တွင် ကျေးရွာတစ်ချို့မှ လူနေအိမ် (၇)လုံးနှင့် အဆောက်အဦးတစ်ချို့ အနည်းငယ်အမိုးများပျက်စီး၊ တောင်ကုတ်မြို့နယ်တွင် နေအိမ် (၈)လုံးခန့် အမိုးများ ပျက်စီးဆုံးရှုံးခဲ့ကြောင်း ရခိုင်ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။

၎င်း မာရသာမုန်တိုင်းငယ်သည် ရခိုင်ကမ်းရိုးတန်းဒေသ သံတွဲမြို့အနီးမှ ဖြတ်ကျော်သွားခဲ့ခြင်းဖြစ်ပြီး ကုန်းတွင်းမုန်တိုင်းငယ်အဖြစ် ဆက်လက်တည်ရှိနေကာ နောက် (၁၂)နာရီအတွင်း အာနည်းသွားမည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွန်ကြားမှုဦးစီးဌာန နေပြည်တော်မှ ထုတ်ပြန်ချက်အရ သိရသည်။

By - သက်နိုင်
Rakhine Gazette
https://www.facebook.com/RakhineGazetteJournal
မာရသာမုန်တိုင်းတိုက်ခတ်မှုကြောင့် ရခိုင်တွင် နေအိမ် ၁၄၆ လုံးပြိုပျက် မာရသာမုန်တိုင်းတိုက်ခတ်မှုကြောင့် ရခိုင်တွင် နေအိမ် ၁၄၆ လုံးပြိုပျက် Reviewed by Unknown on 8:15 AM Rating: 5

Post AD