Header AD

လမ်းပြင်နေတုန်း လူကြီးတစ်ဦးနဲ့ ကလေးငယ်တစ်ဦး ဓာတ်လိုက်သေဆုံး

မြစ်ကြီးနားမြို့ ဧရာရပ်ကွက်ထဲမှာ လမ်းပြုပြင်ရေးလုပ်ငန်း လုပ်ကိုင်နေတုန်း ဓာတ်လိုက်မှုကြောင့် ကလေးငယ်တစ်ဦး အပါအဝင် လူနှစ်ဦးသေဆုံးခဲ့မှု ဧပြီလ ၂၅ ရက်နေ့က ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ဧရာရပ်ကွက်ထဲက အော်တိုအိတ်ချိန်းဝန်ထမ်းအိမ်ရာနားမှာရှိတဲ့ သခင်နက်ဖေလမ်းနဲ့ ရုံးကြီးလမ်းဆုံရာနေရာမှာ လမ်းပြင်နေတဲ့အလုပ်သမားတွေက မြေသယ်ကားပေါ်က မြေကြီးတွေသွန်ချတဲ့အချိန်မှာ   လမ်းဘေးမှာ သွယ်တန်းထားတဲ့ ဗို့အား ၁၁၀၀၀ ဓာတ်အားလိုင်းကြိုးနဲ့ ကားဘော်ဒီချိတ်မိတာကနေ ကားပေါ်မှာ လိုက်ပါလာသူတွေကို ဓာတ်လိုက်ခဲ့တာဖြစ်ပါတယ်။ဓာတ်လိုက်မှုကြောင့် ကားပေါ်မှာ လိုက်ပါလာသူလေးဦးထဲက ကားခေါင်းခန်းက ယာဉ်မောင်း ကိုမင်းခန့်၊ အသက်(၃၀)နှစ်နဲ့  မောင်ကျော်ကိုကိုလွင် အသက်(၉)နှစ်တို့မှာ  ဓာတ်လိုက်ရာတာကနေ ရခဲ့တဲ့ဒဏ်ရာတွေကြောင့် နေရာမှာပဲ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
ဘေးနားမှာ မြေကြီးတွေချနေတဲ့ ကိုမောင်မောင်နဲ့ ကိုငြိမ်းတို့နှစ်ဦးက ဓာတ်လိုက်နေသူတွေကို ကူညီကယ်ဆယ်ရန်ကြိုးစားခဲ့မှာ ကူးစက်ဓာတ်လိုက်ပြီး မီးလောင်ဒဏ်ရာတချို့ ရရှိခဲ့လို့ မြစ်ကြီးနားဆေးရုံမှာ ဆေးကုသမှုခံယူနေကြရကာ ကိုမောင်မောင်မှာ ဒဏ်ရာပြင်းထန်လို့ စိုးရိမ်ရကြောင်းသိရပါတယ်။
ဒီဖြစ်စဉ်အား မြစ်ကြီးနားမြို့မရဲစခန်းမှ (ပ)၁၀၃/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ -၃၀၄ -က နဲ့ အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးကနေ သိရပါတယ်။
Source & Video : MyitKyiNa News

လမ်းပြင်နေတုန်း လူကြီးတစ်ဦးနဲ့ ကလေးငယ်တစ်ဦး ဓာတ်လိုက်သေဆုံး  လမ်းပြင်နေတုန်း လူကြီးတစ်ဦးနဲ့ ကလေးငယ်တစ်ဦး ဓာတ်လိုက်သေဆုံး Reviewed by Unknown on 4:55 AM Rating: 5

Post AD