Header AD

သင်္ကြန်နဲ့ ဆက်နွယ်ပြီး သေဆုံးသူ ၁၆ဦးသာ ရှိကြောင်း ပြင်ဆင်ဖတ်ရူပေးဖို့ နိုင်ငံပိုင်သတင်းစာ မေတ္တာရပ်ခံချက်ဖော်ပြ

သင်္ကြန်နဲ့ ဆက်နွယ်ပြီး သေဆုံးသူ ၁၆ဦးသာ ရှိကြောင်း ပြင်ဆင်ဖတ်ရူပေးဖို့
နိုင်ငံပိုင်သတင်းစာ မေတ္တာရပ်ခံချက်ဖော်ပြ
ရန်ကုန်၊ ဧပြီ ၁၉ – မဟာသင်္ကြန်ကာလအတွင်း သင်္ကြန်နဲ့ ပတ်သတ်ဆက်နွယ်ပြီး ဖြစ်ပွားတဲ့ အမှုတွေထဲမှ သေဆုံးသူ ၁၆ဦးသာ ရှိခဲ့တယ်လို့ပြင်ဆင်ဖတ်ရူပေးဖို့ နိုင်ငံပိုင်သတင်းစာကဒီကနေ့မှာ မေတ္တာရပ်ခံချက်ကိုဖော်ပြလိုက်ပါတယ်။
ပြန်ကြားရေးဝန်ကြီးဌာနရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ ” ၂၀၁၇ခုနှစ် သင်္ကြန်ကာလအတွင်း တစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ သင်္ကြန်နဲ့ ပတ်သတ်သော ပြစ်မှုပေါင်း ၁၂၀၀ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၂၈၅ဦးနဲ့ ဒဏ်ရာရရှိသူ ၁၀၇၃ဦး ရှိ ” ဆိုတဲ့ ခေါင်းစဉ်နဲ့သတင်းကို ဧပြီလ ၁၇ရက်နေ့မှာ ဖော်ပြခဲ့ပါတယ်။
အဲဒီနောက်မှာတော့ အဆိုပါသတင်း ကို လူမူကွန်ယက်သုံးစွဲသူအများအပြားက ဝေမျှခဲ့ပြီး သင်္ကြန်ကာလအတွင်းသေဆုံးသူ အရေအတွက် များပြားနေတာကိုထောက်ပြခဲ့ကြပါတယ်။
ဒီကနေ့ ထုတ် ကြေးမုံသတင်းစာမျက်နှာ ၁၄မှာ သင်္ကြန်နဲ့ပတ်သတ်တဲ့အမှုနဲ့ သင်္ကြန်နဲ့ မပတ်သတ်တဲ့ အမှုနှစ်မျိုးခွဲကာပြင်ဆင် ဖတ်ရူပေးဖို့ မေတ္တာရပ်ခံထားပြီး ဘယ်လိုစာရင်းလွဲမှားဖော်ပြမိတယ်ဆိုတာကို ဖော်ပြထားခြင်းမရှိပါဘူး။
ပြင်ဆင်ဖော်ပြချက်အရ မဟာသင်္ကြန်အကြိုနေ့မှ အတက်နေ့ အထိ သင်္ကြန်နဲ့ ပတ်သတ်ဆက်နွယ်ပြီး ဖြစ်ပွားတဲ့ အမှုပေါင်း ၂၀၈မှု ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၁၆ဦးနဲ့ ဒဏ်ရာ ရရှိသူ ၁၉၄ ဦး ရှိခဲ့တယ်လို့ သိရပါတယ်။
သင်္ကြန်နဲ့ မပတ်သတ်တဲ့ အမှုပေါင်း ၉၉၂မှု ဖြစ်ပွားခဲ့ကာ သေဆုံးသူ ၂၆၉ဦးနဲ့ ဒဏ်ရာရရှိသူ ၈၇၉ဦး ရှိတယ်လို့ဖော်ပြထားပါတယ်။
အဲ့ဒါကြောင့် သင်္ကြန်ကာလအတွင်း စုစုပေါင်း မှုခင်းဖြစ်ပွားမှု ၁၂၀၀ ဖြစ်ပွားခဲ့ကာ သေဆုံးသူ ၂၈၅ဦးနဲ့ ဒဏ်ရာရရှိသူ ၁၀၃၇ယောက် ရှိတယ်လို့ သိရပါတယ်။
သင်္ကြန်ကာလအတွင်း နေပြည်တော်ပြည်ထောင်စုနယ်မြေမှာ အမှုပေါင်း ၃၉မှု ဖြစ်ပွားခဲ့ပြီး သေဆုံးသူ (၁၀)ဦး နဲ့ ဒဏ်ရာ ရရှိသူ ၂၈ ဦး ၊ ကချင်ပြည်နယ်မှာ (၃၄) မှု ဖြစ်ပွားခဲ့ပြီး သေဆုံးသူ (၉)ဦး နဲ့ ဒဏ်ရာရရှိသူ (၁၅) ဦး ရှိတယ်လို့ သိရပါတယ်။ ကယားပြည်နယ်မှာတော့ (၇)မှု ဖြစ်ပွားခဲ့ပြီး သေဆုံးသူ (၁)ဦး နဲ့ ဒဏ်ရာရရှိသူ (၆) ဦး ရှိခဲ့တယ်လို့ သိရပါတယ်။
ကရင်ပြည်နယ်မှာ အမှု ၁၅မှု ဖြစ်ပွားခဲ့ကာ သေဆုံးသူ ၅ဦးနဲ့ ဒဏ်ရာရရှိသူ ၃၁ဦး ရှိခဲ့ပြီး ချင်းပြည်နယ်မှာတော့ (၃)မှု ဖြစ်ပွားခဲ့ကာ သေဆုံးသူ (၁)ဦး နဲ့ ဒဏ်ရာ ရရှိသူ ၁ဦး ရှိခဲ့တယ် လို့ သိရပါတယ်။မွန်ပြည်နယ်မှာ အမှုပေါင်း ၅၀ဖြစ်ပွားခဲ့ကာ သေဆုံးသူ ဦးရေ (၂၀)နဲ့ ဒဏ်ရာရရှိသူ ၆၆ဦး ရှိခဲ့တယ်လို့ သိရပြီး ရခိုင်ပြည်နယ်မှာတော့ ၄၇မှု ဖြစ်ပွားခဲ့ကာ သေဆုံးသူ ၁၇ဦးနဲ့ ဒဏ်ရာရရှိသူ ၆၆ဦး ရှိတယ်လို့ သိရပါတယ်။ ရှမ်းပြည်နယ်မှာတော့ အမှု ၅၉မှု ဖြစ်ပွားခဲ့ကာ သေဆုံးသူ ၂၉ဦးနဲ့ ဒဏ်ရာရရှိသူ ၅၂ဦး ရှိတယ်လို့ သိရပါတယ်။
တိုင်းဒေသကြီးတွေမှာတော့ ရန်ကုန်တိုင်းမှာ ၂၂၃ မှု ဖြစ်ပွားခဲ့ ပြီး သေဆုံးသူ ၄၄ဦးနဲ့ ဒဏ်ရာရရှိသူ ၁၁၁ဦး ရှိတယ်လို့ သိရပါတယ်။ ဧရာဝတီတိုင်းမှာတော့ ၁၄၄မှု ဖြစ်ပွားခဲ့ကာ သေဆုံးသူ ၂၈ဦးနဲ့ ဒဏ်ရာရရှိသူ ၁၀၄ဦး ရှိတယ်လို့ သိရပါတယ်။မန္တလေးတိုင်းမှာ အမှုပေါင်း ၁၆၀ ဖြစ်ပွားခဲ့ကာ သေဆုံးသူ ၃၆ဦးနဲ့ ဒဏ်ရာရရှိသူ ၁၃၆ဦး ရှိခဲ့သလို မကွေးတိုင်းမှာတော့ ၅၆မှု ဖြစ်ပွားခဲ့ကာ သေဆုံးသူ ၁၁ဦးနဲ့ ဒဏ်ရာရရှိသူ ၄၅ဦး ရှိခဲ့တယ်လို့ သိရပါတယ်။
ပဲခူးတိုင်းမှာတော့ ၁၅၄မှု ဖြစ်ပွားခဲ့ကာ သေဆုံးသူ ၃၇ဦးနဲ့ ဒဏ်ရာရရှိသူ ၁၈၃ဦး ရှိခဲ့ပြီး တနင်္သာရီတိုင်းမှာတော့ အမှု ၄၂မှု ဖြစ်ပွားခဲ့ကာ သေဆုံးသူ ၁၁ဦးနဲ့ ဒဏ်ရာ ရရှိသူ ၃၅ဦးရှိခဲ့တယ်လို့ သိရပါတယ်။ စစ်ကိုင်းတိုင်းမှာတော့ ၁၆၇မှု ဖြစ်ပွားခဲ့ပြီး သေဆုံးသူ (၂၆)ဦးနဲ့ ဒဏ်ရာရရှိသူ ၁၉၄ဦး ရှိခဲ့တယ်လို့ သိရပါတယ်။
အောင်လေး
သင်္ကြန်နဲ့ ဆက်နွယ်ပြီး သေဆုံးသူ ၁၆ဦးသာ ရှိကြောင်း ပြင်ဆင်ဖတ်ရူပေးဖို့ နိုင်ငံပိုင်သတင်းစာ မေတ္တာရပ်ခံချက်ဖော်ပြ သင်္ကြန်နဲ့ ဆက်နွယ်ပြီး သေဆုံးသူ ၁၆ဦးသာ ရှိကြောင်း ပြင်ဆင်ဖတ်ရူပေးဖို့ နိုင်ငံပိုင်သတင်းစာ မေတ္တာရပ်ခံချက်ဖော်ပြ Reviewed by Unknown on 7:18 AM Rating: 5

Post AD