နတ်မြစ်အတွင်းအပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွား၊ တစ်ဦးဒဏ်ရာရ
နိရဉ္စရာ၊ ဧပြီ ၁၇
မြန်မာနိုင်ငံ အနောက်ဘက် နယ်စပ် နတ်မြစ်အတွင်း ဘင်္ဂလာဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့နှင့် မူးယစ်မှောင်ခိုသမားတို့ ယနေ့ ဧပြီလ ၁၇ ရက်နေ့ နံနက်က အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားရာ မူးယစ်သမား တစ်ဦးဒဏ်ရာ ရရှိသွားကြောင်း The Daily Star တွင် သတင်းဖော်ပြသည်။
၎င်းပြင် မြန်မာနိုင်ငံမှ ဘင်္ဂလီ သုံးဦး၊ ယာဘားစိတ်ကြွဆေးပြား တစ်သိန်းငါးသောင်းနှင့် ကျည်ဆံ နှစ်တောင့်တို့အား ဘုတ်ပေါ် တက်ရောက်ရှာဖွေစဉ် ဖမ်းဆီးရမိသည်ဟု BGB နယ်ခြားစောင့်တပ်ဖွဲ့ တပ်မှူး ဗိုလ်မှူးချုပ် Abujar Al Jahid ကိုးကားပြီး သတင်းတွင် ဖော်ပြသည်။
မှောင်ခိုသမားများ၏ လှော်တက်ဖြင့် တိုက်ခိုက်မှုကြောင့် ဘင်္ဂလာ နယ်ခြားစောင့်တပ်ဖွဲ့ဝင်သုံးဦး ဒဏ်ရာ ရရှိသွားပြီး ဆေးရုံတင်ထားရသည်။
ဒဏ်ရာ ရရှိသွားသူ မူးယစ်မှောင်ခိုသမား Yunus (၄၅) နှစ်ကို ကော့စ်ဘဇားခရိုင် ဆေးရုံသို့ တင်ပို့လိုက်ပြီး နယ်ခြားစောင့် တပ်ဖွဲ့ဝင် သုံးဦးကို တက်ကနက် မြို့နယ်ဆေးရုံသို့ အမြန်တင်ပို့ခဲ့ရသည်ဟု သတင်းတွင် ဖော်ပြသည်။
တစ်ခြား သီးခြား ဖြစ်စဉ် တစ်ခုတွင် တက်ကနက်မြို့ Joillar Dia အရပ်မှ စိတ်ကြွဆေးပြား (၅) သိန်းကို ဖမ်းမိခဲ့သည်ဟု သတင်းတွင် ဖော်ပြထားသည်။
Narinjara
https://www.facebook.com/Narinjara

Reviewed by Unknown
on
7:06 PM
Rating:
Reviewed by Unknown
on
7:06 PM
Rating:

Post a Comment