ခုနှစ်ရက် သားသမီးများအတွက် ၂၀၁၇ ဧပြီ ၁၅ ရက်မှ ဧပြီ ၂၁ ရက်အတွင်း ဟောကိန်း
တနင်္ဂနွေသားသမီးများ
ဆုံးရှုံးမလိုဖြစ်နေတဲ့ ရွှေ၊ငွေ၊ပစ္စည်း၊အခွင့်အရေးများပြန်ရတတ်။မိတ်ဟောင်း၊ဆွေဟောင်းများနဲ့ပြန်ဆုံရတတ်။ပြဿနာဟောင်း၊ရောဂါဟောင်းများပြန်ပေါ်လာတတ်။အလုပ်တိုင်း၊နေရာတိုင်းမှာ ကူညီမစမယ့်သူများနေတတ်။ အောက်လက်ငယ်သားကိုအကြောင်းပြုပြီး စိတ်ချမ်းသာရတတ်။အကူအညီကောင်းတွေလည်းရတတ်။စက်ပစ္စည်း၊စာရွက်စာတမ်း၊စပ်တူရှယ်ယာကိစ္စများ စိတ်ညစ်ရတတ်။မိတ်ဆွေရင်းများနဲ့အယူအဆကွဲလွဲ အတိုက်အခံဖြစ်တတ်။စိတ်ညစ်ရမယ့် ဧည့်သည်များရောက်လာတတ်။ကံကောင်းပြီး ငွေဝင်လာတတ်။လူကြီးတစ်ယောက်အကူအညီ မထင်မှတ်ပဲရတတ်။ အဖက်ဖက်က အခွင့်အလမ်းကောင်းတွေ ပေါ်လာမယ်။ အလုပ်တွေ ချဲ့သင့်၊ တိုးသင့်၊ အရှိန်မြှင့်သင့်တဲ့အချိန်ပါပဲ။ ကံတရားက ကိုယ့်ကိုမျက်နှာပေးတဲ့ကိန်းဖြစ်ပါတယ်။ ငွေရွှင်မယ်။စပ်တူကိစ္စ၊ စာချုပ်ကိစ္စတွေတော့ သတိထားပါ။ ကိုယ်တိုးတက်အောင်မြင်လာတဲ့အ ပေါ် မနာလို အပြိုင်အဆိုင်တွေလည်း ပေါလာမယ်။ တမင် ရန်စခံရတတ်တယ်။ အမှုပတ်တတ်ပါတယ်။ ပြည် တွင်း၊ ပြည်ပခရီးများ မရေမရာဖြစ်တတ်ပါတယ်။ အခွင့်အလန်းကောင်း၊အဆက်အသွယ်ကောင်းများပေါ်လာတတ်။အချစ်ရေးကံကောင်းနေတတ်။ကိုယ့်ကို စိတ်ဝင်စားသူများလည်းပေါ်လာတတ်။အိမ်ထောင်ရေးကြည်နူးသာယာစရာများကြုံရတတ်။
အဖြူ၊အစိမ်း၊အနီ များများဝတ်ပါ။
ဆီး၊သွေး၊ဗိုက်၊အစာမှား၊ဆေးမှား နဲ့ပက်သက်တဲ့ရောဂါများသတိထားပါ။
ထီထိုးလျှင် ၂၊၁ များများပါအောင်ထိုးပါ။
ယတြာ။ ။ အညံ့တွေပြေပျောက်ပြီး ကောင်းတာတွေ ပိုကောင်းလာစေဖို့အတွက် မနက် (၆) နာရီတိတိမှာ လက်ဖက်ရည် ၂ ခွက် ၊ကိတ်မုန့် ၂ ချပ် ဘုရားလှူဆုတောင်းပါ။
တနင်္လာသားသမီးများ
အဆင်မပြေ အလွဲအချော်တွေ များနေမယ်။ ဟိုဟာလုပ်ရတော့မလိုလို၊ ဒီဟာ လုပ်ရတော့မလိုလိုနဲ့ အချိန်ကုန်နေတတ်ပါတယ်။ သူများ ပြဿနာတွေမှာလည်း ကြားညပ်တတ်ပါတယ်။ ဘာမ ဆို စိတ်ရှည်သင့်တဲ့အချိန်ပါပဲ။ လုပ်ငန်းသစ်စတာ၊ တဖြည်းဖြည်း တိုးချဲ့တာ၊ စပ်တူရှယ်ယာအလုပ် စာချုပ် လုပ်ငန်းတွေ ကောင်းပါတယ်။ ဆန်၊ ဆီ၊ ဆေး၊ ဆား၊ စက္ကူ၊ စာအုပ်၊ အင်္ဂါနံအလုပ်တွေ အထူးအကျိုးပေးအောင်မြင်မယ်။ မထင်မှတ် ဘဲ အိမ်၊ အလုပ်၊ နေရာ၊ ရာထူး၊ ဆိုင်းခန်း အခွင့်အရေးကြုံတတ်ပါတယ်။ နိုင်ငံရပ်ခြားနဲ့ ပတ်သက်တဲ့ အခွင့် အရေးကောင်း၊ အဆက်အသွယ်ကောင်းတွေလည်း ရတတ်ပါတယ်။ မိတ်ရင်း၊ ဆရားရင်းတို့ကြောင့် စိတ်ရှုပ် ရတတ်ပါတယ်။ ငွေကံကတော့ အတော်လေးနိမ့်နေပါတယ်။ခြေထောက် ၊ခါး ၊ ၀မ်းဗိုက်နဲ့ပက်သက်ပြီး ကျန်းမာရေးညံ့တတ်ပါတယ်။ ငွေများများရှိနေရင်လည်း ဆေးဖိုးဝါးခ ဖြစ်သွား တတ်ပါတယ်။
အိမ်ထောင်ရှင်များ အဆင်မပြေမှုတွေ ပြေလည်သွားလိမ့်မယ်။ပြီးရင် ပြန်ပြီး အဆင်မပြေဖြစ်လိမ့်ဦးမယ်။ ချစ်သူရည်းစားများကတော့ ဆုံးဖြတ် ရချက်တဲ့ အကျပ်အတည်းမျိုး ကြုံလာတတ်ပါတယ်။ ဝေးလည်းမဝေးရဲ နီးလည်းမနီးရဲ ဖြစ်နေတတ်ပါတယ်။
အညိုရောင် ၊ အနီရောင် တွေ ကံကောင်းစေပါတယ်။
၃၁ အတွဲလိုက် စတဲ့ထီလက်မှတ်ကို ရှာပြီးထိုးသင့်ပါ တယ်။
ယတြာ။ ။ ညံ့တာတွေပြေပျောက်ပြီး ကောင်းတာတွေ ပိုကောင်းလာစေဖို့အတွက် အုန်းနို့ခေါက်ဆွဲ ဆွမ်းတော်ကပ်လိုက်ပါ။
အင်္ဂါသားသမီးများ
ရပ်ဝေးမှ စိတ်ညစ်စရာသတင်းများကြားရတတ်။ စိတ်ညစ်စရာဧည့်သည်များလည်းတွေ့ရတတ်။အောက်လက်ငယ်သားအတွက် စိတ်ပူရတတ်။ ပညာရေးကိစ္စ၊ သင်တန်းကိစ္စ၊ စားမေးပွဲကိစ္စ အထူးကောင်းပါတယ်။ စပ်တူကိစ္စတွေလည်း အောင်မြင်မယ်။ စာချုပ်ချုပ်ရမယ့်ကိစ္စတွေလည်း အဆင်ပြေမယ်။ ပြည်တွင်းပြည်ပ ခရီးကောင်းများကြုံနိုင်တဲ့အချိန်ပါပဲ။ ငွေကံလေးလည်း ကောင်းနေမယ်။ ဘာသာရေးလုပ်ငန်းတွေ ဘုရားဖူးခရီးတွေလည်း ပေါ်လာမယ်။ အလှူအတန်း၊ မင်္ဂလာကိစ္စတွေနဲ့ ပတ်သက် ရတတ်ပါတယ်။ ဘ၀တစ်ဆစ်ချိုးပြောင်းလဲ မြင့်တက်သွားနိုင်တဲ့ အခွင့်အလန်းကောင်း၊အဆက်အသွယ်ကောင်းများပေါ်လာအံ့။မိတ်ဆွေရင်း၊ဆရာရင်းတွေရဲ့အကူအညီကောင်းများရအံ့။အဖိုးတန်စက်ပစ္စည်းဝင်လာတတ်။ပညာအသစ်ရ၊သင်တန်းတက်ရတတ်။မထင်မှတ်တဲ့နေရာကနေ ငွေရတတ်။ဝမ်းသာစရာ စာများရောက်လာတတ်။ငွေပစ္စည်းပျောက်တတ်။အမှန်ဘက်ကနေ စကားပြောငြင်းခုန်ရတတ်။အချစ်ရေးကံကောင်းနေပါတယ်။ထင်မှတ်မထားတဲ့ ပျော်ရွှင်မှုလေးတွေကြုံရတတ်ပါတယ်။အိမ်ထောင်ရေးကတော့ ကြည်နူးစရာများ၊စိတ်ပူစရာများ ရောထွေးနေပါလိမ့်မယ်။
အ၀ါရောင်၊အဖြူရောင်၊အညိုရောင်များများဝတ်ပေးပါ။
ဝမ်းဗိုက်၊လေ၊ဒူး၊သွေးသားနဲ့ပက်သက်တဲ့ရောဂါများသတိထားပါ။
ထီထိုးလျှင် ၃၊၅ များများပါအောင်ထိုးပါ။
ယတြာ။ ။ အညံ့တွေပြေပျောက်ပြီး ကောင်းတာတွေ ပိုကောင်းလာစေဖို့အတွက် မနက် (၈)နာရီတိတိမှာ စမူဆာ(၅)ခုလှူဒါန်းပြီး လိုရာဆုတောင်းပါ။
ဗုဒ္ဓဟူးသားသမီးများ
ဒီရက်မျိုးမှာ ခရီးထွက်နေလေ ကောင်းလေပါပဲ။ ပြည်တွင်ပြည်ပ ခရီးကောင်းတွေလည်း ကြုံရတတ်ပါတယ်။ အနည်းဆုံး အိပ်ယာပြောင်းအိပ်ပါ ။ ရပ်ဝေးက အကူအညီ၊ အဆက်အသွယ်ကောင်းတွေ ပေါ်လာမယ်။ ဆွေမျိုးတွေရဲ့ သတင်းကောင်းလည်းကြားရတတ်ပါတယ်။ အလုပ်နေရာ၊ အိမ်နေရာနဲ့ ပတ်သက်တဲ့ကိစ္စတွေ လည်း အောင်မြင်နိုင်ပါတယ်။ လုပ်ငန်းသစ်စတာ၊ နေရာပြောင်းတာတွေလုပ်သင့်ပါတယ်။ အကြီးအကဲ၊အထက်လူကြီး ကူညီမစအံ့။ရပ်ဝေးမှသတင်းကောင်းများကြားရတတ်။ဝမ်းသာစရာဧည့်သည်များတွေ့ရတတ်။ကောင်းသောခရီးတိုများသွားရတတ်။ မထင်မှတ်ပဲ မိတ်ဆွေရင်း ဆရာရင်းများထံမှ အကူအညီကောင်းများရတတ်။အနားဝန်းကျင်တွင် မီးလန့်၊လျှော့ဖြစ်ကြုံတတ်။ငွေ၊ပစ္စည်းပျောက်တတ်။အမှန်ဘက်ကနေ စကားပြောငြင်းခုန်ရတတ်။အ၀တ်အစား၊အသုံးပစည်းအသစ်များဝင်လာတတ်။။အထူးသတိထားပါ။ငွေအတွက်စိတ်ပူရတတ်။ငွေအတွက်စကားပြောငြင်းခုန်ရတတ်။အပူ လောင်တတ်။ ပြဿနာကြီးတွေ ကြုံရတတ်တယ်။ တစ်ယောက်ပြီး တစ်ယောက် ဒုက္ခပေးလာတတ်တဲ့ အချိန်မျိုးပါပဲ။ မတော်တဆ ထိခိုက်မိတာလေးတွေလည်း ကြုံရတတ်ပါတယ်။ စက်ကိစ္စ၊ စပ်တူကိစ္စ၊ ဆိုင်ကိစ္စ စာချုပ်စာတမ်းကိစ္စတွေ လုံးမ၀လုပ်သင့်ပါဘူး။နှလုံးသားရေးအဆင်မပြေဖြစ်တတ်။အဆင်မသင့်လျှင် ပြတ်စဲသွားတတ်အိမ်ထောင်ရေးစိတ်ချမ်းသာစရာများကြုံရတတ်။
အပြာရောင်၊အနီရောင် များများဝတ်ပေးပါ။
ခြေထောက်၊ခါး၊ဆီး ဒူးနဲ့ပက်သက်တဲ့ရောဂါများသတိထားပါ။
ထီထိုးလျှင် ၆၊၁ များများပါအောင်ထိုးပါ။
ယတြာ။ ။ အညံ့တွေပြေပျောက်ပြီး ကောင်းတာတွေ ပိုကောင်းလာစေဖို့အတွက် မနက်(၆)နာရီတိတိမှာ အုန်းသီးပါသောမုန့် (၆)ခု ဘုရားလှူဆုတောင်းပါ။
ကြာသပတေးသားသမီးများ
လုပ်ငန်းသစ်စတင်ခြင်း ၊ နေရာပြောင်းခြင်း ၊အခြေအနေပြောင်းခြင်း စတဲ့ကိစ္စတွေမှာ အကျိုးပေးအောင်မြင်နိုင်ပါတယ် ။ပြည်တွင်း ၊ပြည်ပခရီးတွေအောင်မြင်မယ် ။ထွက်နေတဲ့ ငွေတွေ ပစ္စည်းတွေ ပြန်ဝင်လာမယ် ။ကွဲကွာနေသူတွေနဲ့ပြန်ဆုံရတတ်တယ် ။အသီးအနှံ၊သစ်၊သံ၊သွပ်၊ရေထွက်ကုန်၊ရွှေ၊အလှကုန်၊လျှပ်စစ်ပစ္စည်း၊ခရီးသွားလုပ်ငန်းတွေမှာ အကျိုးပေးအောင်မြင်နိုင်ပါတယ် ။ သတင်းကောင်းကြားရအံ့။ဝမ်သာစရာဧည့်သည်များတွေ့ရအံ့။အလုပ်အဆက်အသွယ်ကောင်းများပေါ်လာတတ်။ အလုပ်နဲ့ပက်သက်သည့် အခွင့်အရေးများလည်းပေါ်လာတတ်။ငွေပစ္စည်းပျောက်တတ်။အမှန်ဘက်ကနေ စကားပြောငြင်းခုန်ရတတ်။မိတ်ဆွေရင်းများနဲ့အယူအဆကွဲလွဲအတိုက်အခံဖြစ်တတ်။ရစရာပေးစရာငွေများကြန့် ကြာ နေတတ်။ငွေအတွက်စိတ်ပူရတတ်။ စက်ပစ္စည်း၊လက်ဝတ်ရတနာများဝင်လာတတ်။လူကြီး၊အလုပ်၊နေရာထိုင်ခင်းအတွက် စိတ်ပူရတတ်။ခရီးကိစ္စများအောင်မြင်တတ်။နှလုံးသားရေး စိတ်အနှောက်အယှက်ဖြစ်ရတတ်။အိမ်ထောင်ရေး တကျက်ကျက်ဖြစ်လေ စီးပွားတက်လေ။ရန်များများဖြစ်ပေးပါ။
အပြာရောင်၊အစိမ်းရောင်းများများဝတ်ပါ။
ဝမ်းဗိုက်၊ဦးခေါင်း၊မျက်လုံးနဲ့ပက်သက်တဲ့ရောဂါများသတိထားပါ။
ထီထိုးလျှင် ၄၊၃ များများပါအောင်ထိုးပါ။
ယတြာ။ ။ အညံ့တွေပြေပျောက်ပြီး ကောင်းတာတွေ ပိုကောင်းလာစေဖို့အတွက် မနက် (၆း၄၀)နာရီမှာ လက်ဖက်ရည် (၄)ခွက် ဘုရားလှူဆုတောင်းပါ ။
သောကြာသားသမီးများ
နာမည်ကြီး ထမင်းငတ် ဆိုတဲ့ ကိန်းမျိုးပါပဲ။ ဘယ်လုပ်ငန်းကိုမှ ကြီးကြီးမားမား မချဲ့သင့်သေးပါဘူး။ အကြောင်းကိစ္စ မယ်မယ်ရရမရှိပဲ စိတ်လေ၊စိတ်မောနေရအံ့။စိတ်လေပြီး ဆုံးဖြတ်ချက်အမှားများချမိတတ်။စိတ်ညစ်ရမယ့်ဧည့်သည်များတွေ့ရတတ်။စိတ်ညစ်စရာသတင်းများကြားရတတ်။ပညာအသစ်ရတတ်။လူမျိုးခြား၊ဘာသာခြား ကူညီမစတတ်။မိတ်ဆွေရင်း၊ဆရာရင်းတွေရဲ့ အကူအညီကောင်းများလည်းရတတ်။ ရစရာပေးစရာငွေများ ထစ်ငေါ့နေတတ်။ငွေအတွက် စိတ်ပူရတတ်။ရွှေ၊ရတနာ၊အဖိုးတန်စင်ပစ္စည်းများဝင်လာတတ်။အထည်အလိပ်၊ထီးထိနပ်နာရီများလက်ဆောင်ရတတ်။ စိတ်ရှည်ရှည်ခေါင်းအေးအေးထားပြီး တိုင်တိုင်ပင်ပင် လုပ်သင့်တဲ့အချိန်ဖြစ်ပါတယ်။ အထင်လွဲစွပ်စွဲခံရတာ၊ ပြဿနာကြားညပ်တာမျိုးတွေ ကြုံရတတ်တယ်။ နေရာထိုင်ခင်း အဆောက်အဦးကိစ္စများ မတင်မကျဖြစ်နေ မယ်။တစ် ဇွတ်ထိုးလုပ်ပြီး အမှားကြုံတတ်ပါတယ်။ သူတစ်ပါးကို ကူညီရတဲ့အလုပ် တွေနဲ့ မနားရအောင်ဖြစ်ရတတ်ပါတယ်။ အလုပ်တွေ တအားလုပ်ရပြီး ငွေကျပ်နေမယ်။နှလုံးသားရေးကြားလူနှောက်ယှက်တတ်။စိတ်သောကရောက်ရတတ်။အိမ်ထောင်ရေး မျက်နှာကြောမတည့်ဖြစ်နေတတ်။
အ၀ါရောင်၊အနက်ရောင်များများဝတ်ပါ။
ခြေထောက်၊ခါး၊သွေးသားနဲ့ပက်သက်နဲ့ရောဂါများ သတိထားပါ။
ဘာသာရေးနဲ့ပက်သက်တဲ့ပစည်းများဝင်လာလျှင် ထီထိုးပါ။၅၊၀ များများပါအောင်ထိုးပါ။
ယတြာ။ ။ အညံ့တွေပြေပျောက်ပြီး ကောင်းတာတွေ ပိုကောင်းလာစေဖို့အတွက် ဆွမ်းခံကြွတဲ့ဘုန်းကြီးကို ပေါင်မုန့်ထောပတ်သုပ်လှူလိုက်ပါ။
စနေသားသမီးများ
သူများပြသနာကြားဝင်ပါရတတ်တာကိုလည်း သတိထားသင့်ပါတယ် …။ ကံကောင်းပြီးငွေရတတ်။ လူမျိုးခြား၊နိုင်ငံခြားနဲ့ပက်သက်တဲ့အလုပ်တွေ အောင်မြင်မယ့် အချိန်ကာလပါပဲ …။ပြည်တွင်းခရီးတွေလည်းကောင်းတယ် ။ အိမ်အဆောက်အဦးကိစ္စတွေအောင်မြင်မယ် ။အထည်အလိပ်၊ထီးဖိနပ်၊လျှပ်စစ်ပစည်း၊ထီ၊ကား၊ကျောက်၊ကွန်ပြူတာ၊ကင်မရာ၊ကြက်၊ငါး၊ အလုပ်တွေ တိုးချဲ့သင့်တဲ့ကာလဖြစ်ပါတယ်။မိတ်ဆွေရင်း၊ဆရာရင်းတွေနဲ့တော့အဆင်မပြေဖြစ်တတ်ပါတယ်။မြေ၊အမွေ၊ဖုန်း၊ပညာရေး၊သင်တန်းကိစတွေမှာလည်း စိတ်ရှုပ်ရတတ်ပါတယ်။ ငွေပစည်းတွေလည်းပျောက်တတ်တဲ့အတွက် သတိထားသင့်ပါတယ် …။အိမ်ထောင်ရှင်များအဖို့ အကြောင်းကိစမယ်မယ်ရရမရှိပဲ အဆင်မပြေတာ ၊ ကတောက်ကဆဖြစ်တာတွေ များနေပြီး ၊ ချစ်သူရည်စားများအဖို့ကတော့ ကြည်နူးချမ်းမြေ့ဖွယ်ရာသတင်းကောင်းများကြားရတတ်တဲ့အချိန် ၊ အချစ်ရဲ့ပျော်ရွှင်မှုအသီးအပွင့်တွေကို ရယူခံစားရမယ့်ကာလဖြစ်ပါတယ် …။
အာရုံကြော၊လေ၊၀မ်း၊ဆီး၊ဦးခေါင်း၊မျက်စိ နဲ့ပက်သက်တဲ့ ကျန်းမာရေးဂရုစိုက်ဖို့လိုပါတယ်။
အပြာ၊အဖြူရောင်တွေ ကံကကောင်းစေပါတယ် …။
ထီထိုးလျှင် ရှေ့ဆုံးမှာ (၂ ၇) အတွဲလိုက်ပူးနေတဲ့ ထီလက်မှတ်ကိုရှာထိုးပါ ။နန်းကြီးသုပ်စားပြီးထိုးပါ ..။အလှူမင်္ဂလာ ၊ ပွဲလမ်းသဘင်တွေကြုံလိမ့်မယ် …။အဲဒီနေ့မှာလည်း ထီထိုးပါ …။
ယတြာ။ ။ ။ ညံ့တာတွေ ပြေပျောက်ပြီး ကောင်းတာတွေပိုကောင်းလာစေဖို့အတွက် ချိုးမယ့်ရေထဲမှာ ဒိန်ချဉ်အနည်းငယ်ထည့် ၊ နှင်းဆီ (၃) ပွင့်ထည့် ခေါင်းလောင်းချိုးလိုက်ပါ။
နှစ်သစ်ကူးသင်္ကြန်ကာလ၏ ကြည်နူးရင်ခုန်ဖွယ်ရာကောင်းလှသော နေ့ရက်များ
မင်းသိမ်းခိုင် (ရွှေရမ်းထူးလင်း)
ခုနှစ်ရက် သားသမီးများအတွက် ၂၀၁၇ ဧပြီ ၁၅ ရက်မှ ဧပြီ ၂၁ ရက်အတွင်း ဟောကိန်း
Reviewed by Unknown
on
12:32 AM
Rating:
Reviewed by Unknown
on
12:32 AM
Rating:


Post a Comment