Header AD

ကျောက်တန်းမှာ အကြွေးတစ်သောင်းတောင်းလို့ သတ်ဖြတ်ခံရ

ကျောက်တန်းမှာ အကြွေးတစ်သောင်းတောင်းလို့ သတ်ဖြတ်ခံရ  ရန်ကုန်၊ ဧပြီ၁၉။ ကျောက်တန်းမြို့နယ် ပါဒကြီးကျေးရွာမှာ အကြွေးတစ်သောင်းတောင်းတဲ့သူကို ပုလင်းနဲ့ရိုက်၊ ပုလင်းကွဲနဲ့ထိုးသတ်တဲ့ အမှုဖြစ်ပွား ခဲ့တယ်လို့ ကျောက်တန်းမြို့မရဲစခန်းကနေသိရပါတယ်။ “သေဆုံးသွားတဲ့သူက ပြစ်မှုကျူးလွန်ခဲ့တဲ့သူကို အကြွေးတစ်သောင်းတောင်းတယ်။ပြစ်မှုကျူးလွန်ခဲ့တဲ့သူက မနက်မှပေးမယ်ဆိုပြီးပြောဆိုခဲ့တယ်။ အဲဒီလို ပြောတဲ့အတွက် တစ်ယောက်နဲ့တစ်ယောက်စကားများတယ်။ စကားများပြီးတော့ အကြွေးတောင်းတဲ့သူက အိမ်ပြန်တယ်။အဲဒီအချိန်မှာ နောက်ကနေလိုက်ပြီး ပုလင်းနဲ့ ရိုက်တယ်။ပုလင်းကွဲနဲ့ထိုးခဲ့တယ်”လို့ ကျောက်တန်းမြို့မရဲစခန်းကတာဝန်ရှိသူတစ်ဦးကပြောပါတယ်။ သေဆုံးသူကို သူ့ရဲ့ နေအိမ်ခြံဝန်းထဲမှာ ၀ဲနူတ်ခမ်းပြတ်ရှဒဏ်ရာ ၊ ၀ဲနားထင်ပြတ်ရှဒဏ်ရာ၊ မျက်နာတစ်ခုလုံးဖူးရောင်ဒဏ်ရာတွေနဲ့သေဆုံးနေတာကို ဧပြီလ ၁၉ရက်နေ့ နံနက်၆နာရီက တွေ့ရှိခဲ့တယ်လို့လည်းသိရပါတယ်။ သေဆုံးသွားတဲ့အမျိုးသားကိုဘု(ခ)သွယ်လင်းမောင်အသက်(၃၆)နှစ် ဖြစ်ပြီး ပြစ်မှုကျူးလွန်ခဲ့တဲ့ အမျိုးသားက စိုးပေ အသက် (၃၅)နှစ်နှစ်ဦးစလုံးက ပါဒကြီးကျေးရွာမှာနေထိုင်တယ်လို့လည်းသိရပါတယ်။ ပြစ်မှုကျူးလွန်ခဲ့တဲ့ စိုးပေကို ကျောက်တန်းမြို့မရဲစခန်းက ဧပြီလ၁၉ရက်နေ့ နေ့လည်၁၁နာရီက ဖမ်းဆီးရမိတယ်လို့လည်းသိရပါတယ်။ ကျောက်တန်းမြို့မရဲစခန်းက တာဝန်ရှိသူတစ်ဦးက ဒဏ်ရာကသိပ်မများပါဘူး မများပေမယ့် ၁၈ရက်နေ့ညက ဖြစ်စဉ်ကဖြစ်ခဲ့တာဆိုတော့ သွေးထွက်လွန်ပြီးသေသွားတာ လို့မှတ်ချက်ချပါတယ်။ ကျောက်တန်းမြို့မရဲစခန်းကနေပြီးတော့ စိုးပေကိုအမှုဖွင့်အရေးယူထားတယ်လို့သိရပါတယ်။ နှင်းနှင်း
ကျောက်တန်းမှာ အကြွေးတစ်သောင်းတောင်းလို့ သတ်ဖြတ်ခံရ ကျောက်တန်းမှာ အကြွေးတစ်သောင်းတောင်းလို့ သတ်ဖြတ်ခံရ Reviewed by Unknown on 7:15 AM Rating: 5

Post AD