အသက်မပြည့်သေးသူ မိန်းခလေးများအား ပြည့်တန်ဆာအဖြစ် ခိုင်း စေခဲ့သူများ ထောင်ဒဏ်ချမှတ်ခံ၇
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ က နာမည်ကြီး အနှိပ်ခန်း (နာတာရီ) အား ထိုင်းရဲတပ်ဖွဲ့ နဲ့ အတူ လူကုန်ကူး မှုတိုက်ဖျက်ေ ရးအရာရှိများက ၀င်ရောက် ဖမ်း ဆီးခဲ့မှု မှာ အဓိက ပါတ်သက်နေသူ ထိုင်းနိုင်င်္ငသားများအား ဒီကနေ့ မှာ ထောင် ဒဏ် (၁၃)နှစ်နဲ့  အတူပြစ်ဒဏ်အသီးသီးချမှတ်ခဲ့ကြောင်း သိရပါတယ်။
ဘန်ကောက်မြို့ တရားရုံးက ပြစ်ဒဏ်များချမှတ်ရာမှာ နာတာရီ အနှိပ်ခန်း ကြီးကြပ်သူ Pong-anant Khanakhet ဖုန် အနမ် ကန်နာကက် ကို ထောင်ဒဏ်(၁၃)နှစ်၊ဒါရိုက်တာဖြစ်သူ စုံပရစုန်ဆွိုင်ကျစ် အား ထောင်ဒဏ် ၁၂ နှစ်ခြောက်လ နဲ့  အတူ နောက်ထပ် သုံးဦးကို လည်း ပူးပေါင်းကြံစည်မှု ဖြင့် ထောင်ဒဏ် ၈နှစ်၆လ နဲ့  ငွေဒဏ် ၆၅၅၀၀၀ ပါ တပေါင်းတ ည်း ပေးကြ ရမှာဖြစ်ပါတယ်။
တရားခံတွေကို စွဲဆိုခဲ့တဲ့အမှုတွေကတော့ လူကုန်ကူးမှု-ပြည့်တံဆာအဖြစ်ခိုင်းစေမှုနဲ့ အတူ တရားမ၀င်လာရော က်အ လုပ်လုပ်နေသူများအား လက်ခံထားမှု၊အသက်မပြည်သေးတဲ့ (၁၈)နှစ်အောက် မိန်းခလေးငယ်တွေကို အနှိပ်ခန်းတွေမှာ လုပ်ကိုင်ခွင့် ပေးထားတဲ့ အမှုတွေပါ ။
တရားခံတွေဟာ အပြစ်ရှိကြောင်း ၀န်ခံခဲ့လို့ ပြစ်ဒဏ်ရဲ့  ထက်ဝက်လျော့ ပေးခဲ့တာဖြစ်ပါတယ်။ နာတာရီ အနှိပ်ခန်း ပိုင်ရှင်နဲ့  နောက်ထပ် တရားခံ(၇)ဦးကတော့ အမှုကို ၀န်မခံခဲ့ပဲ တရားရုံးမှာ ဆက်တိုက်နေပါတယ်။
၂၀၁၆ ခုနှစ် ဇွန်လ ၇ ရက် ညက ဘန်ကောက်မြို့ ဟွေခမ်မြို့နယ်ရှိ နာတာရီအနှိပ်ခန်းကို ထိုင်းရဲတပ်ဖွဲ့က ဝင်ရော က် ဖမ်းဆီးရာမှာ ပြည့်တန်ဆာအမျိုးသမီး ၁၂၁ ဦးဖမ်းဆီးခဲ့ပြီး ဖမ်းဆီးခံရတဲ့ ပြည့်တန်ဆာ ၁၂၁ ဦးမှာ မြန်မာအမျိုးသမီး ပြည့်တန်ဆာ ၅၃ ဦး ပါဝင်ကြောင်း သိရပါတယ်။

Reviewed by Unknown
on
8:05 AM
Rating:
Reviewed by Unknown
on
8:05 AM
Rating:

Post a Comment