Header AD

NSAက ကမ္ဘာ့ဘဏ်များကို လျှို့ဝှက်စောင့်ကြည့်မှုကို ဟက်ကာအဖွဲ့တစ်ခု ဖော်ထုတ်

ဧပြီ ၁၆၊ ၂၀၁၇ သတင်းဖြစ်ပါတယ်။
– အမေရိကန်ထောက်လှမ်းရေးအေဂျင်စီတစ်ခုဖြစ်သော NSA မှာ စီးပွားဖြစ်ဆော့ဖ်ဝဲများ၏ အားနည်းချက်များကို အသုံးပြုကာ တစ်ကမ္ဘာလုံးရှိ ဘဏ်များ၏ ငွေလွှဲမှုများကို လျှို့ဝှက် ၀င်ရောက်ကြည့်ရှုခဲ့သည်ဟု ဟက်ကာအဖွဲ့ဖြစ်သော Shadow Brokers က ဖော်ထုတ်လိုက်သည်။
အဆိုပါအဖွဲ့မှာ သောကြာနေ့က လျှို့ဝှက် စာရွက်စာတမ်းများနှင့် ဖိုင်များကို ထုတ်ပြန်လိုက်ပြီး အဆိုပါ အချက်အလက်များအရ NSA မှာ SWIFT ငွေကြေးလွှဲပြောင်းမှုစနစ်အတွင်းသို့ အရှေ့အလယ်ပိုင်းနှင့် လက်တင်အမေရိကရှိ အင်တာနက်ကွန်ယက်များမှ ၀င်ရောက်ကြည့်ရှုခဲ့မှုကို ဖော်ပြနေသည်။
ဆိုက်ဘာလုံခြုံရေး လုပ်ငန်းတစ်ခုဖြစ်သော Comae Technologies ကို တည်ထောင်သူ မတ် ဆူချီက screen shot များအရ SWIFT နှင် ဆက်နွယ်သည့်လုပ်ငန်းများမှာ ၂၀၁၃ ခုနှစ်တွင် ၀င်းဒိုးဆာဗာများကို အသုံးပြုခဲ့ပြီး ထိုအချိန်က အဆိုပါ ဆာဗာများမှာ အားနည်းချက်များရှိကာ NSA က ထိုအချက်ကို အသုံးချခဲ့ကြောင်း ၎င်း၏ ဘလော့စာမျက်နှာတွင် ရေးသားခဲ့သည်။
NSA မှာ ယခင်ကလည်း ဆိုက်ဘာချိုးဖောက်မှုများ ပြုလုပ်ခြင်း၊ ဖုန်းကြားဖြတ်နားထောင်ခြင်း စသည်တို့ဖြင့် ကမ္ဘာ့ပြည်သူများ၊ အစိုးရများ၊ နိုင်ငံ့ခေါင်းဆောင်များကို လျှို့ဝှက်ထောက်လှမ်းမှုများကို ပြုလုပ်ခဲ့ကြောင်း ၀ီကီလီခ်ကာ အကြိမ်ကြိမ်ဖော်ထုတ်ခဲ့သည်။
လက်ရှိ Shadow Brokers က ထုတ်ဖော်လိုက်သည့် အချက်အလက်များနှင့်ပတ်သက်၍ Reuters သတင်းဌာနက အတည်ပြုနိုင်ခြင်းမရှိသေးပေ။ မိုခရိုဆော့ဖ်က ၎င်းတို့၏ ၀င်းဒိုးဆာဗာတွင် အားနည်းချက်များရှိပြီး ပြုပြင်ပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။
Ref: CNA


NSAက ကမ္ဘာ့ဘဏ်များကို လျှို့ဝှက်စောင့်ကြည့်မှုကို ဟက်ကာအဖွဲ့တစ်ခု ဖော်ထုတ် NSAက ကမ္ဘာ့ဘဏ်များကို လျှို့ဝှက်စောင့်ကြည့်မှုကို ဟက်ကာအဖွဲ့တစ်ခု ဖော်ထုတ် Reviewed by Unknown on 9:04 AM Rating: 5

Post AD