Header AD

facebook သုံးရင်းနဲ့စခဲ့တဲ့ဇာတ်လမ်းလေးပါ

ကျောက်မဲမြို့နဲ့မနီးမဝေးရွာကလေးတစ်ရွာက ငယ်ရွယ်သေးတဲ့ကလေးအမေတစ်ယောက်က facebook သုံးပါတယ် သူ့အမျိုးသားကတော့ဆုံးသွားပါပြီ သူ့မှာကလေး ၂ ယောက်ရှိတယ် ကောင်မလေးက facebook သုံးတတ်တာမကြာသေးပါဘူး သူမက facebook သုံးရင်းက လိုင်းပေါ်မှာကောင်လေးတစ်ယောက်နဲ့ခင်သွားပြီး အပြန်အလှန်စာတွေပို့ရင်း ညှိသွားပါတယ် တစ်ယောက်ကိုတစ်ယောက်မမြင်ဘူးကြပါဘူး facebook ပေါ်မှာပြောကြယင်းက တစ်ယောက်နဲ့တစ်ယောက်ဓါတ်ပုံတွေပို့ လက်ဆောင်တွေဘာတွေပို့ပေးတဲ့အဆင့်အထိဖြစ်လာတယ် ကောင်လေးကအထိမ်းအမှတ်နေ့တွေဆို ကားဂိတ်ကနေတစ်ဆင့်နိုင်ငံခြားကလာတဲ့လက်ဆောင်တွေအမြဲပို့ပေးပါတယ် ကောင်လေးဘက်က သူဟာစင်္ကာပူက ကုမ္မဏီတစ်ခုမှာအလုပ်လုပ်နေတဲ့အကြောင်း အိမ်ထောင်မရှိဘူးဆိုတဲ့အကြောင်းလောက်သာကောင်မလေးကသိထားတာပါ တစ်ခြားဘာအကြောင်းမှ ဂဃနဏသိထားတာမဟုတ်ပါဘူး အမှန်တကယ်ကကောင်လေးကမိန်းမနှစ်ယောက်တောင်ယူထားတာလို့နောက်ပိုင်းမှသိရပါတယ် ဒီလိုနဲ့တစ်နေ့တော့ကောင်လေးကကောင်မလေးဆီကို စင်္ကာပူကသူလုပ်တဲ့ကုမ္မဏီကခွင့် ၁၀ ရက်ရလို့မြန်မာပြည်ပြန်လာတုန်းကောင်မလေးနဲ့တွေ့ဘူးချင်လို့ မန္တလေးမှာဆုံကြဖို့ချိန်းလိုက်ပါတယ် အဲဒီမှာကောင်မလေးလည်းတွေ့ဖို့မန္တလေးကိုဆင်းသွားပါတယ် အစီအစဉ်ကတော့မန္တလေးမှာတွေ့ပြီးနေ့ခြင်းပြန်ဖို့စီစဉ်ပြီးသွားခဲ့တာပါ မန္တလေးရောက်တဲ့ကောင်လေးကညအိပ်ပြီးမှပြန်ဖို့ သူမြန်မာပြည်ကိုခဏလေးဘဲပြန်လာရတုန်းတွေ့ချင်တဲ့အကြောင်းတွေပြောပြီးတားတယ် နောက်သူတို့နှစ်ယောက်စားသောက်စကားပြောနေကြတုန်း ကောင်လေးကအကြံအစည်နဲ့ကောင်မလေးသောက်တဲ့အထဲမှာဆေးခတ်လိုက်ပါတယ် နောက်တော့ကောင်မလေးလည်းမပြန်နိုင်တော့ဘူးဆိုမှကြိုတင်ငှားထားတဲ့ဟိုတယ်ကိုခေါ်သွားပါတော့တယ် ဒီလိုနဲ့ဟိုတယ်မှကောင်လေးနဲ့ကောင်မလေးတို့နှစ်ညအတူတည်းပြီးမှကောင်မလေးက မန္တလေးကပြန်လာပါတယ် မန္တလေးမှာနေစဉ်ကောင်လေးကခရီးထွက်နေရလို့လမ်းစရိတ်ပြတ်သွားတဲ့အကြောင်း စင်္ကာပူကပါလာတဲ့ငွေတွေကလည်းသူ့အဒေါ်ဆီမှာထားခဲ့တဲ့အကြောင်းပြောပြပြီး တည်းခိုခန်းခရှင်းတာကအစကောင်မလေးကစိုက်ရှင်းပေးခိုက်ရတဲ့အပြင် လမ်းစရိတ်အတွက်ပါငွေချေးပေးလိုက်ရပါတယ် ကောင်လေးကရန်ကုန်ပြန်ရောက်တာနဲ့ယူသွားတဲ့ငွေတွေကို သူ့အဒေါ်ဆီကတောင်းပြီးပြန်လွဲပေးလိုက်မဲ့အကြောင်းပြောသွားခဲ့တယ် ဒီလိုနဲ့ကောင်မလေးကျောက်မဲပြန်ရောက်ပြီ ၂ လကျော်ကြာတော့မှလက်ဆောင်ပစ္စည်းဆိုပို့လာပြီး လက်ဆောင်နဲ့အတူ video ခွေတစ်ခွေထည့်ပေးလာပါတယ် အဲဒီ video ခွေကတော့တစ်ခြားခွေမဟုတ်ပါဘူး ကောင်လေးနဲ့ကောင်မလေးဟိုတယ်မှာအတူအိပ်ခဲ့စဉ်က spy camera နဲ့ခိုးရိုက်ထားတဲ့ခွေပါ ကောင်လေးကအဲဒီခွေကို အင်တာနက်ပေါ်တင်မဲ့အကြောင်း မတင်စေချင်ရင်တော့သူ့ဆီကိုငွေ ၂၅ သိန်းပို့ပေးရမယ်လို့ဆိုလာပါတယ် အဲဒီမှာကောင်မလေးလည်းမကြံတတ်အောင်ဖြစ်သွားပါတယ် အကယ်၍များကောင်လေးပြောသလိုတင်လိုက်ရင် သူ့မိဘမောင်ဘွားညီအကိုနဲ့ဆွေမျိုးသားချင်းတွေ သိက္ခာကျတော့မှာဆိုပြီး ကောင်လေးတောင်းတဲ့ငွေ ၂၅ သိန်းကိုပို့ပေးလိုက်ရပါတော့တယ် ကောင်မလေးဘက်ကလည်း ပို့ပေးနိုင်တဲ့အခြေအနေဆိုပေမဲ့ ဒီငွေကိုစုပြီးမှပို့ပေးခဲ့ရတာပါ အခုတော့အဲဒီကောင်မလေးလည်း အင်တာနက်ဆိုတာသုံးရမှာကိုကြောက်သွားခဲ့ပြီး သုံးကိုမသုံးရဲတော့ပါဘူး ဒီတော့မိန်းခလေးတွေအနေနဲ့ facebook ဖြစ်ဖြစ် အခြားအင်တာနက်နဲ့ဆိုင်တာတစ်ခုခုကိုသုံးတော့မယ်ဆိုရင် လိုင်းပေါ်မှာတွေ့တဲ့သူတိုင်းကို အလွယ်တကူမယုံလိုက်ကြပါနဲ့ ဘယ်နေရာမှာတွေ့ချင်တယ်ဆိုတိုင်းအဖေါ်မပါဘဲမသွားကြပါနဲ့ ကောင်းတဲ့သူတွေရှိသလို မကောင်းတဲ့သူတွေလည်း လိုင်းပေါ်မှာအများကြီးရှိပါတယ် သတိထားကြပါ ဒီ post လေးကို ပညာပေးရင်းရေးသားပေးလိုက်တာပါ ဒီဇာတ်လမ်းလေးကို ကောင်မလေးနဲ့ရင်းနှီးတဲ့ကျွန်တော့်သူငယ်ချင်းတစ်ယောက်ကပြန်ပြောပြပြီး ကျွန်တော့်ကိုရေးပြီး facebook မှာတင်ပေးဖို့ပြောလာတာကြောင့် အားလုံးလည်းသတိထားနိုင်အောင်ရေးသားပေးလိုက်တာပါ အရာရာကိုသတိထားကြပါလို့ပြောချင်ပါတယ်
စေတနာမေတ္တာမွန်ဖြင့်
#မူရင်းရေးသားသူအား creditပေးပါသည်
facebook သုံးရင်းနဲ့စခဲ့တဲ့ဇာတ်လမ်းလေးပါ facebook သုံးရင်းနဲ့စခဲ့တဲ့ဇာတ်လမ်းလေးပါ Reviewed by Unknown on 11:41 PM Rating: 5

Post AD