Header AD

မော်လမြိုင်မှာ တကယ်ဖြစ်သွားတဲ့ ဖြစ်ရပ်

( ၁၈.၄.၂၀၁၇) မော်လမြိုင် ကမ်းနားလမ်းမှာ ဒီနေ့ တချို့ မဏ္ဍာပ်တွေ မဖျက်ရသေးပါဘူး။ အရှိန်လွန် အမူးပြေကြမှ ထလာပြီး လာဖျက်နေတဲ့ မဏ္ဍာပ်အချို့လဲ ရှိပါတယ်။ (မွန်ပြည်နယ်မှာ က နှစ်ဆန်းတစ်ရက်နေ့အထိ ရေပက်တဲ့ ဓေ လ့ရှိလို့ပါ ။)
အမှိုက်တွေပလဲနေတာပဲ။ တချို့မဏ္ဍာပ်ကဆို ဖျက်လက်စ ဝါးလုံးတွေတောင် လမ်းပေါ် တဝက်တပျက် ရောက်နေပြီး ယာဉ်မောင်း အချို့အတွက် အန္တရာယ် ရှိပါတယ်။ မြင်လို့လဲ မကောင်းပါဘူး။
နေ့ခင်း (1:30) လောက်က မထင်မှတ်တဲ့ အဖြစ်တခု တွေ့လိုက်ရတယ် ကိုဇင်မိုးတဲ့။ မျက်မြင်တွေ့သူ Heroanng က သတင်းပေးပို့ လာတာပါ။
ဆိုင်ကယ်ကယ်ရီသမား တစ်ယောက် ဆိုင်ကယ်မောင်းလာရင်း ကမ်းနားလမ်း ဘေဘီသန်း ဆိုင်ရှေ့ မဏ္ဍာပ်လေးက ဝါးတွေ လမ်းပေါ်ထိရောက် အမိုက်တွေ ပလဲနေတာကို တွေ့တော့ ဆိုင်ကယ်ရပ်ပြီး အော်ဆဲမလားလို့ ကြည့်လိုက်တာ (တချို့တော်တော်များများ လုပ်နေကြတဲ့ အကျင့်ကိုပြောတာ) မဟုတ်ဘူးတဲ့ဗျ။
အသာလေး ဆိုင်ကယ်ကိုလမ်းဘေးချ။ ဝါးတွေကို ဘေးဖယ်ပြီးတဲ့အပြင် ပြန့်ကျဲနေတဲ့ အမှိုက်တွေပါ တစစီ လိုက်ကော က်သွားတာပါတဲ့။
ပထမကျွန်တော်တို့လဲ အံ့သြနေတာ။ နောက်မှ သတိရလို့ ပုံကမန်းကတန်း ရိုက်ပြီး အစ်ကို့ဆီ ပို့ပေးတာပါတဲ့။ တကူးတ က လိုက်ရိုက်လို့လဲ မကောင်းဘူးလေ။ သူ့ အသိစိတ်နဲ့ သူလုပ်နေတာလေး ပျက်စီးသွားမှာ စိုးလို့ပါ။ ပုံကတော့ သိပ်မရှ င်းဘူး အစ်ကိုရေ။
မော်လမြိုင်က ဆိုင်ကယ်ကယ်ရီသမား အားလုံးကိုယ်စား လေးစားမိသလို ဂုဏ်လဲ ယူပါတယ်ဗျာ။
Zin Moe
Credit. လပြည့်ဝန်း

မော်လမြိုင်မှာ တကယ်ဖြစ်သွားတဲ့ ဖြစ်ရပ် မော်လမြိုင်မှာ တကယ်ဖြစ်သွားတဲ့ ဖြစ်ရပ် Reviewed by Unknown on 8:35 AM Rating: 5

Post AD