Header AD

ခင်ပွန်းမှ ဇနီးအား တူဖြင့်ထုသတ်မှု နေပြည်တော်တွင် ဖြစ်ပွား

နေပြည်တော် ဒက္ခိဏသီရိမြို့နယ် သဲဖြူကျေးရွာတွင် လင်မယားစကားများရန်ဖြစ်ရာမှ ခင်ပွန်းကဇနီး၏ဦးခေါင်းကို တူဖြင့်ထုသတ်မှုတခု ဧပြီ ၂၆ ညနေပိုင်းတွင် ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ ပန်းရံလုပ်သူ လှိုင်ဝင်းထွန်း (၄၀) နှစ်သည် ဇနီးသည် ကျဘမ်းလုပ်သူ မအေးအေးမာ (၃၉) နှစ်နှင့် စကားများရန်ဖြစ်ကြကြောင်း၊ ယင်းသို့စကားများရန်ဖြစ်စဉ် လှိုင်ဝင်းထွန်းမှ မအေးအေးမာ၏ဦးခေါင်းအား တူဖြင့်ထုရိုက်သဖြင့် ရရှိသည့်ဒဏ်ရာဖြင့် နေရာတွင်ပင် သေဆုံးသွားခဲ့ကြောင်း၊ မအေးအေးမာ၏မိခင်ဖြစ်သူ ဒေါ်ကြည်လှိုင်နှင့် ညီမဖြစ်သူ မအေးနွယ်ဝင်း၊ လူမှုဖူလူံရေးဌာန (ဆေး)ရုံးအကူဝန်ထမ်းတို့ သွားရောက်ကြည့်ရှုသည့်အခါ မအေးအေးမာမှာ ၎င်း၏ နေအိမ်ပေါ်တွင် ပက်လက်အနေအထားဖြင့် သေဆုံးနေသည်ကို တွေ့ရကြောင်း၊ ၎င်းတို့မှ သေဆုံးသူ မအေးအေးမာ၏ သမီးဖြစ်သူ မအေးသဇင်(၉)နှစ်အား အကျိုးအကြောင်းမေးမြန်းကြည့်ရာ ၇း၃၀ အချိန်နေအိမ်ပေါ်တွင် ဖခင်ဖြစ်သူ ဦးဝင်းလှိုင်ထွန်းနှင့် မိခင်ဖြစ်သူ မအေးအေးမာတို့ ရန်ဖြစ်ကြရာ ဖခင်မှ မိခင်ဖြစ်သူအား တူဖြင့်ထုရိုက်နေသည်ကို တွေ့ရကြောင်း၊ ဖခင်ဖြစ်သူမှာ မိခင်အား တူဖြင့်ထုပြီး ဆိုင်ကယ်ဖြင့် ထွက်သွားကြောင်း ပြောပြ၍ သိရှိရပြီး မအေးအေးမာတွင် ဦးခေါင်းနောက်စေ့ ယာဘက်ပေါက်ပြဲ ဒဏ်ရာတချက်၊ လည်ပင်းညိုမဲဒဏ်ရာ၊ ယာပခုံးညိုမဲဒဏ်ရာဖြင့် သေဆုံးနေသည်ကို တွေ့ရှိရသဖြင့် မအေးအေးမာအား တူဖြင့်ထုရိုက်ခဲ့သူ လှိုင်ဝင်းထွန်းအား အရေးယူပေးရန် မအေးနွယ်ဝင်းမှ တရားလိုပြုလုပ်တိုင်တန်းလာသဖြင့် အမှုအား ဒက္ခိဏသီရိမြို့မစခန်းမှ (ပ)၁၇၂/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် ဧပြီ ၂၆ ရက် ၁၂း၂၀ အချိန် အမှုဖွင့်ပြီး တရားခံဖမ်းဆီးရရေး ဆောင်ရွက်နေကြောင်း သိရသည်။

ထွန်း(နေပြည်တော်)
NewsWatch
ခင်ပွန်းမှ ဇနီးအား တူဖြင့်ထုသတ်မှု နေပြည်တော်တွင် ဖြစ်ပွား  ခင်ပွန်းမှ ဇနီးအား တူဖြင့်ထုသတ်မှု နေပြည်တော်တွင် ဖြစ်ပွား Reviewed by Unknown on 4:14 AM Rating: 5

Post AD