Header AD

အကြီးမားဆုံးဗုံးအား အမေရိကန်မှ ကျဲချလိုက်ပြီ


နူကလီးယားဗုံးမဟုတ်သည့် အင်အားအပြင်းထန်ဆုံးဗုံးကြီးတစ်လုံး ပထမဆုံးအကြိမ်အဖြစ် အကြမ်းဖက် ( အိုက်စစ်တို့ခိုအောင်းရာထဲသို့) အမေရိကန်ကြဲချတိုက်ခိုက်
လွန်ခဲ့သော (၂) နာရီခန့် သတင်းထူး
အာဖဂန်နစ္စတန်၊ ဧပြီ ၁၃
အာဖဂန်စံတော်ချိန် ယနေ့ည ၇ နာရီခန့်က(မြန်မာစံတော်ချိန် ည ၁၁ နာရီကျော်ခန့် အလွန်ပြင်းထန်သော ဗုံးတစ်လုံးကို အမေရိကန်တပ်ဖွဲ့က အာဖဂန်နစ္စတန်နိုင်ငံ နာဂါဟာ ခရိုင်ပေါ်သို့ ကြဲချတိုက်ခိုက်ခဲ့ကြောင်းသိရသည်။
အဆိုပါ အင်အားအပြင်းထန်ဆုံးဖြစ်ပြီး ”ဗုံးများအားလုံး
၏မိခင်(Mother of All Bombs / MOAB)”ဟု နာမည်ပြောင်ပေးထားသည်။
အဆိုပါဗုံးကို အမေရိကန်လေတပ်မတော်၏ အထူးစစ်ဆင်ရေးဆိုင်ရာ MC-130 လေယာဉ်ပေါ်မှ ကြဲချခြင်းဖြစ်ပြီး၊ ဗုံး၏ အလေးချိန်မှာ ၂၁၆၀၀ ပေါင်(၁၁ တန်နီးပါးခန့်)ရှိကာ GPS လမ်းညွှန်မှုဖြင့် ဖောက်ခွဲပစ်ချသော ဗုံးဟုဆိုပါသည်။
အမေရိကန်တို့ကမူ အစ္စလာမ်မစ်နိုင်ငံတော် အကြမ်းဖက် (အိုက်စစ်) တို့ပုန်းအောင်းနေရာ လိုဏ်ခေါင်းကို ပစ်မှတ်ထား၍ တိုက်ခိုက်ခြင်းဖြစ်သည်ဟုဆိုသည်။
အဆိုပါ MOAB ဗုံးကို စစ်မြေပြင်တွင် ယခုမှပင် ပထမဆုံးအကြိမ်အဖြစ် အသုံးပြုတိုက်ခိုက်ခြင်းဖြစ်ပြီး၊ အီရတ်စစ်ပွဲများကာလအတွင်းက တီထွင်ခဲ့သော ဗုံးဖြစ်ကြောင်း အမေရိကန်အာဏာပိုင်တို့ကပြောကြားပါသည်။
အဆိုပါ ဗုံး၏ ပြင်းအားနှင့် ရိုက်ခတ်မှုအရ မီတာ (၅၀၀၀) အတွင်း အားလုံး ကြေမွ ပျက်စီးနိုင်စွမ်းရှိပြီး
မြောက်ကိုရီးယားနှင့် ပြင်ဆင်နေသော စစ်ပွဲအတွက် ထုတ်ပြလိုက်ခြင်း ဖြစ်နိုင်သည်ဟု ခန့်မှန်းကြသည်။
အဆိုပါ ဗုံးအမျိုးစာ အားလုံးပေါင်း (၄၀၀၀) ထုတ်လုပ်ထားပြီးဖြစ်ကြောင်းပါ။

မူရင်းတင်သူအား Credit ပေးပါတယ်။


Video ကြည့်ရှုရန်>>>https://www.facebook.com/maha.mingyi/videos/1639714759376084/
အကြီးမားဆုံးဗုံးအား အမေရိကန်မှ ကျဲချလိုက်ပြီ အကြီးမားဆုံးဗုံးအား အမေရိကန်မှ ကျဲချလိုက်ပြီ Reviewed by Unknown on 1:45 PM Rating: 5

Post AD