Header AD

ကားအငှားလိုက်ရင် သတိထားကြပါ။

မန္တလေး ၊ ဧပြီ ၁၉ - စစ်ကိုင်းတိုင်း ခင်ဦးမြို့လမ်းဆုံကနေ ကားစီး လုံးငှားစီးလာခဲ့တဲ့ အမျိုးသားတစ်ဦးဟာ မန္တလေးမြို့ ၈၂ လမ်း ၂၃ လမ်းနဲ့ ၂၄ ကြားက စားသောက်ဆိုင်မှာနားနေကြစဉ် အဲသည် စားသောက်ဆိုင်ပိုင်ရှင် ဆီကနေ ဆိုင်ကယ်ငှားပြီး လိမ်လည်ထွက်ပြေးသွားလို့ ကားပိုင်ရှင်ကလျော်လိုက်ရတဲ့ ဖြစ်စဉ်တစ်ခု အခုလအတွင်းမှာ ဖြစ်ပွားပါတယ်။
ခင်ဦးမြို့လမ်းဆုံကနေ ကားအငှားလိုက်လာခဲ့သူက ဆိုင်မှာနားနေ တော့ အပြင်ခဏသွားဦးမယ်ဆိုပြီး ကျွန်တော့်ကိုထားခဲ့ပြီးတော့ ဆိုင်ရှင်ဆီကနေ ဆိုင်ကယ်ငှားသွားတယ်၊ တော်တော်နဲ့ ပြန်မလာတော့ ဆိုင်ရှင်နဲ့ ပြဿနာတက်တော့တာပေါ့၊ ကျွန်တော်က လဲ သူ့နာမည်နဲ့ဖုန်းနံပါတ်ပဲသိတာ၊ သူပေးထားတဲ့ ဖုန်းကိုခေါ်တော့ လဲမကိုင်တော့ဘူး၊ ဆိုင်ရှင်ကလဲ ဆိုင်ကယ်ဖိုးအလျော်တောင်းတယ် လို့ ပြောပါတယ်။
ကားတစ်စီးတည်းအတူလာတာဖြစ်လို့ ကားသမားကပဲတာဝန်ယူ ရမယ်လို့ ဆိုင်ရှင်ဘက်ကပြောခဲ့တာကြောင့် ဆိုင်ကယ်တန်ဖိုး ကျပ် ၃၀ဝ,ဝ၀ဝ ပေးလျော်ခဲ့ရတယ်လို့ဆိုပါတယ်။
‘အစကတော့ အမှုဖွင့်ဖို့ပါပဲ၊ ရဲကလဲ ညှိနှိုင်းလိုက်ကြပါ၊ အမှုဖွင့်ရင် နှစ်ဦးနှစ်ဖက်အလုပ်ရှုပ်တယ်လို့ အကြံပေးတယ်၊ အခုလို ဖြစ်စဉ်က ကားငှားစီးရင် ကားပိုင်ကတာဝန်ယူရတာဖြစ်နေတယ်၊ ဆီဖိုးလဲ ကုန်သေးတယ်၊ လျော်လဲလျော်လိုက်ရတယ်၊ လိမ်တာတွေကလဲ များများလာတယ်လို့ ကားအငှားလိုက်လာခဲ့တဲ့ ယာဉ်ပိုင်ရှင်က ပြောပါတယ်။
Author –  ခေမဏီ
ကားအငှားလိုက်ရင် သတိထားကြပါ။ ကားအငှားလိုက်ရင် သတိထားကြပါ။ Reviewed by Unknown on 1:02 AM Rating: 5

Post AD