ပျဉ်းမနားမှာ ခင်ပွန်းဖြစ်သူ လည်ပင်ညှစ်၍ ဇနီးသည်သေဆုံး
18.4.2017
ပျဉ်းမနားမြို့ ပန်းခင်း(၃)ရပ်ကွက်အတွင်း လင်မယားချင်းစကားများရာကနေ ခင်ပွန်းက လည်ပင်းညှစ်သတ်သဖြင့် အမျိုးသမီးတစ်ဦးသေဆုံးသွားခဲ့သည်။
ဧပြီ ၁၇ ရက်(နှစ်ဆန်းတစ်ရက်) နေ့လည်ကဖြစ်ပွားခဲ့ကာ အမျိုးသားက အသက် ၂၀ ခန့်ရှိပြီဖြစ်ပြီး ဇနီးက အသက် ၁၈ နှစ်ရှိပြီဖြစ်သည်။
"သတင်းအရ သွားရောက်စစ်ဆေးတဲ့အခါ အိမ်ပေါ် မှာပဲ လည်ပင်းညိုမဲဒဏ်ရာနဲ့သေဆုံးနေတာကိုတွေ့ ရတယ်”ဟု ပျဉ်းမနားမြို့မရဲစခန်းမှ စခန်းမှူးဦးတင် ဌေးကပြောသည်။
သေဆုံးသူအမျိုးသ မီး၏ ခင်ပွန်းဖြစ်သူမှာ ရပ်ကွက်အတွင်းရှိ အလှူအိမ်သို့သွားရောက်ပြီးပြန်လာစဉ် လင်မယားချင်းစကားများခဲ့သည်ဟု ရဲစစ်ချက်တွင် ဖော်ပြထားသည်။
အမျိုးသားကို ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း ပျဉ်းမနားမြို့မရဲစခန်းမှ သတင်းရရှိသည်။
သတင်းထောက်-ပိုင်စိုးသူ
7day
KGM@Maung Mon Aung

Reviewed by Unknown
on
2:34 AM
Rating:
Reviewed by Unknown
on
2:34 AM
Rating:

Post a Comment