လင်မယားချင်းစကားများရာမှ ဓားဖြင့်ထိုးရာဇနီးသေဆုံး
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် မိုးညိုမြို့နယ် ရေကင်းအုပ်စု မြောက်ရွာတွင် ဧပြီ ၁၁ ရက် နံနက် ၈ နာရီ ၅ မိနစ် အချိန်က လင်မယားချင်းစကားများရာမှ ဓားထိုးမှုဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ မိုးညိုမြို့နယ် ရေကင်းအုပ်စု မြောက်ရွာနေ ဦးခင်မောင်ဝင်းသည် နံနက် ၈ နာရီခန့်တွင် သွားရောက်ပြီး သ မီးဖြစ်သူအား ခေါ်ရာနေအိမ်တံခါးမှာ ပိတ်လျက်ရှိသည်ကိုတွေ့ရ၍ အသံမကြားသဖြင့်တံခါးဖွင့်ပြီး အိမ်ထဲသို့ဝင်ရော က်ကာ အိမ်ပေါ်သို့တက်ကြည့်စဉ် နေအိမ်ရှေ့ခန်းခြင်ထောင်ထောင်လျက် အိပ်နေသောသမီးဖြစ်သူအားတွေ့ရ၍ လှုပ်နှိုးကြည့်ရာခေါ်မရသဖြင့် ပတ်ဝန်းကျင်အားအော်ဟစ် အကူ
အညီတောင်းခံခဲ့သည်။ဝိုင်းဝန်းကြည့်ရှုရာသမီးဖြစ်သူ မစန်းဝင်းမော်မှာအိပ်ယာထဲတွင် ဝဲဘက်နို့အုံအနီး၌ တစ်လက်မခန့်ပြတ်ရှထိုးသွင်း ဒဏ်ရာ တစ်ချက်၊ ကျောကုန်းယာဘက်လက်ဖျံအနီး၌ ပြတ်ရှထိုးသွင်းဒဏ်ရာ တစ်ချက်တို့အားတွေ့ရ၍ သမီးဖြစ်သူအားသတ် သွားသူ နိုင်လင်းအောင်အား ဥပဒေအရအရေးယူပေးပါရန် ဖခင်ဖြစ်သူမှတရားလိုပြုလုပ်တိုင်တန်းခဲ့သည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ မေးမြန်းရာ တရားခံနိုင်လင်းအောင် (၃၂ နှစ်) ကျဘမ်းလုပ်သူနှင့် ကျူးလွန်ခံရသူ မစန်းဝင်းမော် (၃ဝ နှစ်) ကျဘမ်းလုပ်သူတို့သည် လင်မယားချင်းစကားများရန်ဖြစ်ရာ နိုင်လင်းအောင်မှဓားဖြ င့်ထိုးသတ်ခဲ့ကြောင်း သိ ရသည်။
မိုးညိုမြို့နယ်ရဲတပ်ဖွဲ့မှူးမှ ရဲတပ်ဖွဲ့ဝင်များနှင့်အတူ အခင်းဖြစ်နေရာသို့သွားရောက်ပြီး တရားခံဖမ်းဆီးရမိရေးအတွက် ရေ ကင်းနယ်မြေရဲစခန်းအဖွဲ့ ၊ ရေကင်း အုပ်ချုပ်ရေးအဖွဲ့များနှင့်ပူးပေါင်း၍ တရားခံထွက်ပြေး တိမ်းရှောင်နိုင်သည့်နေရာ များသို့ လိုက်လံပိတ်ဆို့ဖမ်းဆီး လျက်ရှိပြီး အမှုအားရေကင်းနယ်မြေရဲစခန်း (ပ)၉/၂ဝ၁၇ ရာဇသတ်ကြီး ပုဒ်မ-၃ဝ၂ ဖြင့် အမှုဖွင့်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)
MML
MML
လင်မယားချင်းစကားများရာမှ ဓားဖြင့်ထိုးရာဇနီးသေဆုံး
Reviewed by Unknown
on
8:09 AM
Rating:
Reviewed by Unknown
on
8:09 AM
Rating:


Post a Comment