စာတစ်ကြောင်းဆင်ဆာဖြတ်ခံရတဲ့ ဗေလုဝတို့ သံချပ်အဖွဲ့

ဓာတ်ပုံ−ကျော်ဇင်သန်း
ဆဲဆိုသည့်သဘော သက်ရောက်သည့် စာတစ်ကြောင်းသာ စိစစ်ရေးက ဖြတ်တောက်ခဲ့ ကြောင်း မြန်မာပြည်နိဒါန်းသံချပ် အဖွဲ့ခေါင်းဆောင် ဗေလုဝက ပြောသည်။
‘‘စိစစ်တယ်ဆိုတာကတော့ ဘာသာရေးတို့၊လူမျိုးရေးတို့ အဲဒါ တွေပါမှာစိုးလို့ စိစစ်တာဖြစ်ပါ လိမ့်မယ်။ ကျွန်တော်တို့တင်တော့ တစ်ကြောင်းပဲ ဖြတ်တယ်။ အဲဒါ လေးပဲ ဖြတ်ပါတယ်။ အဲဒါလေး က ဆဲသလိုဖြစ်သွားလို့။ ကျန်တာ တော့ မဖြတ်ပါဘူး’’ဟု ၎င်းက ပြောသည်။
သင်္ကြန်တွင်း၌ သီဆိုမည့် သံချပ်များနှင့် တေးသီချင်းများကို ကြိုတင်စိစစ်နိုင်ရန် မဟာသင်္ကြန် သီချင်းသံချပ်စိစစ်ကြပ်မတ်ရေး လုပ်ငန်းကော်မတီသို့ မတ်လ ၂၈ ရက် နောက်ဆုံးထားတင်ပြရမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသ ကြီး အစိုးရအဖွဲ့က ကြေညာခဲ့ သည်။
‘‘ဆင်ဆာဆိုတာကတော့ နေရာတိုင်းမှာရှိနေမှာပါ။ ဟိုး ခေတ်ကလည်းရှိတာ၊ အခုလည်းရှိတာ။ ခေတ်အဆက်ဆက်ရှိနေ မှာ။ အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်တဲ့သဘောပါ’’ဟု ဗေလုဝက ပြောသည်။
ယခုနှစ်သင်္ကြန်ကာလတွင် သံချပ်အဖွဲ့ နှစ်ဆယ်ကျော်သံချပ် ထွက်မည်ဖြစ်ပြီး ဆုပေးမဏ္ဍပ် များက စိစစ်ရေးအဖွဲ့ ခွင့်ပြုသည့်သံချပ်အဖွဲ့များကိုသာ ပြိုင်ခွင့်ပြုသည်။
‘‘ကျွန်တော်တော့ သိပ်သ ဘောကျတယ်။ မျိုးဆက်သစ် ပေါ့။ ကျွန်တော်တို့ ခေတ်တုန်းက အသက်တွေရလာတော့ နောက် မျိုးဆက် တစ်ဆက်ပေါ့။ သင်္ကြန် သံချပ်တွေနဲ့ လူထုနဲ့ ရင်းနှီးမှုရ အောင် အခုဆို အသင်း ၂၀ ကျော်လောက်ဖြစ်သွားပြီ။ သင်္ကြန်မျိုး ဆက်မပြတ်တော့ဘူးပေါ့’’ ဟု သံချပ်အဖွဲ့များ များပြားလာသည့် အပေါ် ဗေလုဝက ပြောသည်။

Reviewed by Unknown
on
4:40 AM
Rating:
Reviewed by Unknown
on
4:40 AM
Rating:

Post a Comment