ပေါ်တူဂီတွင် ဈေးဝယ်ကုန်တိုက်အနီး လေယာဉ်ငယ် တစ်စင်းပျက်ကျ၍ ငါးဦးသေဆုံး
လစ္စဘွန်း ဧပြီ ၁၇
ပေါ်တူဂီနိုင်ငံ လစ္စဘွန်းအပြင်ဘက် ရပ်ကွက်ဧရိယာအတွင်းရှိ ဈေးဝယ်ကုန်တိုက်တစ်ခုတွင် တနင်္လာနေ့က လေယာဉ်ငယ်တစ်စင်း ပျက်ကျခဲ့ရာ လူငါးဦးသေဆုံးသွားကြောင်း ကယ်ဆယ်ရေးအဖွဲ့က ပြောကြားခဲ့သည်။
ပျက်ကျသွားသည့်လေယာဉ်သည် ပုဂ္ဂလိကလေကြောင်းလိုင်းပိုင် လေယာဉ်တစ်စင်းဖြစ်ပြီး လစ္စဘွန်းအနောက်ဘက်မှ ကီလိုမီတာ ၂ဝ (၁၂ ဒသမ ၅မိုင်)အကွာခန့်ရှိCascais အပန်းဖြေစခန်းမြို့အနီးတွင်ရှိသည့် တိုင်ယက်စ်လေဆိပ်မှ ပျံသန်း ထွက်ခွာလာပြီးနောက်တွင် ပျက်ကျသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လေယာဉ်သည် ပြင်သစ်နိုင်ငံMarseiles သို့ ဦးတည်ပျံသန်း ထွက်ခွာလာခဲ့ခြင်းဖြစ်ကြောင်း ပြည်တွင်းအရေးပေါ် ဝန်ဆောင်မှုအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ အန်ဒရီဖာနန်ဒီက ပြောကြားခဲ့သည်။ လေယာဉ်ပေါ်လိုက်ပါလာကြသည့် ပြင်သစ်နိုင်ငံသား သုံးဦးနှင့် ဆွစ်ဇာလန်နိုင်ငံသားတစ်ဦးတို့မှာလည်း လေယာဉ်ပျက်ကျမှုအတွင်း သေဆုံးသွားခဲ့သည်။
လေယာဉ်သည် ထရပ်ကားတစ်စင်းပေါ်သို့ပျက်ကျခဲ့ပြီး မီးစွဲလောင်ခဲ့ကာ မြေပြင်ပေါ်ရှိလူတစ်ဦးမှာလည်း သေဆုံးသွားခဲ့ ကြောင်း ဖာနန်ဒီက ပြောကြားခဲ့သည်။ လေယာဉ်ပျက်ကျရခြင်းအကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း သိရသည်။
ပေါ်တူဂီသမ္မတ မာဆယ်လိုရီဘယ်လိုဒီဆူဆာသည် လေယာဉ်ပျက်ကျမှုဖြစ်ပွားရာနေရာသို့ သွားရောက်ခဲ့သည်။အခင်းဖြစ်ပွားရာ၌ ကယ်ဆယ်ရေးလုပ်သား ၅ဝ ကျော်ခန့် ရှာဖွေကယ်ဆယ်ရေးလုပ်ဆောင်ရန် ရောက်ရှိနေခဲ့ကြောင်း သိရသည်။
(ရိုက်တာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/

Reviewed by Unknown
on
7:02 PM
Rating:
Reviewed by Unknown
on
7:02 PM
Rating:

Post a Comment