YBS ကားကြိတ်မှုကြောင့် အမျိုးသမီးကြီးတစ်ဦး သေဆုံး
April 15, 2017 ကသတင်းဖြစ်ပါတယ်။
သန်လျင်ဈေးအနောက်ဖက်မှာ YBS 31 ကားနဲ့ ဆိုင်ကယ် အရှိန်နဲ့တိုက်မိခဲ့ပါတယ်။
ဆိုင်ကယ်နောက်က ပါလာတဲ့ အမျိုးသမီးကြီးကတော့ ပွဲချင်းပြီး ကားကြိတ်ခံရကာ သေဆုံးသွားခဲ့ပေမယ့် ဆိုင်ကယ်သမားကတော့ ထွက်ပြေးလွတ်မြောက်နေတယ်လို့ သိရပါတယ်။
ကားသမားကတော့ လမ်းကြောင်းမှန်ဖြစ်နေတဲ့အတွက် ထွက်မပြေးပဲ ယာဉ်မောင်းစခန်းမှာ သွားရောက်ဖြေရှင်းခဲ့ပါတယ်။
ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး မျက်မြင်သက်သေတစ်ဦးက အခုလို ပြောပြခဲ့တာပါ။
“သန်လျှင်ဈေး အနောက်ဖက်မှာ YBS 31 မှ ကြိတ်မိတာပါတဲ့…
အခုလေးတင်ဗျာ…စိတ်မကောင်းဘူး…
ဆိုင်ကယ်ပေါ်က ပြုတ်ကျ ကားအောက်ဝင်သွားတာပါဗျာ ဆိုင်ကယ်သမား မှားတာဆိုတာ အနီးနားကလူတွေသိပါတယ် ကားသမားမှန်လို့ မပြေးတာပါ ရဲ လည်းရှိပါတယ် မျက်မြင်သက်သေတွေအများကြီးပါ
ဆိုင်ကယ်သမားထွက်ပြေး . ယာဉ်မောင်းစခန်းကိုသွားရောက်ဖြေရှင်း”
သတင်းအရင်းမြစ် : moemakha.net

Reviewed by Unknown
on
8:00 PM
Rating:
Reviewed by Unknown
on
8:00 PM
Rating:

Post a Comment