Header AD

ဆယ်တန်း အောင်စာရင်း ဇွန်လလယ် ထုတ်ပြန်မည်

တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်စာရင်း ကြည့်ရှုနေသူများ။
၂၀၁၇ ခုနှစ်၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်စာရင်း တွေကိုလာမယ့်ဇွန်လလယ်ခန့်မှာထုတ်ပြန်ပေးမယ်လို့ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနကသိရပါတယ်။ အောင်စာရင်းထွက်မှာကတော့ နှစ်တိုင်းလိုပါပဲ၊ အခုမှစာစစ်ကြ တုန်းပါ၊ ဇွန်လလယ်လောက်တော့ထွက်မှာပါလို့ မြန်မာနိုင်ငံစာစစ် ဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးမျိုးညွန့်က ပြောပါတယ်။
အခုနှစ် တက္ကသိုလ်ဝင်တန်း မှာ စတင်ဖြေဆိုတဲ့ မြန်မာစာဘာသာ ရပ်ဖြေဆိုတဲ့နေ့မှာ တစ်နိုင်ငံလုံးအတိုင်းအတာအရ ဝင်ရောက်ဖြေဆို သူဦးရေ ၇၁၆,၂၁၆ ဦး ဝင်ရောက်ဖြေဆိုခဲ့ပြီး ၉၃.၃၃ ရာခိုင်နှုန်း ဝင်ရောက်ဖြေဆိုခဲ့တယ်လို့ သိရပါတယ်။
အင်္ဂလိပ်စာဖြေဆိုတဲ့နေ့မှာ ရန်ကုန်တိုင်းဒေသကြီးကဝင် ရောက်ဖြေဆိုဖို့ စာရင်းပေးသွင်းသူ ဦးရေ ၁၁၄,၂၃၇ ဦးရှိပြီး ပျက်ကွက်သူက ကျား ၅၉၉၉ ဦးနဲ့ မ ၄၂၃၆ ဦး စုစုပေါင်း ၁၀,၂၃၅ ဦးရှိပြီး တစ်နိုင်ငံလုံးမှာဝင်ရောက်ဖြေဆိုဖို့ စာရင်းပေးသွင်းသူဦးရေ အများဆုံးဖြစ်ပြီးပျက်ကွက်သူအများဆုံး လည်း ဖြစ်ပါတယ်။
မန္တလေးတိုင်းဒေသကြီးမှာ အင်္ဂလိပ်စာဘာသာရပ်အတွက်ဝင် ရောက်ဖြေဆိုဖို့ စာရင်းပေးသွင်းသူဦးရေ ၁၀၅,ဝ၂၄ ဦးရှိပြီးလာ ရောက်ဖြေဆိုဖို့ ပျက်ကွက်သူဦးရေ ကျား ၃၂၁၉ ဦးနဲ့ မ ၂၁၁၆ ဦး စုစုပေါင်း ၅၃၃၅ ဦးရှိတယ်လို့ သိရပါတယ်။
မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာအရ တက္ကသိုလ်ဝင်တန်းစာ မေးပွဲဝင်ရောက်ဖြေဆိုဖို့ ပျက်ကွက်သူဦးရေ ၅၂,၃၄၃ ဦးအထိရှိ တယ်လို့ သိရပါတယ်။
တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုတဲ့ ကျောင်းသူ ကျောင်းသား တွေအနေနဲ့ စာမေးပွဲ အစရက်ဖြစ်တဲ့ မြန်မာစာဘာသာရပ်ကို ဖြေဆို ချိန်နဲ့ အင်္ဂလိပ်စာဘာသာရပ်ဖြေဆို ပြီးချိန်တွေမှာ နောက်ထပ်ဘာ သာရပ်တွေထပ်မံဖြေဆိုဖို့ ကျောင်းသူကျောင်းသားဦးရေ သိသိ သာသာလျော့ကျသွားတာမျိုးတွေလည်းရှိတယ်လို့ သိရပါတယ်။
မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာအရ တက္ကသိုလ်ဝင်တန်း စာမေးပွဲဝင်ရောက်ဖြေဆိုဖို့ စာရင်းပေးသွင်းသူဦးရေ ၇၆၇,၄၂၂ ဦးရှိပြီး လာရောက်ဖြေဆိုသူဦးရေ ၇၁၅,ဝ၇၉ ဦးရှိပြီး ပျက်ကွက်သူ ဦးရေ ၅၂,၃၄၃ ဦးအထိရှိတာကြောင့် အင်္ဂလိပ်စာဖြေဆိုတဲ့ ရာခိုင်နှုန်း ၉၃.၁၈ ရာခိုင်နှုန်းရှိတယ်လို့ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန က  စာရင်းတွေအရ သိရပါတယ်။ တက္ကသိုလ်ဝင်တန်း စာမေးပွဲ တွေ ကို မတ်လ ၈ ရက်နေ့က မတ်လ၁၇ ရက်နေ့အထိဖြေဆိုခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ မှာတော့ အောင် စာရင်းတွေကို ၂၀၁၆ ခုနှစ်၊ ဇွန်လ ၁၁ ရက်နေ့မှာ ထုတ်ပြန်ပေး ခဲ့ပြီး တစ်နိုင်ငံလုံးအတိုင်းအတာအရဝင်ရောက်ဖြေဆိုသူဦးရေ ၆၃၆,၂၃၇ ဦးရှိခဲ့တဲ့အထဲက အောင်မြင်သူဦးရေ ၁၉၀,၃၈၈ ဦးရှိပြီး အောင်ချက်ရာခိုင်နှုန်း ၂၉.၉၂ ရာခိုင်နှုန်းရှိခဲ့ပါတယ်။

Credit : kumudra 

ဆယ်တန်း အောင်စာရင်း ဇွန်လလယ် ထုတ်ပြန်မည် ဆယ်တန်း အောင်စာရင်း ဇွန်လလယ် ထုတ်ပြန်မည် Reviewed by Unknown on 8:46 AM Rating: 5

Post AD