လေပြင်းတိုက်ခတ်မှုကြောင့် လပွတ္တာမြို့နယ်မှာ အိမ်(၂၉)လုံးပြိုကျပျက်စီး
လ ပွ တ္တာ မြို့ ည နေ ပိုင်း မြစ် ရေ ကျ နေ ရာ မှ ၁ ပေ ခန့် ပြန်လည်မြင့် တက် သင်္ဘော ဆိပ် များ လည်း ပျက် စီး နေ ပါ တယ်။ ဓါတ်ပုံများ - Heart Laputta
ဧပြီလ(၁၅)ရက်ညပိုင်းကဖြစ်ပွားခဲ့တဲ့လေပြင်းတိုက်ခတ်မှုကြောင့် လပွတ္တာမြို့နယ် ဓနိဆိပ်ကျေးရွာအုပ်စု ပိန္နဲကုန်းကျေးရွာမှာ ဓနိမိုးထရံကာ နေအိမ်(၂၈)လုံးနဲ့ ပျဉ်ထောင်၊သွပ်မိုးအိမ်(၁)လုံး စုစုပေါင်း(၂၉)လုံး ပြိုကျပျက်စီးသွားခဲ့တယ်လို့ လပွတ္တာမြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနကနေသိရပါတယ်။

အဲဒါအပြင် သွပ်မိုး၊ပျဉ်ထောင်အိမ်(၃)လုံးနဲ့ ဓနိမိုးအိမ်(၁၃)လုံး စုစုပေါင်း(၁၆)လုံး အမိုးလန်ပျက်စီးခဲ့ပြီး လူ၊တိရစ္ဆာန်သေဆုံးမှုမရှိဘဲ လူ(၃)ဦးကတော့ ထိခိုက်ဒဏ်ရာအနည်းငယ် ရရှိခဲ့တယ်လို့သိရပါတယ်။ လေဘေးသင့်ခဲ့တဲ့ အိမ်ထောင်စု(၅၁)စုက လူဦးရေစုစုပေါင်းအယောက်(၂၀၀)ကျော်ကို နီးစပ်ရာ ဆွေမျိုးတွေရဲ့နေအိမ်မှာ စောင့်ရှောက်ထားရှိပေးထားတယ်လို့ သိရပါတယ်။
လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်ပျက်ဆီးခဲ့တဲ့ အိမ်ခြေ(၂၉)လုံး အိမ်ထောင်စု(၃၂)စုကို ပြင်စလူမြို့ဆေးရုံရှယ်တာမှာ ထားရှိတဲ့ ကယ်ဆယ်ရေးပစ္စည်း(၉)မျိုးနဲ့ အမိုးလန်ပျက်ဆီးခဲ့တဲ့ အိမ်ခြေ(၁၆)လုံး အိမ်ထောင်စု(၁၉)စုတို့ကို ကယ်ဆယ်ရေးပစ္စည်း(၄)မျိုးထောက်ပံ့ပေးနိုင်ဖို့အတွက်ကိုလည်း ခရိုင်လူ/ကယ်ပြန်နဲ့ ညှိနှိုင်းဆောင်ရွက်နေတဲ့အပြင် ပျက်စီးဆုံးရှုံးမှုနဲ့ ထိခိုက်မှုစာရင်း အသေးစိတ်ရရှိဖို့ကိုလည်း ဆက်လက်ကောက်ခံနေတယ်လို့သိရပါတယ်။ ဒီသတင်းကို Central News Bureau ကပေးပို့တာဖြစ်ပါတယ်။
Central News Bureau
https://www.facebook.com/skynetcnb/
Central News Bureau
https://www.facebook.com/skynetcnb/
လေပြင်းတိုက်ခတ်မှုကြောင့် လပွတ္တာမြို့နယ်မှာ အိမ်(၂၉)လုံးပြိုကျပျက်စီး
Reviewed by Unknown
on
8:43 AM
Rating:
Reviewed by Unknown
on
8:43 AM
Rating:

Post a Comment