Header AD

အောင်ဝင်းခိုင်ကိုINTERPOL က အနီရောင်ကြေညာချက် ထုတ်ပြန်ထား

နေပြည်တော်၊ ဧပြီ ၈
ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် ပြည်ပဆိုက်ရောက် ဂိတ်(၆)ရှေ့၌ ဇန်နဝါရီလ ၂၉ ရက်နေ့ ညနေပိုင်းက တရားလွှတ်တော်ရှေ့နေ ဦးကိုနီ အား ကြည်လင်းမှ သေနတ်ဖြင့် ပစ်ခတ်မှုဖြစ်စဉ် ဖြစ်ပွားခဲ့သဖြင့် မင်္ဂလာဒုံ မြို့မ ရဲစခန်း(ပ)၁၅၀/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အရေးယူ ဆောင်ရွက် ခဲ့သည်။
စစ်ဆေးချက်များအရ ပြစ်မှုကျူးလွန်ရာတွင် ပါဝင်ခဲ့သူ တရားခံပြေး အောင်ဝင်းခိုင် (၄၅) နှစ် (ဘ) ဦးအောင်သန်းသည် အမှုမှ ထွက်ပြေး တိမ်းရှောင်လျက်ရှိသဖြင့် ၎င်းအား ဖမ်းဆီးရမိရေးအတွက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ အပြည်ပြည်ဆိုင်ရာ ရဲအဖွဲ့ အထွေထွေ အတွင်းရေးမှူးချုပ်ရုံး (INTERPOL) နှင့် ချိတ်ဆက် ဆောင်ရွက်ခဲ့ရာ ဧပြီ ၇ ရက်တွင် INTERPOL မှ ၄င်းအား အနီရောင်ကြေညာချက် (Red Notice) တရားဝင် ထုတ်ပြန်ထား ရှိကြောင်း သိရှိရသည်။
MOI
အောင်ဝင်းခိုင်ကိုINTERPOL က အနီရောင်ကြေညာချက် ထုတ်ပြန်ထား အောင်ဝင်းခိုင်ကိုINTERPOL က အနီရောင်ကြေညာချက် ထုတ်ပြန်ထား Reviewed by Unknown on 7:01 AM Rating: 5

Post AD