ဆက်သွယ်ရေး အော်ပရေတာ များ အနေဖြင့် အမှန်တကယ် သုံးစွဲခြင်းထက် ဘီလ် ဖြတ်မှုနှုန်း များသည်ဟု ဝေဖန်မှုများ ရှိသော်လည်း ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန အနေဖြင့် ၀င်ရောက်ဖြေရှင်းပေးရခြင်း မရှိဟုဆို
ဆက်သွယ်ရေး အော်ပရေတာ သုံးခု ဖြစ်လာပြီးနောက် သုံးစွဲသူများ အကြားတွင် ဝေဖန်မှုအများဆုံး အကြောင်းအရာ တစ်ခုမှာ မိမိတို့ အမှန်တကယ် သုံးစွဲခြင်းထက် အသုံးပြုခများ ပိုမိုကုန်ကျနေသည်ဟူသော ဝေဖန်မှုများဖြစ်ပြီး ဆက်သွယ်ရေး အော်ပရေတာ အသီးသီးတွင် ဝေဖန်မှုများစွာ အမြဲလိုလို ရှိနေတတ်ကြောင်း သိရသည်။ သို့သော်လည်း ဆက်သွယ်ရေး အော်ပရေတာများအပေါ် ထိန်းကျောင်းကြပ်မတ်ရသော ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန အနေဖြင့် အဆိုပါ အကြောင်းအရာနှင့် ပတ်သက်၍ ၀င်ရောက်ဖြေရှင်း ဆောင်ရွက်ပေးရခြင်း တစ်ခုမျှ မရှိကြောင်း စုံစမ်းသိရသည်။ “အသုံးပြုခတွေ ပိုကောက်ခံတယ်။ ပိုကုန်ကျနေတယ် ဆိုတာတွေနဲ့ ပတ်သက်ပြီး ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန အနေနဲ့ ဖြေရှင်းဆောင်ရွက် ပေးရတာမျိုး မရှိပါဘူး။ အများအားဖြင့်တော့ သုံးစွဲသူတွေ အနေနဲ့ ဆက်သွယ်ရေး အော်ပရေတာတွေရဲ့ Call Center ကို Complaint တက်ကြတာ များပါတယ်။ အဲဒီအခါ ဆက်သွယ်ရေး အော်ပရေတာတွေကလည်း ပြန်တိုက်ဆိုင် စစ်ဆေးပေးပြီး ဘာတွေသုံးလို့ ဘာတွေကုန်ကျခဲ့လဲ ဆိုတာကို အချက်အလက် ထုတ်ပေးပါတယ်။ မှားယွင်းတာမျိုး ရှိရင်လည်း ပြန်ပြီးဖြေရှင်း ဆောင်ရွက်ပေးလိုက်တာမျိုး ရှိပါတယ်။ တစ်ခါတလေမှာ သုံးစွဲသူ အနေနဲ့လည်း ကိုယ်ရယူထားတဲ့ ၀န်ဆောင်မှုတွေအတွက် ပုံမှန်ကုန်ကျမှု ရှိနေတာကို သတိလက်လွတ် ဖြစ်သွားတတ်တာမျိုးလည်း ရှိပါတယ်။ အများအားဖြင့်တော့ ဆက်သွယ်ရေး အော်ပရေတာတွေကပဲ ဖြေရှင်းပေးပြီး အဆင်ပြေသွားတာ များပါတယ်” ဟု ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူက ပြောကြားသည်။
“လူမှုကွန်ရက် တွေမှာဆိုရင် ဘယ်လိုရည်ရွယ်ချက်မှန်း မသိပေမယ့် ဘယ်လိုအဆင်မပြေမှုတွေ ကြုံတွေ့နေရတယ် ဆိုတာကို အမြဲလိုလို Complain တက်တဲ့သူတွေရှိတယ်။ အဲဒီအခါကျရင် အော်ပရေတာ ကနေ ဘယ် ဖုန်းနံပါတ် လဲ။ ဘယ်သူလဲ မေးလိုက်ရင် အများစု ပြန်မဖြေကြဘဲ ရှောင်ပြေးသွားတာများတယ်။ အမှန်တကယ် ကြုံတွေ့နေရတဲ့ အသုံးပြုသူကတော့ အချက်အလက်မှန်တွေ ပေးတယ်။ အဲဒီအခါ ပြန်စစ်ဆေးပေးလိုက်ရင် အဆင်ပြေသွားတာ များပါတယ်” ဟု ဆက်သွယ်ရေး အော်ပရေတာ တစ်ခုမှ တာဝန်ရှိသူက ပြောကြားသည်။
လက်ရှိတွင် ဆက်သွယ်ရေး အော်ပရေတာ သုံးခုမှ မတူညီသော ထပ်တိုးဝန်ဆောင်မှုများ၊ ပရိုမိုးရှင်းပုံစံများ၊ အမျိုးမျိုး အထွေထွေသော Package Plan များကြောင့် သုံးစွဲသူများ အနေဖြင့် ရှင်းလင်းမှုမရှိဘဲ အသုံးပြု လုပ်ဆောင်ရာတွင် ရှုပ်ထွေးမှုများ၊ သေချာစွာ နားမလည်ခြင်းများ ရှိနေကြောင်း သိရသည်။
ဆက်သွယ်ရေး အော်ပရေတာ များ၏ Call Center သို့ ဆက်သွယ်ရာတွင်လည်း အော်ပရေတာ တို့၏ ကြော်ငြာများကို အချိန်ကြာမြင့်စွာ နားထောင်နေရပြီး စက်မှအလိုအလျောက် ဖြေကြားသော ၀န်ဆောင်မှု များကိုသာ အချိန်ကြာမြင့်စွာ ကြုံတွေ့ကြရကာ လူသား အော်ပရေတာ နှင့် တွေ့ဆုံရန် ခက်ခဲကြောင်း၊ အဆင့်ဆင့် ဖြတ်ကျော်နေရကြောင်း သုံးစွဲသူများက ဝေဖန်ခဲ့ကြသည်။
Credit : Eleven
လက်ရှိတွင် ဆက်သွယ်ရေး အော်ပရေတာ သုံးခုမှ မတူညီသော ထပ်တိုးဝန်ဆောင်မှုများ၊ ပရိုမိုးရှင်းပုံစံများ၊ အမျိုးမျိုး အထွေထွေသော Package Plan များကြောင့် သုံးစွဲသူများ အနေဖြင့် ရှင်းလင်းမှုမရှိဘဲ အသုံးပြု လုပ်ဆောင်ရာတွင် ရှုပ်ထွေးမှုများ၊ သေချာစွာ နားမလည်ခြင်းများ ရှိနေကြောင်း သိရသည်။
ဆက်သွယ်ရေး အော်ပရေတာ များ၏ Call Center သို့ ဆက်သွယ်ရာတွင်လည်း အော်ပရေတာ တို့၏ ကြော်ငြာများကို အချိန်ကြာမြင့်စွာ နားထောင်နေရပြီး စက်မှအလိုအလျောက် ဖြေကြားသော ၀န်ဆောင်မှု များကိုသာ အချိန်ကြာမြင့်စွာ ကြုံတွေ့ကြရကာ လူသား အော်ပရေတာ နှင့် တွေ့ဆုံရန် ခက်ခဲကြောင်း၊ အဆင့်ဆင့် ဖြတ်ကျော်နေရကြောင်း သုံးစွဲသူများက ဝေဖန်ခဲ့ကြသည်။
Credit : Eleven
ဆက်သွယ်ရေး အော်ပရေတာ များ အနေဖြင့် အမှန်တကယ် သုံးစွဲခြင်းထက် ဘီလ် ဖြတ်မှုနှုန်း များသည်ဟု ဝေဖန်မှုများ ရှိသော်လည်း ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန အနေဖြင့် ၀င်ရောက်ဖြေရှင်းပေးရခြင်း မရှိဟုဆို
Reviewed by Unknown
on
9:07 AM
Rating:
Reviewed by Unknown
on
9:07 AM
Rating:

Post a Comment