Header AD

ကိုယ့်မိန်းမနဲ့ လိင်ဆက်ဆံနေတဲ့ယောက်ျားကို လမ်းပေါ်ထိဆွဲထုတ်ပြီး ပညာပေးခဲ့တဲ့ခင်ပွန်း

တရုတ်နိုင်ငံက လမ်းမပေါ်မှာတော့ ယောက်ျားတစ်ယောက်က အဝတ်တွေမပါဘဲ ကိုယ်တုံးလုံးဖြစ်နေတဲ့ အမျိုးသားတစ်ယောက်ကို အားရပါးရ ရိုက်လိုက် ၊ ကန်လိုက်ပြုလုပ်နေပါတယ်။ အကြောင်းကတော့ သူ့မိန်းမနဲ့ ဖောက်ပြန်နေတဲ့သူကို ၊ သူတို့ လိင်ဆက်ဆံနေစဉ်အတွင်းမှာ ခင်ပွန်းသည်ဖြစ်သူက လက်ပူးလက်ကြပ်မိခဲ့တာကြောင့် လမ်းမပေါ်အထိ ဆွဲထုတ်လာပြီး အားရပါးရ ကန်ကြောက်ရိုက်နှက်နေခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဒီလိုမျိုး ကန်ကြောက်နေချိန်မှာတော့ ဘေးနားက လူတစ်ချို့ရှိနေပေမယ့်လည်း ဒီအကြောင်းကို သိနေပုံပေါ်ပြီး တစ်ယောက်မှ ဝင်မဆွဲဘဲ ပွဲကြည့်ပရိသတ်အဖြစ်သာ ရှိနေခဲ့ကြပါတယ်။ လိင်ဆက်ဆံနေတာကိုတော့ ခင်ပွန်းသည်က ကားထဲမှာ တွေ့ခဲ့တာလား ၊ အိမ်ထဲက အိပ်ရာထဲမှာ တွေ့ခဲ့လို့လားဆိုတာကတော့ ဘယ်သူမှ အတိအကျမပြောနိုင်ပါဘူး။

အရင်ဆုံးတော့ ဒေါသထွက်နေတဲ့ ခင်ပွန်းသည်ဖြစ်သူဟာ ဒီယောက်ျားကို ခြံဝန်းတွင်းမှာပဲ ပညာပေးနေပေမယ့် မှတ်လောက်သားလောက်အောင်ဆိုပြီး ၊ လမ်းပေါ်ကို ဆွဲထုတ်ရိုက်နှက်နေခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ အားရပါးရ ကန်ကြောက်ခံခဲ့ရပြီးတဲ့အချိန်မှာတော့ ဒဏ်ရာတွေနဲ့ အမျိုးသားဟာ ချက်ချင်းထွက်ပြေးသွားခဲ့တယ်လို့ သိရပါတယ်။

ကန်ကြောက်နေချိန်မှာတော့ ဒေါသထွက်နေတဲ့ ခင်ပွန်းသည်ဖြစ်သူက ဆဲရေးမှုတွေလည်း ပြုလုပ်နေခဲ့ပြီး နောက်တစ်ခါဒီလိုပြုလုပ်ရင် အသေသတ်ပစ်မယ်လို့ ကြွေးကြော်နေခဲ့တယ်လို့လည်း သိရပါတယ်။


( Paing A K )

Ref : Mirror
ကိုယ့်မိန်းမနဲ့ လိင်ဆက်ဆံနေတဲ့ယောက်ျားကို လမ်းပေါ်ထိဆွဲထုတ်ပြီး ပညာပေးခဲ့တဲ့ခင်ပွန်း ကိုယ့်မိန်းမနဲ့ လိင်ဆက်ဆံနေတဲ့ယောက်ျားကို လမ်းပေါ်ထိဆွဲထုတ်ပြီး ပညာပေးခဲ့တဲ့ခင်ပွန်း Reviewed by Unknown on 12:10 AM Rating: 5

Post AD