ပြည်သူဟာ ညည်းရင်းညူရင်းနဲ့ပဲ သည်းညည်းခံကြပါတယ်
အမှန်စင်စစ် သူမကို ကျွန်တော် ချစ်သည်။ပြော၍ရသည်။ ကျွန်တော်တို့ တစ်တိုင်းပြည်လုံးက သူမကိုချစ်ကြည်သည်။
၁၉၈၈ သြဂုတ်လ ၂၆ ရက် ကစ၍ ကျွန်တော်သည် သူမကို ချစ်ခဲ့၏။
ရွှေတိဂုံစေတီတော် အနောက်ဘက်မုခ် လူထုစည်း ဝေးပွဲမှာ သူမကို စိတ်ဝင်တစား သွားကြည့်ခဲ့ကြ၏။ အားလုံး။ သူမသည် မိုးပေါ်က ထူးဆန်းစွာ ကျရောက်လာသော ကယ်တင် ရှင် နတ်သမီးတစ်ပါးဟုပင် ကျွန် တော်တို့ တွေးထင်ခဲ့ကြ၏။
ကျွန်တော်တို့ လက်ပစ်ကူးခဲ့ ကြသည်။ ကျွန်တော်တို့ လက်ပစ် ကူးနေကြသည်။ ကမ်းမမြင်လမ်း မမြင် ဖြစ်ခဲ့ကြရသည်။ ကျွန်တော် တို့သည် ခြေကုန်လက်ပန်းကျကြ ပြီ။ သူမသည် အရောင်အဝါဖြင့် ရောက်ရှိလာ၏။
မေခလာနတ်သမီးကဲ့သို့ သူမသည် ရောက်ရှိလာ၏။
ဖခင်ကြောင့် သူမကိုချစ်ခဲ့ ကြသည်။ အသက်အားဖြင့် (၄၀) ကျော်စ။ အလွန် စမတ်ကျသော၊ အလွန်ပညာရည်ပြည့်ဝသော၊ အလွန်သတ္တိကောင်းသော အမျိုး သမီးဟူ၍ ဖူးဖူးမှုတ်၍ ချစ်ခဲ့ကြ ၏။
ကျွန်တော်ချစ်သည်။ သင် ချစ်သည်။ အားလုံးကပင်ချစ် သည်မဟုတ်ပါလော။
ကျွန်မ မှန်မှန်ပဲ ပြောပါရစေ။
‘‘ကျွန်မဟာ တပ်မတော် အပေါ်မှာ အင်မတန်သံယောဇဉ် ကြီးပါတယ်။ ဖေဖေတည်ထောင် ခဲ့တဲ့ တပ်မတော်လည်းဖြစ်ပါ တယ်’’
သူမ၏အသံကို ကျွန်တော် တို့ ကြားနေရသည်။
မျက်နှာကိုမြင်၍ ချစ်ခင်ရ သည်။
အသံကိုကြား၍ ဆပွားချစ်ရ ပြန်၏။
ထို့နောက် အရေးတော်ပုံ ကြီး ပြီးဆုံးခဲ့ရသည်။ အမှန်က အရေးတော်ပုံသည် မပြီးဆုံး သေး။ လက်နက်ရှိသူများက သေ နတ်ဖြင့်ရပ်တန့်စေခြင်း။ သေ နတ်ပစ်ဖောက်၍၊ လူကိုသတ်၍ ရပ်တန့်စေခဲ့ခြင်း။
ထို့နောက် အင်န်အယ်လ်ဒီ ပါတီကို တည်ထောင်သည်။
ကျွန်တော်တို့သည် အံ့သြရ ၏။
သူမသည် သူမ၏ဖခင်နှင့် အကျွမ်းဝင်သော နိုင်ငံရေးသမား ကြီးများမှစ၍ နိုင်ငံ၏သမိုင်းကို ထိထိမိမိ ဖြတ်သန်းခဲ့ဖူးသော ပုဂ္ဂိုလ်များနှင့် အဆက်အသွယ် ရအောင်ယူ၏။ ထို့နောက် တပ် မတော်က အငြိမ်းစားယူခဲ့ရသော ဒီမိုကရေစီကိုချစ်သော တပ်မှူး ဟောင်းကြီးများ၊ ထို့နောက်လူ ငယ်များ၊ ကျောင်းသားများ။ သူမ သည် သံလိုက်ဓာတ် အားကောင်း ခဲ့၏။ တက္ကသိုလ်ရိပ်သာလမ်း ခြံ အမှတ် (၅၄)အတွင်းထဲသို့ လှပ သောအချစ်စိတ်ဖြင့် ဒုန်းစိုင်းဝင် ရောက်ကြကုန်၏။
သို့သော် လူအားလုံးကို လက်နက်ရှိသူများက အင်းစိန် အကျဉ်းထောင်သို့ ပို့ပစ်လိုက်၏။ သူမကို တစ်ဦးတည်း သီးသန့် နေအိမ်အကျယ်ချုပ် ချပစ်လိုက် ၏။ ပညာရှိသော ဦးခေါင်းများကို ခွဲခြားပစ်လိုက်ခြင်း။
သူမကို မမြင်ရတော့သော် လည်း ကျွန်တော်တို့သည် သူမ၏ အသံကို နားစွင့်နေပါ၏။
"The only real prison is fear and the only real freedom is freedom from fear"
သူမသည် ကျွန်တော်တို့ ကြားအောင် အမြဲအသံပြုပါ၏။ သူမသည် ကမ္ဘာကကြားအောင် အသံကုန် အော်ဟစ်ပါ၏။
"Fear is a habit, I am not afraid"
သူမသည် အော်ဟစ်ပါ၏။ "It is not power that corrupts But fears"
ထိုအချိန်က အုပ်ချုပ်ထား သူကို သူမသည် မကြောက်မရွံ့ ဝေဖန်၏။
နိုင်ငံတော်မှာ မှီတင်းနေ ထိုင်သော နိုင်ငံသားများအနေနှင့် ကြောက်ရွံ့နေရခြင်းသည် သဘာ ဝတရား မဟုတ်ကြောင်းကို ကျွန် တော်တို့သိအောင် သူမသည် လင်းပြခဲ့၏။ သူမသည် ကျွန် တော်တို့၏ စံပြပုဂ္ဂိုလ်။
"We are still prisoners and our own country"ဟု သူမ က ပြောကြားခဲ့၏။
သူမသည်သာလျှင် ကျွန် တော်တို့၏ အရေးအကြီးဆုံး ပုဂ္ဂိုလ်ဖြစ်သည်။
သူမကတော့
"It still surprises me that people think of me as an important person"
ဟု သူမကိုယ်သူမ ပြည်သူ နှင့်ပတ်သက်လျှင် နှိမ့်ချခဲ့၏။ အုပ်ချုပ်သူနှင့်ပတ်သက်လျှင် ရဲ ဝံ့ခဲ့၏။
‘‘ကျွန်မအနေနဲ့ကတော့ တော်လှန်ရေးဆိုတာဟာ အခြေခံ ကျကျ၊ အရင်းအမြစ်ကျကျ ပြောင်းလဲခြင်းတစ်ခုလို့ ရိုးရိုး လေး နားလည်မိတယ်’’
သူမက ပြောခဲ့၏။
‘‘အချိန်ကာလဆိုတာ ရှိ တယ်။ ငြိမ်သက်ရမယ့်အချိန်ရှိ တယ်။ ထုတ်ပြောရမယ့်အချိန် ရှိတယ်’’
"There is time to be silent and there is time to speak"
သူမသည် ကျွန်တော်တို့ ကြားအောင် မြန်မာစကားဖြင့် ပြောသည်။ သူမသည် ကမ္ဘာက ကြားအောင် ကမ္ဘာသုံးစကားဖြင့် ပြောသည်။ ကမ္ဘာကလည်း သူမ ၏ ပင်ကိုထွန်းလင်းတောက်ပမှု ကို ‘ရှိန်’သည်မဟုတ်ပါလား။
သူမသည် နေအိမ်အကျယ် ချုပ်ကျတော့လည်း ကျွန်တော်တို့ ၏ စိတ်အာရုံသည် ခြံအမှတ် (၅၄)သို့ ကျက်စား၏။
ကျွန်တော်တို့၏အိပ်မက် သည်၊ ကျွန်တော်တို့၏မျှော်လင့် ချက်သည် ခြံအမှတ် (၅၄)၏ အတွင်းထဲမှာ ရှိနေသည်။
သူမအပေါ်သို့ လေးနက်ခဲ့ ကြ၏။
လူအများသည် အင်းလျား ကန်ပေါင်ပေါ်မှနေ၍ ခြံအမှတ် (၅၄)ကို မျှော်ငေးခဲ့ကြ၏။ သူမ လွတ်စေကြောင်း ဆုတောင်း မေတ္တာ ပို့သခဲ့ကြ၏။ အင်းလျား ကန်ဘက်မှာရှိသော ဘုန်းတော် ကြီးကျောင်း တစ်ကျောင်းပေါ်မှ နေ၍ ခြံအမှတ် (၅၄)၏ မည်သည့် နေရာမှာ သူမရှိနေပါသလဲ။ သူမ ၏ ချစ်မိတ်ဆွေများ၊ သူမ၏ ရဲ ဘော်ရဲဘက်များ၊ အင်န်အယ်လ် ဒီပါတီဝင်များ၊ တကယ်ကို လေး နက်သူများ။ သူမကို လေးနက်စွာ ချစ်ခဲ့ကြ၏။ သူမကို လေးနက်စွာ ဆွေးလျခဲ့ကြ၏။ သူမကို လေး နက်စွာ မျှော်ငေးခဲ့ကြ၏။
သူမ နေအိမ်အကျယ်ချုပ် ကျခံရစဉ်ကာလက နယ်မြို့များမှ ရန်ကုန်မြို့သို့ ခေတ္တရောက်ရှိလာ သူများပင် အင်းလျားကန်ပေါင် ပေါ်မှ သူမထံသို့ စူးစိုက်ကာ မေတ္တာပို့သကြ၏။ လွတ်မြောက် စေကြောင်း ဆုတောင်းကြ၏။
ထိုကာလက လူများ၏လေး နက်မှုကို ကျွန်တော်မည်သို့ မေ့ ပျောက်၍ရပါမည်နည်း။
ထိုအချိန်ကာလများက ကျွန်တော်သည် ကြည့်မြင်တိုင် တောလမ်းမှာနေထိုင်၏။ ကျွန် တော်၏အာရုံသည် တက္ကသိုလ် ရိပ်သာလမ်း ခြံအမှတ် (၅၄)သို့ သာ တစ်ချိန်လုံး ကျရောက်နေပါ ၏။
သူမသည် နိုဗယ်ငြိမ်းချမ်း ရေးဆုအပါအဝင် ကမ္ဘာကပေး သော ဆုများစွာကို ရရှိပိုင်ဆိုင်ခဲ့ သည်။ ပြည်တွင်း၏အချစ်သာ မက ကမ္ဘာ၏အချစ်ကို ရခဲ့၏။ သူမလွတ်မြောက်ရန် အဖြူရောင် ဝတ်စုံ ဝတ်ဆင်လျက် ရွှေတိဂုံ ရင်ပြင်တော်ပေါ်မှာ ဆုတောင်း မေတ္တာပို့သခဲ့ကြ၏။ ကမ္ဘာက လည်း သူမလွတ်ရန် ထောင့် အသီးသီးမှ တောင်းဆိုကြ၏။
သူမ လွတ်လာသည်။
ဟောပြောသည်။
"Freedom and Democr -acy are dreams, you never give up" ဟု သူမကပြော၏။
လူ့အခွင့်အရေး၊ လူသား၏ လွတ်မြောက်မှု၊ ဒီမိုကရေစီ၊ အိပ် မက်များ၊ သင်ဘယ်တော့မှ မစွန့် လွှတ်ပစ်လိုက်နှင့်။
သူမသည် မီးတောက်ကဲ့သို့ အဟုန်ဖြင့် လှုပ်ရှား၏။ ပျံသန်း၏။
ထောင်ချောက်များ၊ သတ် ကွင်းများ။ သူမ ကြုံခဲ့သည်။ အသက်ဘေးမှ သီသီကလေး လွတ်မြောက်ခဲ့မှုများ၊ သေကံ မရောက် သက်မပျောက် ဖြစ်ခဲ့ရ ပုံများ။ သူမသည် တည်ငြိမ်စွာ ဖြတ်သန်း၏။ ကျွန်တော်တို့က မမေ့နိုင်ကြ။ ဒိုင်ယာလော့ခ်ကို သူမက တောင်းဆို၏။ ကမ္ဘာပေါ် မှာ လူသားကို အကျိုးအပြုနိုင်ဆုံး လူတစ်ယောက်ဖြစ်ရန်၊ ဒုက္ခ ရောက်သူကို အကူအညီပေးရန် သူမရှင်သန်၏။
လွတ်လိုက်၊ ပြန်ဝင်သွား လိုက်။
အကြိမ်ကြိမ်။ နောက်ဆုံး တော့ အဖြူရောင်၊ ခရမ်းရောင် သစ်ခွပန်းများကို ကျွန်တော်တို့ မြင်သာအောင် သူမပန်ဆင်လာ နိုင်၏။ သူမ၏ ဆံမြကေသာထက် မှ နှင်းဆီပန်းသည် နီရဲစိုရွှန်းနေ၏။ သူမကို ကျွန်တော်တို့အမြဲ မြင်ခွင့်ရပြီ။ သူမ၏အသံကို ကျွန်တော်တို့ ကြားခဲ့ရပြီ။
‘‘မတွေ့ရတာလည်းကြာပြီ ဆိုတော့’’မှအစပြု၍ သူမ၏အသံ ကို ကျွန်တော်တို့ အမြဲကြားရပြီ။
ထူးဆန်းသည်မှာ သူမ၏ အနီးဆုံးသော ပုဂ္ဂိုလ်များသည် လွင့်စဉ်သွားတတ်၏။ အချို့ သေဆုံးသွား။ ဦးကြည်မောင်၊ ဦးဝင်းတင်။ ကျွန်တော်တို့က သူမနှင့်အတူ ယှဉ်တွဲမြင်ခဲ့ကြပြီး အမြဲ သူမနှင့် ယှဉ်တွဲလျက်မြင်ချင်သောပုဂ္ဂိုလ်အချို့သည်လည်း ယခုအခါ သူမနှင့်အတူတူ မရှိတာမျိုးကို ကျွန်တော်တို့ကြုံရ၏။ ဒေါ်ခင်ခင်ဝင်း၊ ဒေါက်တာတင်မာအောင်။ ထူးဆန်းသည်မှာ သူမသည် အမြဲရှင်သန်လျက်။ အမြဲပန်းပန်လျက်...။
သူမတို့ပါတီသည် ရွေး ကောက်ပွဲဝင်ခဲ့သည်။ ကျွန်တော် တို့က အရည်အသွေးပြည့်သော၊ အားကောင်းသော ဒီမိုကရက်တစ် အားလုံးကို သူမတို့နှင့်အတူ ရှိစေ ချင်၏။ အုပ်ချုပ်ရေးအဖွဲ့မှာ ပါ ဝင်စေချင်၏။ ဦးကိုကိုကြီး စသည် စသည်...။ ထိုပုဂ္ဂိုလ်များ ကလည်း အင်န်အယ်လ်ဒီနှင့်အတူ ပါဝင်ဆင်နွှဲရန် တင်သွင်းကြ၏။ သို့သော် ထိုပုဂ္ဂိုလ်များသည် ပယ် ချခြင်းကိုခံရ၏။ ကျွန်တော်တို့က အရည်အသွေးပြည့် ဒီမိုကရက် တစ်များဖြင့် အားကောင်းမောင်း သန် ကစားစေချင်၏။
ပွဲဦးထွက်မှာ အနိုင်ဂိုးများ သွင်းစေချင်၏။ သို့သော် သူမတို့ က ပါတီအဓိက၊ အလံအဓိက သဘောတရားဖြင့် ရွေးကောက်ပွဲ ဝင်ခဲ့၏။ လူအဓိက မဟုတ်ခဲ့ပါ။ ပြည်သူ၏ တစ်ခဲနက်အားပေး ထောက်ခံမှုဖြင့် မင်စွန်းသော ပြည်သူ့လက်သန်းများဖြင့် သူမတို့ ပါတီသည် တောင်ပြိုကမ်းပြိုနိုင်ခဲ့ ၏။
ယခုအခါ
ပြည်သူတွေဟာ အစိုးရ ကို ကြောက်ဖို့မလိုဘူးဆိုတာ အများက သိလာတယ်လို့ ကျွန် မထင်တယ်’’ဟု သူမကပြော သည်။
ပြည်သူလူထု စားဝတ်နေ ရေးအခြေအနေနဲ့ အလုပ်အကိုင် အခွင့်အလမ်းအခြေအနေ တိုး တက်မြင့်မားအောင် ဖော်ဆောင် မှုမှာ အားနည်းခဲ့ပါတယ်’’ဟု သူမရော ပါတီမှာပါဝါအရှိဆုံး ဦးဝင်းထိန်ကပါ ဝန်ခံစကား ပြော ခဲ့ရပြီးဖြစ်သည်။
သူမ၏ အစိုးရအဖွဲ့ဝင်များ သည် အရည်အသွေး ပြည့်ဝသူ များမဟုတ်ကြောင်း၊ ကစားကွင်း မှာ ခြေပေါ်အောင် မကစားနိုင်ကြ ကြောင်း ဝေဖန်သူများလည်း များ သည်ထက်များလာ၏။
အစိုးရအဖွဲ့ဝင်ထဲမှ အရေး ပါသောလူများ၏ လုပ်ရည်ကိုင် ရည် အားနည်းချက်များ၊ ရှင်း လင်းတိကျသော စီးပွားရေးမူဝါဒ မရှိခြင်း၊ စီးပွားရေးကိစ္စရပ်များကို ဦးစားပေးမှု အနေအထားမရှိ ခြင်း... စသော အစိုးရ၏ အား နည်းချက်အထွေထွေကို မြန်မာ နိုင်ငံဆိုင်ရာ အမေရိကန်သံ အ မတ်ကြီးဟောင်း ဒဲရစ်မစ်ချယ်လ် မှစ၍ သူမတို့ကို စိတ်ဓာတ်ခွန် အားကြီးကြီး ထောက်ခံအားပေး လာသူများကပင် ပုံနှိပ်မီဒီယာမှ၊ အွန်လိုင်းမီဒီယာမှ ဝေဖန်သုံးသပ် လာကြ၏။ ပြည်သူများသည် စား ဝတ်နေရေး ပိုမိုကျပ်တည်းလာမှု ကို မခံမရပ်နိုင်ဖြစ်လာ၏။
သို့သော် ကျွန်တော်တို့သည် သူမကိုချစ်သည်။ သူမရှိသည့် အရပ်၌သာ ကျွန်တော်တို့၏ စိတ် သည် ကျရောက်၏။ သူမသည် နိုင်ငံရပ်ခြားသို့ ရက်ကြာကြာ သွားရောက်ခဲ့ဖူး၏။ ကျွန်တော်တို့ စိတ်သည် သူမရှိရာ နိုင်ငံရပ်ခြား သို့ လိုက်လံကျရောက်နေ၏။
ဦးကိုကိုကြီးစကားနှင့် ပြော ရလျှင် ...
‘‘လူတွေဟာ ညည်းရင်းညူ ရင်းနဲ့ပဲ သည်းညည်းခံကြပါ တယ်။ အရင်ခေတ်ကို ပြန်ရောက် သွားမှာကိုတော့ အားလုံးက စိုး ရိမ်နေကြတယ်။ အဲဒီစိုးရိမ်စိတ်နဲ့ ပဲ ဒီအပြောင်းအလဲကို ဝိုင်းပြီး ထောက်ခံနေကြတယ်’’ဟူ၍သာ။
ပြည်သူဟာ ညည်းရင်းညူရင်းနဲ့ပဲ သည်းညည်းခံကြပါတယ်
Reviewed by Unknown
on
7:08 AM
Rating:
Reviewed by Unknown
on
7:08 AM
Rating:


Post a Comment