Header AD

မြောက်ကိုရီးယားသည် ညူလက်နက်စမ်းသပ်ရန်ပြုလုပ်နေလျှင် အမေရိကန်လက်ဦးအောင် တိုက်မည်

မြောက်ကိုရီးယားအနေဖြင့် ညူကလီယာစမ်းသပ်ရန်ရှေ့တိုးလုပ်ဆောင်နေလျှင် လက်ဦးအောင် တိုက်ခိုက် ရန်အသင့် ရှိကြောင်း ထောက်လှမ်းရေးသတင်းများကို ကိုးကား၍ သည် တယ်လီဂရပ်သတင်းဌာနက ယနေ့ပြောကြားသည်။
အင်ဘီစီသတင်းဌာနအရ အမေရိကန်က သမားရိုးကျစစ်ပွဲဖြစ်စေရန် ပိုမိုလိုလားကြောင်းဖော်ပြထားပြီး ယမန်နေ့အာဖ ဂန်နစ္စတန်တွင် အမေရိကန်၏ ပထမဆုံး ညူကလီယာမဟုတ်သော ဖျက်စွမ်းအားကြီးမားသည် ဗုံးသုံးစွဲတိုက်ခို က်ခြင်း မျိုးကို ရည်ညွှန်းကြောင်း ဟုတ်/မဟုတ် မသိရချေ။

ယမန်နေ့ အာဖဂန်နစ္စတန်တွင် အိုင်စစ်(ISIS/ISIL)0 အစွန်းရောက် အကြမ်းဖက်တို့၏ အစ္စလာမ်မစ်နိုင်ငံတော် ဆိုသ ည်အား ပထမဆုံးအကြိမ်အဖြစ် ညူကလီယာမဟုတ်သည့် ဖျက်စွမ်းအားမြင့်မားသော ဗုံးတစ်လုံးကို ပထမဆုံးအကြိမ် ကြဲချအသုံးပြုခဲ့သည်။
“ ဗုံးအားလုံးတို့အမေ “ ( MOAB ) ဟုနာမည်ပြောင်ပေးထားသည့် ၁၈’၇၀၀ ပေါင် ( ၈၄၀၀ ကီလိုဂရမ် ) အလေးချိ န် ရှိသော အဆိုပါဗုံးသည် ညူကလီယာဗုံးကဲ့သို့ ဖျက်စွမ်းအားကြီးမားသော်လည်း ညူကလီယာဗုံးမဟုတ်ချေ။ ကနဦးစ်မ်း သပ်ခြင်းများအပြီး အမေရိကန်၏ စစ်မြေပြင်တွင်ပထမဆုံး စတင် အသုံးပြုခြင်းဖြစ်သည်။

ယနေ့နောက်ဆုံးရရှိသော သတင်းများတွင် မြောက်ကိုရီးယားသည် ၂၀၀၆-ခုနှစ်နောက်ပိုင် ၄င်း၏ ၆-ကြိမ် မြောက်ညူ ကလီယာဗုံးအား စမ်းသပ်ဖောက်ခွဲရန် အသက်သွင်းပြီးပစ်ခတ်ရန်အသင့်ဖြစ်နေကြောင်းသတင်း များရရှိပြီး တောင်ကိုရီး ယားသို့ အမေရိကန်ဒုတိယသမ္မတ ( ၁၀ ) ရက်ကြာခရီးအတွက် ရောက်ရှိမည် လာမည်ဖြစ်ကြောင်းသိရှိရသည်။

မြောက်ကိုရီးယားသည် ညူလက်နက်စမ်းသပ်ရန်ပြုလုပ်နေလျှင် အမေရိကန်လက်ဦးအောင် တိုက်မည် မြောက်ကိုရီးယားသည် ညူလက်နက်စမ်းသပ်ရန်ပြုလုပ်နေလျှင် အမေရိကန်လက်ဦးအောင် တိုက်မည် Reviewed by Unknown on 5:50 AM Rating: 5

Post AD