အင်အား အပြင်းထန်ဆုံးဗုံးတစ်လုံးကို ပထမဆုံးအကြိမ် အမေရိကန်ကြဲချခဲ့တဲ့ ရုပ်သံ
13.4.2017 မြန်မာစံတော်ချိန် ည ၁၁ နာရီခန့် က အင်အားအလွန်ပြင်းထန်သော ဗုံးတစ်လုံးကို အမေရိကန်လေတပ်ဖွဲ့က အာဖဂန်နစ္စတန်နိုင်ငံ Nangarhar ပြည်နယ်ပေါ်သို့ ကြဲချတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။
ဒီဗုံးဟာ နျူကလီးယားမဟုတ်သည့် ဗုံးများအနက် အင်အားအပြင်းထန်ဆုံးဖြစ်ပြီး ”ဗုံးများအားလုံး၏မိခင်(Mother of All Bombs/MOAB)”ဟု နာမည်ပြောင်ပေးထားပြီး ဒီဗုံးကို အမေရိကန်လေတပ်မတော်ရဲ့ အထူးစစ်ဆင်ရေးဆိုင်ရာ MC-130 လေယာဉ်ပေါ်မှ ကြဲချခြင်းဖြစ်ပါတယ်။
ဒီ MOAB ဗုံးကို စစ်မြေပြင်မှာ ပထမဆုံးအကြိမ်အဖြစ် အသုံးပြုတိုက်ခိုက်တာဖြစ်ပြီး၊ အီရတ်စစ်ပွဲများကာလအတွင်းက စမ်းသပ်တီထွင်ခဲ့တဲ့ ဗုံးဖြစ်ကြောင်း လည်းပြောပါတယ်။
ဒီ ဗုံး ဟာ အလေးချိန် ၂၁၆၀၀ ပေါင်(၁ဝ တန်နီးပါးခန့်)ရှိပြီး GPS လမ်းညွှန်မှုနဲ့ ဖောက်ခွဲနိုင်တဲ့ ဗုံးဖြစ်ပါတယ်။ အမေရိကန်တို့ကမူ အစ္စလာမ်မစ် အိုင်အက်စ် အကြမ်းဖက်တို့ပုန်းအောင်းနေရာ လိုဏ်ခေါင်းကို ပစ်မှတ်ထားပြီး တိုက်ခိုက်ခြင်းဖြစ်တယ်လို့ ပင်တဂွန် ပြောခွင့်ရပုဂ္ဂိုလ် Adam Stump က CNN ကိုပြောပါတယ်။
အင်အား အပြင်းထန်ဆုံးဗုံးတစ်လုံးကို ပထမဆုံးအကြိမ် အမေရိကန်ကြဲချခဲ့တဲ့ ရုပ်သံ
Reviewed by Unknown
on
9:52 PM
Rating:
Reviewed by Unknown
on
9:52 PM
Rating:



Post a Comment