Header AD

တပ်ကြပ်ကြီး မိုက်ကယ်အစား တပ်သား ရမ်ဘိုက ထမ်းဆောင်မယ်


တပ်ကြပ်ကြီး မိုက်ကယ်အစား တပ်သား ရမ်ဘိုမှ
ထမ်းဆောင်မည်ဖြစ်
ရန်ကုန်၊ ဧပြီ ၁၉
တပ်ကြပ်ကြီး မိုက်ကယ်သေဆုံးသွားသဖြင့် မိုင်းရှာဖွေရေးတာဝန်များကို အသက် ၁ နှစ် ၆ လအရွယ်ရှိ လက်ဘရောအမျိုးအစား တပ်သား ရမ်ဘိုမှ
ဆက်လက်တာဝန်ထမ်းဆောင်သွားမှာဖြစ်ပါတယ်။
တပ်သား ရမ်ဘိုဟာ အမှတ်(၁)စစ်ဘက်ရေးရာလုံခြုံရေးအတတ်သင်ကျောင်း၌ဖွင့်လှစ်သည့် မိုင်းနှင့် မူးယစ်ဆေးဝါးရှာဖွေရေးသင်တန်း
အမှတ်စဉ်(၁၄/၂၀၁၆)သို့တက်ရောက်ခဲ့ပြီး ၁၀.၂.၂၀၁၇ ရက်နေ့တွင် သင်တန်းဆင်းကာ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့၊ မိုင်းရှင်းတပ်စုတွင်
တာဝန်ထမ်းဆောင်လျက်ရှိပါတယ်။
တပ်သား ရမ်ဘိုဟာ ရန်ကုန်မြို့ပေါ်ရှိ အမေရိကန်သံရုံးနှင့် ပြင်သစ်သံရုံး
တွေမှာယပြုလုပ်တဲ့  အခမ်းအနားတွေမှာမိုင်းရှင်းလင်းရေးတာဝန်တွေကိုလည်းကောင်း၊ သုဝဏ္ဏအားကစားကွင်းမှာပြုလုပ်ခဲ့တဲ့  ဘောလုံး
အကယ်ဒမီကျောင်းဖွင့်ပွဲအခမ်းအနား၊ ၂၀၁၇ ခုနှစ် မြန်မာ့ရုပ်ရှင်အကယ်ဒမီထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားနှင့် ၂၀၁၇ ခုနှစ်၊ မဟာသင်္ကြန်
ပွဲတော်တွေမှာ မိုင်းရှင်းလင်းရေးတာဝန်တွေကို ကျေပြွန်စွာထမ်းဆောင်ခဲ့ပါတယ်။
တပ်သား ရမ်ဘိုမှာ တပ်ကြပ်ကြီး မိုက်ကယ်လိုပဲ ရန်ကုန်တိုင်းဒေသကြီးအတွင်း အများပြည်သူဘေးကင်းလုံခြုံမှုရှိစေရေးအတွက် မိုင်းရှင်းလင်းရေး
တာဝန်များကို ထမ်းဆောင်သွားမှာဖြစ်ကြောင်း Yangon police facebook page မှာဖော်ပြထားပါတယ်
ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့၊ မိုင်းရှင်းတပ်စုမှ တပ်ကြပ်ကြီး မိုက်ကယ်
ဟာ ၂၀၁၇ ခုနှစ်၊ မဟာသင်္ကြန်ပွဲတော်မှာ ရန်ကုန်တိုင်းဒေသကြီးရှိ ရေကစားမဏ္ဍပ်တွေမှာ မိုင်းရှာဖွေရေးတာဝန်ထမ်းဆောင်စဉ် ၁၅.၄.၂၀၁၇ ရက်နေ့
၂၀၃၀ အချိန် အစာအိမ်သွေးကြောပေါက်ရောဂါဖြင့် သေဆုံးသွားခဲ့တာဖြစ်ပါတယ်။
တပ်ကြပ်ကြီး မိုက်ကယ်အစား တပ်သား ရမ်ဘိုက ထမ်းဆောင်မယ် တပ်ကြပ်ကြီး မိုက်ကယ်အစား တပ်သား ရမ်ဘိုက ထမ်းဆောင်မယ် Reviewed by Unknown on 7:14 AM Rating: 5

Post AD