Header AD

အမြန်လမ်းတွင် ယာဉ်မောင်း အိပ်ငိုက်၍ Express ယာဉ် မတော်တဆမှုဖြစ်ပွား

နေပြည်တော် ဧပြီ ၂၁

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၏ မိုင်တိုင်အမှတ် ၅၉/၃နှင့် ၄ ကြား မန္တလေး ဘက်မှ ရန်ကုန်ဘက်သို့ ယာဉ်မောင်း မောင်အေး မောင်းနှင် လာသော ရွှေရည်ဖူးပွင့် express ယာဉ်သည် ယနေ့နံနက် ၅နာရီခွဲက ယာဉ်မောင်း အိပ်ငိုက်၍ လမ်းလယ်ကျွန်းကို တိုက်ပြီးနောက် တံတား ကွန်ကရစ် တိုင်ကို တိုက်ကာရပ်တန်သွားခဲ့သည်။
ဖြစ်စဉ်ကြောင့် express ယာဉ်ပေါ်ပါ ၃၄ ဦးမှာ ထိခိုက်ဒဏ်ရာ ရရှိမှု မရှိသော် လည်း ယာဉ်မှာ ၁၀ သိန်းဘိုးခန့် ပျက်စီးသွားသည်။ သို့ပါ၍ ယာဉ် ကို မဆင်မခြင်ပေါ့ ဆစွာ မောင်းနှင်သူ မောင်အေးအား ဘောနီအမြန်လမ်း ရဲ တပ်ဖွဲ့မှ ရာဇသတ်ကြီး ပုဒ်မ ၂၇၉ အရ အရေးယူ ထားကြောင်း သိရသည်။

ညီညီသန်း(နေပြည်တော်)
ဓာတ်ပုံ/အမြန်လမ်းရဲတပ်ဖွဲ့
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
အမြန်လမ်းတွင် ယာဉ်မောင်း အိပ်ငိုက်၍ Express ယာဉ် မတော်တဆမှုဖြစ်ပွား  အမြန်လမ်းတွင် ယာဉ်မောင်း အိပ်ငိုက်၍ Express ယာဉ် မတော်တဆမှုဖြစ်ပွား Reviewed by Unknown on 4:58 AM Rating: 5

Post AD