ရခိုင်ဘုန်းကြီးနှင့် မြန်မာရဲတို့ ပဋိပက္ခရုပ်သံ ထွက်ပေါ် (ရုပ်သံ)
ရခိုင်ပြည်နယ် မြောက်ဦးမြို့၊ မြတန်းဆောင်း ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတိုက်မှ ဆရာတော်နှင့် ကိုခိုင်နီမင်းတို့ကို ရက္ခိုင့်တပ်မတော်နေ့ အထိမ်းအမှတ် ကျင်းပသဖြင့် မြောက်ဦးမြို့ ၅၄၀ တပ်ရင်းမှ ဗိုလ်မှူးဦးဝင်းကျော်မှ အမှုဖွင့်တိုင်ကြားသဖြင့် မြောက်ဦးမြို့နယ် ရဲစခန်းမှ ဧပြီလ ၁၀ ရက်နေ့က ဖမ်းဆီး အရေးယူခဲ့ကြောင်း သိရသည်။
(အောက်ဆုံးတွင် ရုပ်သံကိုပါ တွဲတင်ပေးထားပါတယ်)
ဧပြီလ ၁၀ ရက်နေ့တွင် ကျရောက်သည့် (၈) နှစ်မြောက် ရက္ခိုင့်တပ်မတော်နေ့အထိမ်းအမှတ်အဖြစ် AA Cup ရက္ခိုင့်တပ်မတော်ဖလား ခေါင်းစဉ်ဖြင့် ဘောလုံးပွဲကျင်းပပြီး စာပေဟောပြောပွဲနှင့် တေးဂီတဖျော်ဖြေပွဲ ကျင်းရန် စီစဉ်ခြင်းကို သက်ဆိုင်ရာမှ လာရောက်ပြီး အကြိမ်ကြိမ်တားမြစ်ပိတ်ပင်မှုများရှိခဲ့ပြီး၊ ပွဲကို ဆက်လက်ကျင်းပလျှင် ၁၇(၁)ဖြင့် ညှိစွန်းသဖြင့် ဖမ်းဆီးမည်ဟု ပြောဆိုခဲ့ကြောင်း မြတန်းဆောင်းဆရာတော် မှ ဧပြီလ ၉ ရက်နေ့က ပြောသည်။
မြတန်းဆောင်းဆရာတော်နှင့် ဦးဆောင်ကျင်းပသူ ခိုင်နီမင်းတို့ကို မြောက်ဦးရဲစခန်းမှ လာရောက်ဖမ်းဆီးပြီး စစ်တွေ အမှတ် ၁ ရဲစခန်းသို့ ပို့ဆောင်ဖမ်းဆီးခဲ့ကြောင်း သိရသည်။
ဆရာတော်နှင့် ခိုင်နီမင်းတို့အား တရားလိုပြုလုပ်သည့် မြောက်ဦးမြို့ ၅၄၀ တပ်ရင်းမှ ဗိုလ်မှုးဦးဝင်းကျော်မှာ မြောက်ဦးမြို့ လက်ကောက်ဈေးရပ်ကွက်မှ ရခိုင်လူမျိုး ဗိုလ်မှူးတစ်ဦးဖြစ်ပြီး အထက်အမိန့်အရ ယခုကဲ့သို့ တရားစွဲဆိုခြင်းဖြစ်နိုင်ကြောင်း ဒေသခံများက သုံးသပ်ပြောကြားသည်။

မြတန်းဆောင်ဆရာတော် ဦးနန္ဒသာရနှင့် ကိုခိုင်နီမင်းတို့ကို မြောက်ဦးရဲစခန်းမှ ပ ၄၄/၂၀၁၇ ၊ မတရားအသင်း အက်ဥပဒေ ပုဒ်မ ၁၇(၁)ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဘာရည်ရွယ်ချက်မှမပါ ဗဟုသုတ အနေဖြင့် တင်ပေးခြင်း ဖြစ်ပါတယ်။

Video: Lo Ri
ရခိုင်ဘုန်းကြီးနှင့် မြန်မာရဲတို့ ပဋိပက္ခရုပ်သံ ထွက်ပေါ် (ရုပ်သံ)
Reviewed by Unknown
on
4:38 AM
Rating:
Reviewed by Unknown
on
4:38 AM
Rating:

Post a Comment