ဆေးရုံကသေဆုံးပြီဟုသတ်မှတ်ပေးခဲ့သည့်မွေးကင်းစကလေးငယ်မှာ မြေမြှုပ်ခါနီးမှ အသက်ရှင်နေမှန်းသိရှိခဲ့ရ
အိန္ဒိယနိုင်ငံအနောက်ပိုင်း ဘွန်ဒီမြို့ တွင် မွေးကင်းစကလေးငယ်တစ်ဦးသည် ဆေးရုံမှ သေဆုံးပြီဟုသတ်မှတ်ပြီးနောက် မြေမြှုပ်တော့မည့်အချိန်ရောက်မှ အ သက်ရှင်နေသည်ကို တွေ့ရှိခဲ့ရကြောင်း သိရသည်။ တစ်လခွဲအရွယ်ရှိသောကလေးငယ် သည် ၁၂ အောင်စသာကိုယ်အလေးချိန် ရှိပြီး လှုပ်ရှားမှုမရှိတော့ဘဲ ငိုသံလည်းမ ထွက်တော့သည့်အတွက် ဆေးအမှုထမ်း များက သေဆုံးကြောင်း သတ်မှတ်ခဲ့ကြ ခြင်းဖြစ်သည်။မိသားစုဝင်များက ကလေး ငယ်ကိုမြေမြှုပ်တော့မည့်အချိန်ရောက်မှ ထူးထူးခြားခြား သေဆုံးသွားပြီဟုဆိုသည့် ကလေးငယ်၏နှလုံးခုန်သံကိုကြားရမှ အ သက်ရှင်နေမှန်းသိရှိခဲ့ခြင်းဖြစ်သည်။၎င်း ဖြစ်ရပ်အတွက် ဆေးရုံတွင် စုံစမ်းစစ် ဆေးမှုများပြုလုပ်နေပြီဖြစ်သည်။ကလေး ကို ပြန်လည်ခေါ်ဆောင်လာခဲ့ပြီးနောက် တာဝန်ကျဆရာဝန်များက ကလေးမှာ အ သက်ရှင်နေသေးကြောင်း အတည်ပြု ပေးခဲ့ကြသည်။မိသားစုဝင်များက က လေးငယ်မှာ အမြန်ဆုံးပြန်လည်နေ ကောင်း၍ နေအိမ်သို့ပြန်လည်ခေါ်ဆောင် သွားနိုင်ရန် မျှော်လင့်နေကြသည်ဟု သိရ သည်။
Ref : AP,9.4.2017
မေဇွန်
Ref : AP,9.4.2017
မေဇွန်
ဆေးရုံကသေဆုံးပြီဟုသတ်မှတ်ပေးခဲ့သည့်မွေးကင်းစကလေးငယ်မှာ မြေမြှုပ်ခါနီးမှ အသက်ရှင်နေမှန်းသိရှိခဲ့ရ
Reviewed by Unknown
on
6:50 AM
Rating:
Reviewed by Unknown
on
6:50 AM
Rating:




Post a Comment