Header AD

မြန်မာနိုင်ငံမြောက်ပိုင်းဒေသမှာ မိုးကြီးနိုင်လို့ ဒေသခံတွေသတိပြုနေထိုင်သင့်တယ်လို့ ဒေါက်တာ ထွန်းလွင် သတိပေးထား

မြန်မာနိုင်ငံမြောက်ပိုင်းဒေသမှာ မိုးကြီးနိုင်လို့ ဒေသခံတွေသတိပြုနေထိုင်သင့်တယ်လို့ ဒေါက်တာ ထွန်းလွင် သတိပေးထား
၁၉၊ဧပြီ၊ရန်ကုန်။
နောက်နှစ်ရက်အတွင်း မြန်မာနိုင်ငံမြောက်ပိုင်းဒေသများမှာ နေရာအနှံအပြားမိုးရွာနိုင်ပြီး နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒပညာရှင် ဒေါက်တာထွန်းလွင်က သူ့ရဲ့ဖေ့ဘွတ်ခ် စာမျက်နှာမှာ သတိပေးပြောကြားထားပါတယ်။
မြန်မာနိုင်ငံမြောက်ပိုင်း ဒေသများ အပေါ် ပေ ၅၀၀၀ အမြင့်ပေမှာတိုက်ခတ်လျှက်ရှိတဲ့ လေဖိအားနည်းချိုင့်ဝှမ်း (မိုးတိမ်တိုက်တစ်ခု)မြန်မာနိုင်ငံမြောက်ပိုင်းဒေသများအပေါ် ဖြတ်သန်းသွားမှာဖြစ်တဲ့အတွက် နောက် (၁၂) နာရီမှ (၃၆) နာရီအတွင်း စစ်ကိုင်းပိုင်းအထက်ပိုင်းနဲ့ ကချင်ပြည်နယ်တို့မှာ နေရာအနှံ့အပြား မိုးရွာနိုင်ပြီး နေရာကွက်မိုးကြီးနိုင်တယ်လို့ သိရပါတယ်။
မိုးရွာသွန်းမှုအရှိန်ကြောင့် မြေပြိုခြင်း၊ ရုတ်တရက်ရေကြီးခြင်း တောင်ကျချောင်းရေ ကျဆင်းခြင်းတို့ ဖြစ်ပေါ်စေနိုင်တယ်။ဒါ့အပြင် မိုးရွာသွန်းမှုနဲ့အတူ လေပြင်းတိုက်ခတ်ခြင်းနဲ့ မိုးကြိုးပစ်ခြင်း၊ မိုးသီးကြွေခြင်း တို့ပါ ဖြစ်ပေါ်နိုင်တဲ့အတွက် အဆိုပါဒေသများမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ သတိပြုနေထိုင်သင့်ကြောင်း အသိပေးပြောဆိုထားပါတယ်။
မိုးရွာသွန်းမှုအရှိန်ကြောင့် ဧရာဝတီမြစ်ရေနဲ့ ချင်းတွင်းမြစ်ရေများ မြင့်တက်လာနိုင်သဖြင့် မြစ်ကြီးများ၊မြစ်ငယ်များ နဲ့ ချောင်းများအနီးမှာ နေထိုင်သူများအနေနဲ့ ရုတ်တရက်ရေမြင့်တက်လာမှုကို သတိပြုနေထိုင်ကြဖို့ ကိုလည်းဒေါက်တာထွန်းလွင် သတိပေးနှိုးဆော်ထားပါတယ်။
ရေကြောင်းအန္တရာယ် အနေနဲ့ ပြည်တွင်းရေကြောင်းသွားလာနေတဲ့ ရေယာဉ်များနဲ့ ပတ်သက်ပြီး မိုးတိမ်တောင်အန္တရာယ် ကို ယခုနှစ်မတ်လမှစတင်ပြီး မေလကုန်အထိသတိထားသင့်တယ်လို့ သူကဆက်လက်ပြောကြားထားပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၁၇ ရက်နေ့က မာရုသာဆိုင်ကလုန်း မုန်တိုင်းကြောင့် ရခိုင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီးနဲ့ ဧရာဝတီတိုင်းဒေသကြီးတို့မှာ လေပြင်းများတိုက်ခတ်ပြီး နေအိမ်အဆောက်အဦးနဲ့ လမ်းတံတားအချို့ ပျက်စီးမျောပါခဲ့ပါတယ်။
ဝင်းနန္ဒာ
မြန်မာနိုင်ငံမြောက်ပိုင်းဒေသမှာ မိုးကြီးနိုင်လို့ ဒေသခံတွေသတိပြုနေထိုင်သင့်တယ်လို့ ဒေါက်တာ ထွန်းလွင် သတိပေးထား မြန်မာနိုင်ငံမြောက်ပိုင်းဒေသမှာ မိုးကြီးနိုင်လို့ ဒေသခံတွေသတိပြုနေထိုင်သင့်တယ်လို့ ဒေါက်တာ ထွန်းလွင် သတိပေးထား Reviewed by Unknown on 7:45 AM Rating: 5

Post AD