ကမ္ဘာမှာ တင်ပါးအလှဆုံး ကောင်မလေးတဲ့… လက်ခံလား??
သူမနာမည်ကတော့ Jen Selter လို့ခေါ်ပါတယ်။ Jen Selter ဟာဆိုရင် အသက် ၂၀ ရှိပြီး Instagram မှာ တင်သားအလှဆုံးကို ပိုင်ဆိုင်ထားသူဆိုပြီး နာမည်ကြီးနေပါတယ်။
Jen Selter ရဲ့ Instagram ဟာဆိုရင် follow သူပေါင်း ၂ သန်းနီးပါး ရှိပြီး၊ သူမရဲ့ အားကစားပြုလုပ်နေတဲ့ ဓါတ်ပုံတွေကို ၂၀၁၂ မှာ စတင်ပြီး တင်ခဲ့ပါတယ်။ ပုံတွေစတင်ကတည်းက သူမကို လူကြိုက်များလာခဲ့တာဖြစ်ပါတယ်။
ပုံမှန်အားဖြင့် သူမတင်တဲ့ ဓါတ်ပုံတိုင်းဟာ Like ပေါင်း ၈၀၀၀၀ လောက်အမြဲရတယ်လို့သိရပါတယ်။ သူမကိုအဲ့လောက်ကြိုက်ကြတဲ့ အကြောင်းရင်းကတော့ သူမဟာ အားကစား ပုံမှန်ပြုလုပ်ပြီး တင်ပစုံ အရမ်းလှလို့ဖြစ်ပါတယ်။
အဲ့လို တင်ပစုံ ပိုင်ဆိုင်နိုင်ဖို့ မလွယ်ကူကြောင်း၊ နေ့တိုင်း ပုံမှန် လေ့ကျင့်ခန်း အားကစားတွေ ပြုလုပ်ပေးရကြောင်း သူမက ရှင်းပြပါတယ်။ ဒီလိုတင်ပစုံရဖို့ အဓိက လေ့ကျင့်ခန်းကတော့ Squats လို့ခေါ်တဲ့ ထိုင်ထ လေ့ကျင့်ခန်းတစ်မျိုးဖြစ်ပါတယ်။
Squats လေးကျင်းခန်းကို စိတ်ဝင်စားရင်တော့ အောက်မှာတွဲတင်ပေးထားတဲ့ သူမရဲ့ ရုပ်သံ video ကို ကြည့်ပြီး အိမ်မှာ အားကစားရုံမှာ စမ်းလုပ်ကြည့်လို့ရပါတယ်။ မိန်းကလေးရော ယောက်ျားလေးပါ စမ်းလုပ်ကြည့်လို့ရပါတယ်။

Reviewed by Unknown
on
8:09 AM
Rating:
Reviewed by Unknown
on
8:09 AM
Rating:

Post a Comment