ဆမ်ဆောင်း S8 နဲ့ S8 Plus မှာ ပါဝင်လာတဲ့ ထိပ်တန်းဖီးချားအသစ်များ
ရန်ကုန်၊ ဧပြီ ၄- လက်ရှိမိုဘိုင်းလ်ဈေးကွက်ထဲဝင်လာတဲ့ဆမ်ဆောင်းS8နဲ့ S8 Plusမှာသာပါဝင်လာတဲ့ထိပ်တန်းဖီးချားအသစ်တွေကို အသေးစိတ်ဖော်ပြလိုက်ပါတယ်။သည်အချက်အလက်တွေကို နည်းပညာဝက်ဘ်ဆိုက်ဖြစ်တဲ့ Gadget နဲ့ Samsung Officialဘလော့ဂ်ကနေ ကောက်နုတ်ထားတာ ဖြစ်ပါတယ်။
ဆမ်ဆောင်း Galaxy S8 နဲ့ Galaxy S8 Plus မှာဆိုရင် အဓိက အချက်အလက်တွေအနေနဲ့ Dual Pixel camera ကို ကျောဘက်မှာပါရှိခြင်း၊ Bixby digital assistant နဲ့ Dex desktop dock တို့က သည်စမတ်ဖုန်းမှာ အဓိက ဖီးချား အနေနဲ့ ပါဝင်လာတာ ဖြစ်ပါတယ်။
ကွန်ပျူတာနဲ့ ချိတ်ဆက်သုံးနိုင်
ဆမ်ဆောင်း Dex (Samsung Desktop Experience) လို့ခေါ်တဲ့ နည်းပညာလည်း ပါဝင်လာပါ တယ်။ Samsung Dex က မိုဘိုင်းလ်ကနေ ကွန်ပျူတာပီစီမှာ ကူးပြောင်းချိတ်ဆက်နိုင်တာ ကြောင့် S8 ဖုန်းကို desktop ပေါ် မှာ တင် အသုံးပြုနိုင်မှာ ဖြစ်ပါ တယ်။ မိုက်ခရိုဆော့ဖ်ဝင်းဒိုးစ်ကွန်ပျူတာလက်ပ်တော့တွေမှာ တွဲလျက်အသုံးပြုနိုင်မှာ ဖြစ်ပါ တယ်။
Glaxy S8 , S8 Plus ဖုန်းကို ကွန်ပျူတာ diaplay မှာ တပ်ဆင်ပြီး စမတ်ဖုန်းကိုdesktop ကွန်ပျူတာအဖြစ် ပြောင်းလဲအသုံးပြုနိုင် မယ့်နည်းပညာပါ။ သည်နည်းပညာကို အသုံးပြုပြီး ကွန်ပျူတာ display နဲ့ ချိတ်ဆက်ဖို့ Dex Dock လို့ ခေါ်တဲ့ ပစ္စည်းတွေကို တော့ ထပ်ပြီးဝယ်ယူရမှာ ဖြစ်တယ်လို့ သိရပါတယ်။
ဂလက်ဇီဖုန်းတွေရဲ့ လက်ဗွေရာဆင်ဆာနဲ့ မည်သည့် windows 10 လက်ပ်တော့ ကွန်ပျူတာကိုမဆို လော့ခ်ဖြည်တာတွေ၊ နိုတီဘားတန်းကြည့်တာတွေနဲ့ တခြားလုပ်ငန်းဆောင်တာတွေကိုပါ ပြုလုပ်နိုင်မှာ ဖြစ်ကြောင်း သိရပါ တယ်။ ဝင်းဒိုးစ်ကွန်ပျူတာနဲ့ ချိတ် ဆက်သုံးနိုင်မှာ ဖြစ်တာကြောင့် ဂလက်ဇီဖုန်းထဲကဖုန်းရဲ့ လုပ်ဆောင်ချက်တွေကို လည်း ဝင်းဒိုးစ် ကွန်ပျူတာမှာ လုပ်ဆောင်နိုင်တာမျိုးတွေ ဖြစ်ပါတယ်။
အသံစနစ်နဲ့ ထိန်းချုပ်နိုင်
Samsung Galaxy S8 မှာ ဖုန်းကိုအသံနဲ့ အမိန့်ပေးစေခိုင်း၊ သိလိုရာမေးနိုင်မယ့် Bixby လို့ ခေါ်တဲ့ Virtual Assistant လည်း ပါဝင်လာတာ ဖြစ်ပါတယ်။ Bixby ဟာ ဆမ်ဆောင်းရဲ့ AI နည်းပညာ အသစ်ဖြစ်ပြီး ဂူးဂဲလ်ရဲ့ Google Assistant နဲ့ Apple ရဲ့ Siri တို့ကို ယှဉ်ပြိုင်မယ့် နည်းပညာသစ် ဖြစ်ပါတယ်။
အက်ပဲလ်ရဲ့ Siri ကတော့ ပထမဦးဆုံးအဖြစ် အသံနဲ့စေခိုင်းထိန်းချုပ်နိုင်တဲ့ စနစ်ဖြစ်ပါတယ်။ ဆမ်ဆောင်းက အက်ပဲလ် ကို အတုယူပြီး နည်းပညာကို တီထွင်ခဲ့ပေမဲ့ ပြီးခဲ့တဲ့ မော်ဒယ်လ်တွေထဲမှာ မအောင်မြင်ခဲ့ပါဘူး။ ဒါပေမဲ့ သည် ထုတ်ကုန်အသစ်မှာတော့ Bixby နည်းပညာအသစ်ကို ထည့်သွင်းခဲ့တာ ဖြစ်ပါတယ်။
Home Key မပါဝင်
ဖုန်းကိုယ်ထည်တစ်ခုလုံးမှာ မှန်စခရင်က အပြည့်နီးပါး နေရာ ယူထားတာဖြစ်ပြီး ဆမ်ဆောင်းရဲ့ ထုတ်ကုန်တွေထဲမှာ ပထမဆုံး Home Key မပါတဲ့ စမတ်ဖုန်းအဖြစ် ထွက်ရှိတာ ဖြစ်ပါတယ်။ ဖုန်းမော်ဒယ်လ်နှစ်မျိုးလုံးရဲ့ ကိုယ် ထည်တွေက ဆိုက်ပဲကွာမှာဖြစ်ပြီး ကျန်တဲ့ဖီးချားအကုန်အတူတူပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ဖုန်းရဲ့ အရှေ့မှန်နဲ့ ကျောဘက်ကိုလည်း အကြမ်းခံတဲ့ Gorilla glass ကို သုံးထားတာ ဖြစ်ပါတယ်။
Home Key သီးသန့်မပါတော့တဲ့အတွက် Fingerprint Sensor ကိုတော့ ဖုန်းရဲ့နောက် ကျောကင်မရာဘေးမှာ ထည့်သွင်းထားတာ ဖြစ်ပါတယ်။
နောက်ပြီးဆမ်ဆောင်းက ပထမဦးဆုံး တီထွင် ထည့်သွင်းခဲ့ တဲ့ မျက်ဝန်းစကန်နာပါဝင်မယ့် အပြင် မျက်နှာစကန်ဖတ်တဲ့ Facial Scanner ပါဝင်တာ ဖြစ်ပါတယ်။
ပစ်ဇယ်ကင်မရာ
နောက်တစ်ခုကတော့ ဆမ်ဆောင်းရဲ့ ကျောဘက်ကင်မရာမှာ ကင်မရာနှစ်စုံပါဝင်ပြီး တစ်စုံကို 12 mp နဲ့ ပါဝင်တာဖြစ်တဲ့အပြင် ကင်မရာပိုင်းကို dual pixel camera ဖီးချားပါဝင်တာဖြစ်ပါတယ်။ Dual pixel camera နည်းပညာ ဟာဆိုရင် ပရော်ဖက်ရှင်နယ်ကင်မရာ DSLR လို စနစ်ပုံစံဖြစ်တာ ကြောင့် ဓာတ်ပုံရိုက်လိုက်တိုင်း zoom ဆွဲပြီး ရိုက်မယ်ဆိုရင် တောင် focus မဝါးတဲ့အပြင် autofocus ချိန်နိုင်မှာ ဖြစ်ပါတယ်။
ဒါ့အပြင် ဓာတ်ပုံတွေ ကြည့်တဲ့ အခါ zoom ချဲ့ရင်တောင် မမှုန်မဝါးသွားဘဲ အသေးစိတ်ကြည့်နိုင်မှာ ဖြစ်ပါတယ်။ နောက်ပြီး ဓာတ်ပုံ ကို ဖုန်း wallpaper တင်ရင်တောင် pixel ကောင်းတာကြောင့် ကြည် လင်ပြတ်သားနေပြီး ပုံတွေကို ဆို ရှယ်အကောင့်တွေမှာ တင်တာဖြစ်စေ၊ ပုံကို edit လုပ်ပြီး ဖြတ်ညှပ် ကပ်လုပ်ရင်တောင် ပုံမှာဝါးပြီး မ ကြည်တာမျိုး မဖြစ်စေဘဲ မူရင်းပုံထွက်အတိုင်း ရစေမှာ ဖြစ်ပါတယ်။
ဓာတ်ပုံအရည်အသွေးကို အလင်းအမှောင်ကို auto ညှိပေးတဲ့ စနစ်ပါဝင်ပြီး အရောင်ကာလာချိန်တဲ့ RGB (Red/Grey/Blue) ကိုလည်း DSLR ကင်မရာတွေလို ရုပ်ထွက်နဲ့ အရောင်အတိုင်း စိုနေတဲ့ ကာလာကို ရရှိစေမှာ ဖြစ်ပါ တယ်။
The Glaxy S8 and S8 Plus Sport 12-megapixel dual pixel technology with ပုံရဲ့ မြင်ကွင်းကို အငြိမ်ပိုင်းစနစ်ဖြစ်တဲ့ OIS (optical image stabillsation) ပါဝင်တာကြောင့် ဓာတ်ပုံရိုက်နေရင်း လက်မငြိမ်တဲ့ အခါတွေ၊ ရွှေ့ နေတဲ့အခါတွေမှာ ရိုက်ကူးရင် တောင် ရုပ်ပုံထွက်လာရင် ပုံထွက် မဝါးသွားအောင် ထိန်းညှိပေးတာ ဖြစ်ပါတယ်။ ကျောဘက်ကင်မရာ မှာ f/1.7 aperture နဲ့ ရှေ့ဆယ်ဖီကင်မရာမှာ 8-megapixel ပါဝင်ပြီး aut ofocus စင်တာနဲ့ အရှေ့ ဘက်မှာ f/1.7 aperture ပါဝင် တာ ဖြစ်ပါတယ်။
Author မေဘယ်လ်
ဆမ်ဆောင်း S8 နဲ့ S8 Plus မှာ ပါဝင်လာတဲ့ ထိပ်တန်းဖီးချားအသစ်များ
Reviewed by Unknown
on
7:29 PM
Rating:
Reviewed by Unknown
on
7:29 PM
Rating:


Post a Comment