Header AD

ဇာပန်းထည်လေးနှစ်ထည်

လင်မယား နှစ်ယောက်ဟာ လက်ထပ်တာ အနှစ် ၆၀ ရှိသွားပြီ။ သူတို့ နှစ်ဦးဟာ တစ်ယောက်နဲ့ တစ်ယောက် အရမ်းချစ်ကြတယ်။ သားသမီး မရှိကြဘူး။ တစ်ဦးအပေါ် တစ်ဦး ဖုန်းကွယ်ထားတာ မရှိကြဘူး။ ဒါပေမဲ့ အဖွားကြီးဟာ အိမ်အပေါ်ထပ်က အဝတ်ဘီရိုထဲမှာ သေတ္တာအသေးလေးတစ်လုံးကို သိမ်းထားတယ်။ အဖွားကြီးက သူ့ယောက်ျားကို သေတ္တာကို ဖွင့်မကြည့်ဖို့နဲ့ အထဲမှာ ဘာရှိသလဲဆိုတာကို မမေးဖို့ ပြောထားတယ်။ အဖိုးကြီးကလည်း လုံးဝမမေးရှာပါဘူး။
တနေ့မှာ အဖွားကြီးဟာအသည်းအသန် နေမကောင်းဖြစ်တယ်။ ဆရာဝန်က ရောဂါကျွမ်းနေပြီမို့ နေပြန်ကောင်းတော့မှာ မဟုတ်ဘူး။ သူ့နောက်ဆုံးအချိန်ရောက်ပြီမို့ ဂရုစိုက်လိုက်ပါလို့ အဖိုးကြီးကို ပြောသွားတယ်။ အဖိုးကြီးကလည်း အရမ်းဂရုစိုက်ပြီး ပြုစုရှာတယ်။
အဖွားကြီးကလည်း သူ ကြာကြာနေရတော့မှာ မဟုတ်ဘူးဆိုတာကို သိနေတယ်။ ဒါကြောင့် သူ မကွယ်လွန်ခင်မှာ နှစ်ပေါင်းများစွာ မပြောပြခဲ့တဲ့ လျှို့ဝှက်ချက်ကို အဖိုးကြီးကို ပြောပြချင်လို့ အဝတ်ဘီရိုထဲက သေတ္တာလေးကို ယူခိုင်းလိုက်တယ်။ အဖိုးကြီးက သေတ္တာကို ယူလာပြီး အဖွားကြီးဘေးနားမှာ ချပေးလိုက်တယ်။ အဖွားကြီးက သူ့အင်္ကျီအိပ်ကပ်ထဲက သော့လေးကို ထုတ်ပြီး သေတ္တာလေးကို ဖွင့်လိုက်တယ်။ အဖိုးကြီးက သေတ္တာလေးထဲကို ငုံ့ကြည့်လိုက်တော့ အထဲမှာ ဇာပန်းထိုးထည် နှစ်ထည်နဲ့ ဒေါ်လာ ၂ သောင်း ၅ ထောင်ကို တွေ့ရတယ်။ အဖိုးကြီးက ခုလို မေးလိုက်တယ်။
– ဒါလင်ရေ၊ အဲဒါတွေက ဘာအတွက်လဲ”
– ကျမတို့ လက်မထပ်ခင်လေးမှာ အဖွားက ပြောပြတယ်။ သာယာတဲ့ အိမ်ထောင်တစ်ခု တည်ဆောက်ဖို့ ဘယ်တော့မှ လင်သားအပေါ်မှာ စိတ်မဆိုးနဲ့တဲ့။ တကယ်လို့ စိတ်ဆိုးလာရင် စိတ်ကို ထိန်းချုပ်ဖို့ ဇာပန်းထည်လေး ထိုးလိုက်ပါတဲ့”
အဖိုးကြီးဟာ ဇာပန်းထည်လေး ၂ ထည်ပဲ တွေ့ရတော့ သူ့မိန်းမဟာ သူ့ကို အနှစ် ၆၀ လုံးလုံးမှာ ၂ ခါပဲ စိတ်ဆိုးဖူးတယ်ဆိုတာကို သိလိုက်ရတယ်။ ဝမ်းသာကြည်နူးလွန်းလို့ ပါးပြင်ပေါ်ကို မျက်ရည်တွေ ဖြိုင်ဖြိုင် စီးကျလာတယ်။
အဖိုးကြီးက ထပ်မေးလိုက်တယ်။
– “ဇာပန်းထည် ၂ ထည်အကြောင်းတော့ သိပါပြီ။ ဒါနဲ့ ဒေါ်လာ ၂ သောင်းခွဲက ဘာအတွက်လဲ။ ဘယ်က ရတာလဲ။”
– “ကျမ ထိုးထားတဲ့ ဇာပန်းထည်တွေ ရောင်းလို့ ရတဲ့ ပိုက်ဆံတွေပါ”
အတုယူစရာ စိတ်ဆိုးဖြေနည်းလေး တစ်ခုပါ။
ဇာပန်းထည်လေးနှစ်ထည် ဇာပန်းထည်လေးနှစ်ထည် Reviewed by Unknown on 9:43 AM Rating: 5

Post AD