Header AD

တောင်ငူမြို့ ဆေးရုံဟောင်းလမ်း၌ မောင်းနှင်နေသည့် ယာဉ်ငယ်ပေါ် သစ်ပင်လဲကျမှုဖြစ်ပွား


တောင်ငူ ဧပြီ

ပဲခူးတိုင်းဒေသကြီး၊တောင်ငူမြို့၊ ဆေးရုံဟောင်းလမ်းတွင် ဧပြီ(၁၈)ရက်နေ့ နံနက်(၁ဝ)နာရီ အချိန်ခန့်က လူနှစ်ဦးစီးနင်းမောင်းနှင်နေလာသောDauble Cup ယာဉ်ငယ်တစ်စီးပေါ်သို့ နှစ်ချို့ စိန်ပန်းပင်ကြီး အလိုအလျောက်လဲကျကာပိမိမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။
 ''ကားလေးက ကွမ်းယာဆိုင် ကနေ ပန်းသီးပွဲရုံဘက်ကိုသွားကြတာလို့ပြောတယ် တိုက်တိုက်ဆိုင်ဆိုင် အဲ့ဒီကားဖြတ်သွားတဲ့အချိန်ကြမှ သစ်ပင်ကြီးကလဲကျသွားတာ ယာဉ်ပေါ်ပါတဲ့သူတွေတော့ဘာမှဖြစ်တာမရှိပါဘူး''ဟု ကိုယ်တိုင်မြင်တွေ့ လိုက်ရသော မြို့ခံတစ်ဦးကပြောကြားသည်။

 ဦးချိုကြီး(၄၆)နှစ်၊အင်ဒိုင်းကျေးရွာ၊တောင်ငူမြို့နေသူ မောင်း နှင်ပြီး အဖော်တစ်ဦးလိုက်ပါလာသော 6B/------Dauble Cup ယာဉ်သည် ဆေးရုံဟောင်းလမ်း အတိုင်းမောင်းနှင်လာစဉ် ယခင်ရက်က မိုးရွာသွန်းထား၍ပင်စည်အရင်းအမြစ်များနှင့်မြေများစိုစွတ် နေရာမှလဲကျသွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

 သစ်ပင်လဲ ကျမှုကြောင့် ယာဉ်၏ ခါးလယ်ပိုင်းနှင့် စက်ခန်းပိုင်းတို့ကိုခွ၍ပိမိခဲ့ပြီး အဆိုပါသစ်ပင်ပိမိ နေသောနေရာသို့ တောင်ငူမြို့မှစခန်းမှူး ဒုရဲမှူး အောင်ဝင်းထွေး ဦးစီးအဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ သဘာဝဘေး အန္တရာယ်များကူညီရေးအဖွဲ့(DR) တို့ကကူညီဆောင်ရွက်ပေးခဲ့ရာ နံနက် ၁၁ နာရီအချိန်ခန့်၌ ရှင်းလင်း ဖယ်ရှားနိုင်ခဲ့ကြောင်းသိရသည်။

ကိုလွင်(ဆွာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
တောင်ငူမြို့ ဆေးရုံဟောင်းလမ်း၌ မောင်းနှင်နေသည့် ယာဉ်ငယ်ပေါ် သစ်ပင်လဲကျမှုဖြစ်ပွား တောင်ငူမြို့ ဆေးရုံဟောင်းလမ်း၌ မောင်းနှင်နေသည့် ယာဉ်ငယ်ပေါ် သစ်ပင်လဲကျမှုဖြစ်ပွား Reviewed by Unknown on 8:01 AM Rating: 5

Post AD